နိဗ္ဗာန် အကျိုးမျှော်၍ နှိုးဆော်ရပါတယ်

စင်ကာပူနိုင်ငံ ဗုဒ္ဓဂယာ သုခါရာမကျောင်း (ဘွန်လေး ဘုန်းကြီးကျောင်း) တွင် နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်လျက်ရှိသော ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို စတုတ္ထအကြိမ်မြောက်အဖြစ် ဝါဆိုလပြည့်ကျော်(၆)ရက် ၁၂-၇-၂၀၀၉ (တနင်္ဂနွေနေ့)တွင် ကျင်းပပြုလုပ်သွားမှာ ဖြစ်တဲ့အတွက် သဒ္ဓါကြည်လင် ပါရမီ့ရှင်များ ဝါဆိုသင်္ကန်းများ ကြည်ညိုဆက်ကပ်လှူဒါန်းနိုင်ရန်နှင့် ဝါဆိုသင်္ကန်းအနုမောဒနာတရားများ နာယူနိုင်ကြစေရန်အတွက် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါတယ် ခင်ဗျား။

အခမ်းအနား အစီအစဉ်ကိုတော့ မနက်တစ်ကြိမ် ညနေတစ်ကြိမ်အနေနဲ့ နှစ်ကြိမ်ခွဲပြီး ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ မနက်ပိုင်း အခမ်းအနားမှာတော့ နေ့လည်(၁)နာရီမှာ ရေစက်ချ တရားနာနိုင်မှာဖြစ်ပြီးတော့ ညနေပိုင်း အစီအစဉ်အနေဖြင့် ညနေ(၅)နာရီတွင် ရေစက်ချတရား နာယူနိုင်မှာဖြစ်ပါတယ်။

မနက်ပိုင်းအစီအစဉ်တွင် ဓမ္မမိတ်ဆွေများ စုပေါင်းပြီး သံဃာတော်များအား နေ့ဆွမ်းဖြင့် ဆက်ကပ်လှူဒါန်းကြမှာ ဖြစ်ပြီးတော့ ကြွရောက်လာကြကုန်သော ဓမ္မမိတ်ဆွေများကို ဒံပေါက်ဖြင့် ဧည့်ခံကျွေးမွေးသွားမှာ ဖြစ်ပါတယ်။ ညနေပိုင်း အစီအစဉ်မှာတော့ ကြွရောက်လာတဲ့ ပရိတ်သတ်များကို ရခိုင်မုန့်တီဖြင့် ဧည့်ခံကျွေးမွေးသွားမှာ ဖြစ်ပါတယ်။

ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းလိုသူများ အနေနဲ့ အောက်ပါ လှူဒါန်းဖွယ်ရာများနဲ့ ကြည်ညိုဆက်ကပ် လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန် အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါတယ် ခင်ဗျား။

အလှူတော် မင်္ဂလာ ဖိတ်စာကိုတော့ ဒီနေရာမှ ဒေါင်းလုဒ်လုပ်ယူ ကြည့်ရှုနိုင်ကြပါတယ်။


283 views

22 Responses to နိဗ္ဗာန် အကျိုးမျှော်၍ နှိုးဆော်ရပါတယ်

  1. Boyz says:

    ခုနက ပျောက်သွားတယ်။ ပျောက်သွားတာကို မန့်လိုက်တယ်။
    ခု ပြန်ပေါ်တာ နောက်တစ်ခါ လာမန့်တယ်။
    ကျေးဇူးတင်ပါတယ်။

  2. nyimuyar says:

    thar du thar du thar du, thanks for your information

  3. MrDBA says:

    အဟီး .. publish လဲလုပ်လိုက်ရော error ဖြစ်ပြီး ခေါင်းစဉ်ဘဲပေါ်ပြီး စာကိုယ်တွေ ပျောက်သွားလို့ အစကနေပြန်ရိုက်ရပါရောလား။ အဲဒါကြောင့် ခဏ ပြန်ပိတ်ထားလိုက်တာ။ နောက်တစ်ခေါက်ပြန်လာလို့ ကျေးဇူး။ ဒံပေါက်သွားစားလိုက်ဦး အဲလေ သင်္ကန်းသွားကပ်နိုင်ပါတယ်လို့ .. :-P

  4. kaungkinpyar says:

    နိဗ္ဗန်ဆော်ကြီး သာဓု၊ သာဓု ၊သာဓုပါ

  5. MrDBA says:

    နိဗ္ဗာန်ဘဲကြီး ဆိုသိပ်ကောင်းမှာ။ ပြောင်းခေါ်ပေးပါလား ငှင်။

  6. မေဇင် says:

    လှုဦးမှာ….မနှစ်ကလဲ လှုတယ်….ဘွန်လေး ကျောင်းတော့ တစ်ခါမှ မရောက်ဖူးသေးပါရှင်….။

  7.ုkom says:

    သာဓု .သာဓု သာဓု

  8. Thant says:

    နိဗ္ဗန်ဆော်ကြီး ကျေးဇူးပါ ။ လှူဖြစ်အောင် လှူပါမယ် ။ တစ်ခေါက်မှ မရောက်ဘူးလို့ ရောက်အောင်လဲသွားပါမယ် ။ သာဓု သာဓု သာဓု…….

  9. avocado says:

    သာဓု သာဓု သာဓု အင်း အဲဒီနေ့သွားရင် Mr. DBA ကိုရှာဦးမှ :-D တွေ့ဖူးတယ်ရှိအောင်

  10. MrDBA says:

    တွေ့မှာပါ ပစ်မလွဲကြီးဆိုတြော့

  11. MrDBA says:

    တွေ့မှာပါ ပစ်မလွဲကြီးဆိုတော့

  12. နွေးနေခြည် says:

    ဟီးးဟီးးး သူတောင် mask တပ်လိုက်ပြီ =-X
    Work from home period ရောက်တော့မယ် ထင်ပါ့းP ဟေးးးဟေးးး

  13. MrDBA says:

    ဘလော့လည်တော့ ဟိုရောက်ဒီရောက်ဆိုတော့ သေချာအောင် mask တပ်ထားလိုက်ရတယ်ဗျာ။ =-X =-X

  14. နွေးနေခြည် says:

    အဲဒီအရုပ် သဘောကျ ထှာ ကူးသွားပြီ ;)

  15. MrDBA says:

    ဟင် အဲလိုလုပ်နဲ့လေ ..အဲဒါ သားအရုပ် Trade Mark.
    အဲလိုအရုပ်လုပ်ချင်ရင် http://www.sp-studio.de/ ဒီမှာ စိတ်ကြိုက်လုပ်လို့ရတယ်ဗျ။ စိတ်ကြိုက်ပုံသာ လုပ်ပေရော့။ သားဟာတော့ ပြန်ပေး။ >:o

  16. နွေးနေခြည် says:

    သားရယ် တကယ်မယူပါဘူး … စတာပါ (ကန်တော့ ကန်တော့)

  17. avocado says:

    ပစ်မလွဲကြီးဆိုတော့ ခပ်၀၀ကြီးပေါ့နော် … ထောပတ်သီးလည်းဘလော့ခ်လည်နေတာဆိုတော့ mask လေးတပ်ဦးမှ =-X :)

  18. avocado says:

    နောင့်သွားမှာလား ?

  19. မသက်ဇင် says:

    သာဓုခေါ်ရင်း ကြွေးကျန်စာတွေလာဖတ်သွားပါတယ်
    ခင်မင်လျက်

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Random Pages created by Best Accounting Services
  • RSS
  • Twitter
  • Facebook