ယိုးဒယား ၂

စနေညနေဖက်မှာတော့ ဘန်ကောက်ကို ရောက်ပါတယ်။ လူကလဲ စားစရာဘာဆိုဘာမှ မကျွေးတဲ့ လေယာဉ်ပေါ်ကဆင်းလာတာဆိုတော့ ဆာလောင်မွတ်သိပ်နေပြီး နွမ်းဖတ်ဖတ်သာ ကျန်ပါတော့တယ်။ ရောက်တာနဲ့ လဝက ဖြတ်ပြီးတာနဲ့ မင်္ဂလာ သတို့သားကို ဖုန်းလှမ်းဆက်ရပါတယ်၊ ခမြာမယ် ၁၅ မိနစ်အတွင်း အရောက်လာရှာပါတယ်။ တကယ်မှာဆို နေ့လည် ၁၂ ကျော်ကျော်လောက်ကထည်းက ရောက်နေရမယ့် အဖွဲ့ဟာ ညနေ ၅နာရီကျော်မှ ရောက်တယ်ဆိုတော့ သူ့ခမြာမယ်လဲ ပြင်ရဆင်ရကြားကနေ ပြေးလာကြိုရှာပါတယ်။ လေဆိပ်ကနေ ဘာမှန်းမသိတဲ့ လမ်းမကြီးတွေဖြတ်ပြီ ဘာတွေရေးထားမှန်းမသိတဲ့ ဆိုင်ပေါင်းများစွာရဲ့ ဆိုင်းဘုတ်တွေကြည့်ကာ အင်မတန် နာမည်ကြီးလှတဲ့ ဘန်ကောက်ကို ရောက်ခဲ့ပါတယ်။

ဟိုမှာတွေ့ခဲ့ရတဲ့ ညနေခင်း နေလုံးဟာ အရောင်တော်တော်လှပါတယ်။ သို့သော်လည်း ကားပေါ်ကဖြစ်နေတာရယ် အကွက်အကွင်း ကောင်းကောင်းမရတာရယ်နဲ့ဘဲ အခုလောက်ပုံလေး တစ်ပုံလောက်ဘဲ ရခဲ့ပါတယ်။ ရောက်ရောက်ချင်း ရန်ကုန်ကို သိပ်သတိရမိပါတယ်။ လမ်းပေါ်က ဓါတ်ကြိုးများ၊ ဆိုင်တွေဖွဲ့စည်းပုံ၊ အဆောက်အဦပုံစံ စတာတွေဟာ ရန်ကုန်အတိုင်းပါဘဲ။ မတူတာကတော့ လမ်းတွေသိပ်ကောင်းတာရယ်၊ နေရာတိုင်းမှာ တယ်လီဖုန်းရုံလေးတွေရှိတာနဲ့ ကားတွေသိပ်များတာ၊ ပိုပြီးကောင်းတာတွေပါဘဲ။
သတို့သားက သူ့မင်္ဂလာဆောင်ကို လာတဲ့လူတွေဖြစ်လို့ မင်္ဂလာဆောင် အခမ်းအနားနဲ့ နီးနီးမှာ ထားတာကြောင့် ကျွန်တော်တို့ဟာ မြို့လည်နဲ့ဝေးတဲ့ နေရာမှာ တည်းခိုခဲ့ရပါတယ်။ Don Muang Airport ဆိုတာနဲ့ မနီးမဝေးအရပ်ဆိုတာကိုဘဲ သိရပါတယ်။ တည်းခိုရာမှာ အိပ်တွေ ချပြီးတဲ့ ကျွန်တော်တို့တွေဟာ စားမယ်ဝါးမယ်၊ အသားကုန်ဝယ်ပစ်မယ်ဆိုပြီး Calculator တပြင်ပြင်လုပ်နေတဲ့သူကလုပ်၊ ပါးစပ်နပြင်ပြင်လုပ်နေတဲ့လူကလုပ်နဲ့ နောက်ဆုံးတော့ မြို့လယ်ပိုင်းနားဖြစ်တဲ့ ပါရဂွန် ပလာဇာတဝိုက်မှာ စားကြသောက်ကြဖို့ ထွက်ခဲ့ကြပါတယ်။

ဆာလောင်နေတဲ့ လူတွေဟာ ကင်မရာခလုပ်တွေကို မေ့လျော့စေပါတယ်။ ဝမ်းနည်းပါတယ်၊ ရောက်တဲ့ညက ဘာမှ မရိုက်နိုင်ခဲ့ပါဘူး။ လူများလို့ ကားနှစ်စီးခွဲငှားပေးလိုက်ပေမယ့် ပါရဂွန်နားရောက်တော့ ရှေ့ကားဘယ်နားရပ်သွားမှန်း မသိကြတဲ့ ကျွန်တော်တို့ဟာ နှစ်ဖွဲ့ကွဲသွားပြီး စည်စည်ကားကား မဖြစ်တော့ဘဲ ကျွန်တော်ပါတဲ့ အဖွဲ့က စားသောက်ပြီးတာနဲ့ အိပ်ဖို့ပြန်ကြပါတော့တယ်။ နောက်တစ်နေ့ မနက်မှာ မင်္ဂလာဆောင်ပွဲ ဆင်ရင်နွဲမှာမို့ သတို့သားက မနက် ၅နာရီမှာ ကားအကြိုလွှတ်ပါမယ် မှာလိုက်တာကြောင့် အိပ်တာကောင်းပါတယ်လေ ဆိုပြီး တည်းခိုရာကို ပြန်လာကြပါတယ်။

ဆက်ပါဦးမယ် …
URL တွေကို /?p=1035 လိုဟာတွေ လုပ်ပါနဲ့တော့ဗျ date/post name လိုဟာတွေ လုပ်ထားပါဗျ အဲဒါမှ URL မှာပါတယ်ဆိုပြီး Search Engine မှာရှာရင် Rank မြင့်မှာ
ဟင် အဲဂလိုလား
အိုးဒါးပို့စ် ဆိုတာ ဘယ်ပျောက်သွားပါလိမ့် =-O
အပိုင်း ၂ လာဖတ်တယ်ရှင်
ခရီးသွားမှတ်တမ်းလေး လာဖတ်ပါတယ်…
ဘန်ကောက်က အလည်နဲ့ ဈေးဝယ်၊ အစားအသောက်တွေ အတွက်တော့ တကယ်ကောင်းတဲ့ နေရာပါပဲ…း))
ခရီးသွားမှတ်မတမ်းကို မကလစ်ခင်. ကဘယ်ဘက်က ခရီးသွားမှတ်တမ်းကို ကလစ်တယ်။ကွန်မက်တွေကိုကလစ်တယ်မရဘူး ခေါင်းစဉ်ကိုကလစိလိုက်မှဘဲကွန်မက်ပေးလို့ရောတ့တယ။်
မွေ့ယာကြီးသဘောကျသည်။ ရိုးရိုးတွေးပါ
ပုံ
ကွင်းဖြင့်အိပ်နေသူkom
ခမမ အံကြိတ်တာလဲ မွေ့ယာကြီးကြောင့်ဖြစ်မယ်။
ကိုကြီး ဒီဘီ အပိုင်း ၂ ဆက်ဖတ်ပါတယ်။ မွေ့ယာကြီး က မိုက်တယ်။။။။