နိဗ္ဗာန် အကျိုးမျှော်၍ နှိုးဆော်ရပါသည်
ဗုဒ္ဓဂယာ သုခါယာမ ကျောင်းတိုက်၌ ပုရိမ ဝါကပ်တော်မူကြသော သံဃာတော် အရှင်မြတ်များအား ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာနှင့်အညီ နှစ်စဉ်ကျင်းပမြဲဖြစ်သော စတုတ္ထအကြိမ်မြောက် စုပေါင်းကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပူဇော်ပွဲကို ကျင်းပမည်ဖြစ်ပါသဖြင့် အောက်ပါ အစီအစဉ်အတိုင်း ကြွရောက်ပူဇော် ကြည်ညိုဆက်ကပ်လှူဒါန်း၍ ကထိန်အနုမောဒနာတရားများ နာယူနိုင်ကြပါသည်။
နှစ်စဉ်နှစ်တိုင်း ကျောင်းတိုက်တည်ရှိရာ ကျောင်းဝင်းတွင်းတွင် စီစဉ်ကျင်းပမြဲဖြစ်သော်လည်း ယခုနှစ်တွင်တော့ နေရာထိုင်ခင်း ကျယ်ပြန့်၍ သွားရလာရလွယ်ကူသော ဂျိုရောင်းအရှေ့အရပ်ရှိ (Jurong East)၊ Informatics ကျောင်းဝင်းအတွင်းတွင် စီစဉ်ကျင်းပမည်ဖြစ်ပါသည်။
စုပေါင်းကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို မြန်မာသက္ကရာဇ် ၁၃၇၁ ခု တန်ဆောင်မုန်းလပြည့်နေ့၊ ၁-၁၁-၂၀၀၉ (တနင်္ဂနွေနေ့) တွင် နံနက်(၉)နာရီမှ နေ့လည်(၂) နာရီအထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ ကထိန်အနုမောဒနာ ရေစက်ချတရားကို နံနက်(၁၀)နာရီတွင် စီစဉ်ကျင်းပမည် ဖြစ်ပါသည်။

လှူဒါန်းဖွယ်ရာ အစုစုတို့ကိုလည်း အောက်ပါဖိတ်စာပါ အတိုင်း ကြည်ညိုပူဇော် ဆက်ကပ်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါပေသည်။

သာဓုသာဓုသာဓု
MrDBA said…
1. What is your name : မ်ိဳး
2. A four Letter Word : မျောက်ရှုံးအောင်ဆော့
3. A boy’s Name : မြကြီး
4. A girl’s Name : မေရှင်
5. An occupation : မျိုးဆက်ခြားရေး ပညာပေး
6. A color : မီးခိုး
7. Something you’ll wear : မျက်မှန်
8. A food : မုန့်ဟင်းခါး
9. Something found in the bathroom : မှန်
10. A place : မြောက်ဦး
11. A reason for being late : မီးရထားပေါ်တက်မရလို့ပါ။
12. Something you’d shout : မြတ်စွာဘုရား!!
13. A movie title : မောင်တို့ချယ်ရီမြေ
14. Something you drink : မုန့်လက်ဆောင်း
15. A musical group : မဇ္ဇျိမလှိုင်း
16. An animal : မျောက်
17. A street name : မြောင်းမြလမ်း
18. A type of car : မာဇဒါဘီ ၆၀၀ (အရင်ကတော့ လေးဘီးကားလို့ ခေါ်သဗျ)
19. The title of a song : မြို့ပြညများ (ထူးအိမ်သင်)
20. A verb : မြင်
Friday, October 09, 200
make me smile
အရီးလာမှဘဲ ကွန်မန့်ရတော့တယ် ..
နံမည်က MrDBA ဆိုပြီး မျိုးလို့စထားတော့ ကိုယ့်အတင်းများ တုပ်ထားလားလို့… ဟီး
ဟမ် ဒါကပို့စ်မှ မဟုတ်ပဲ မှားပြီး ကော်မန့်ပေးမိတယ်.. ဆောဒီး
ရောက်ပါတယ်ဗျာ