LUNCH@NYP

နေ့လည်စာ စားကြပြီဆိုရင် ဘယ်မှာသွားစားကြမလဲ စဉ်းစားရတာ အလုပ်တစ်ခုပါ။ ရန်ကုန်မှာတုန်းကဘဲ ကောင်းပါတယ်။ ထမင်းဗူးပါတယ်ဆိုတော့ ကင်တန်းသွားထိုင်ပြီး ကိုယ့်အထုပ်ကိုယ် ဖြေစားရုံဘဲ။ ထမင်းဗူးမပါဘူးဆိုလဲ ရွေးစရာမရှိဘူး ဆိုင်မှာရောင်းတဲ့ အစားအသောက်ဘဲ မှာစားလိုက်ရုံပါဘဲ။ ရောင်းတာကလဲ များများစားစားမရှိပါဘူး။ ကြက်သား၊ ဝက်သား၊ ကြက်ဥချဉ်ရည်၊ ကြက်ဥကြော်၊ ထမင်းကြော်၊ ကြာဇံကြော်၊ ခေါက်ဆွဲကြော် စတဲ့ အလွယ်စားစရာတွေပါဘဲ။ နောက်ပိုင်း စာစစ်ရုံးကို လှိုင်ကျောင်းဝင်းထဲ ရွေ့လိုက်တော့ စားသောက်ဆိုင်တွေ ရောက်လာတယ်။ ဆိုင်ကြီးကြီးမားမားတွေ မဟုတ်ပါဘူး။ လဘက်ရည်ဆိုင်မှာ တွဲရောင်းတဲ့သဘောရောင်းကြတာပါ။ စားလို့ကောင်းတာတွေက အာလူးထမင်း၊ လဘက်ထမင်း၊ ပဲထမင်း စတာတွေပါဘဲ။ အားလူးထမင်းကတော့ တော်တော်ကောင်းတဲ့ အထဲမှာပါတယ်။ ကျွန်တော်တို့ထဲကလူတွေ အာလူးထမင်းများစားရင် အပြောခံရတာ တစ်ခုရှိပါတယ်။ အာလူးစားပြီး နှာဘူးစကားမပြောနဲ့ ဆိုတာပါဘဲ။

ဒီရောက်တော့ ပထမလုပ်တဲ့ အလုပ်မှာက ရွေးစရာသိပ်မရှိပါဘူး။ နောက်ပြီးတော့ ကုပ္မဏီမှာ ထမင်းထွက်စားတာက ကိုယ်တို့ဗမာနှစ်ယောက်ထဲ ရှိတာဆိုတော့ သိပ်ရှည်ရှည်ဝေးဝေး မသွားကြဘဲ ရုံးနားက ဆိုင်လေးဆိုင်ရှိတဲ့ ဟော်ကာသေးသေးလေးမှာ စားကြတယ်။ Mixed Rice ရယ်၊ ငါးစွပ်ပြုတ်ရယ်၊ အနောက်တိုင်း အစားအစာရယ် မလေးဆိုင်ရယ် လေးဆိုင်ထဲရှိတာပါ။ ကျွန်တော်တို့နှစ်ယောက်က မျှမျှတတဖြစ်အောင်ဆိုပြီး လေးဆိုင်ကို တစ်လှည့်စီ စားကြပါတယ်။

ဒုတိယအလုပ်ရောက်တော့ မြို့လည်ခေါင်မှာ လုပ်ရတာဖြစ်တဲ့အတွက် ရွေးချယ်စရာ တော်တော်များပါတယ်။ အလုပ်မှာလဲ ထမင်းစားထွက်တဲ့အခါ အဖွဲ့လိုက်ထွက်ကြတာဆိုတော့ ဒီကလူတွေထုံးစံအတိုင်း တစ်နေ့တစ်နေ့ မရိုးအောင်ဆိုပြီးတော့ ဆိုင်တွေလှည့်ပြောင်းပြီး စားကြပါတယ်။ စီးတီးဟောနဲ့ ဘူးဂစ်တစ်ဝိုက်မှာ တော်တော်လှည့်လည် စားသောက်ခဲ့တာပေါ့။ မြို့လည်ကဆိုင်တွေမှာ စားရတာဆိုတော့ တစ်နေ့တစ်နေ့ နေ့လည်စာဖိုး တော်တော်ကုန်ပါတယ်။ တစ်ခါတစ်လေ သူတို့က ထူးထူးဆန်းဆန်းစားချင်ကြတယ်ဆိုလို့ လိုက်စားရရင် တစ်ယောက်ကို $18/$20 ဖိုးလောက်တောင် ကုန်ပါတယ်။ သူတို့ကမစားခင်တော့ မေးကြပါသေးတယ်။ ငါတို့ဒီနေ့ ဘယ်ဆိုင်မှာ စားကြမလို့ ဈေးနှုန်းကတော့ ဒီလောက်ပတ်ဝန်းကျင်ရှိတယ် လိုက်မလားပေါ့။ ဟုတ်ကဲ့ ဗမာတွေဘဲ မငြင်းပါဘူး။ အိမ်ရောက်မှ ခေါက်ဆွဲပြုတ် သုံးလေးရက်လောက် ပြန်သောက်ချင်သောက်မယ် အညံ့တော့မခံပါဘူး။ လိုက်စားတာပါဘဲ။

အခုလက်ရှိအလုပ်ရောက်တော့ မြို့ရဲ့မြောက်ဖက်မှာ စက်မှုဇုံထဲရောက်နေတာဆိုတော့ ရုံးကကင်တန်းမှာ စားလိုကစား မစားလိုရင်တော့ ရုံးကလူတွေ ကားနဲ့အပြင်ထွက်စားရင် လိုက်သွား၊ ဒါမျိုးဘဲရှိတယ်။ အနီးအနားမှာလဲ ကိုယ့်လိုရုံးတွေချည်းဘဲမို့ အစားအသောက်အတွက် နဲနဲခက်ပါတယ်။ ဟော်ကာစင်တာတစ်ခုတော့ ရှိတယ်။ ဒါပေမယ့် မရောက်ဖြစ်တာများပါတယ်။ အရင်ကတော့ ရုံးကလူတွေစုစုပြီး သူတို့ကားတွေနဲ့ အဖွဲ့လိုက် ဟိုဟိုဒီဒီသွားစားကြသေးတယ်။ နောက်တော့ တစ်ခါတစ်ခါလိုက်ရင် အပြင်မှာကြာနေတတ်တာရယ်၊ ရှိတဲ့ကားတွေမှာ လူတွေဆန့်အောင် စဉ်းစားစီစဉ်ရတာတွေရယ်ကို အားနာပြီးတော့ ကျွန်တော်အပါအဝင် လေးယောက်လောက်က အပြင်ကို ကားနဲ့ထွက်စားကြတာမှာ မလိုက်ဖြစ်တော့ပါဘူး။

အဲဒီတော့ နီးနီးနားနားမှာ စားစရာ ကိုယ့်ဘာသာရှာရတော့တယ်။ နေ့တိုင်းလဲ ရုံးကင်တန်းမှာချည်းဘဲ မစားနိုင်ဘူးလေ။ ကျွန်တော်တို့ ဘယ်လောက်အထိ ရှာရှာပေါက်ပေါက်သွားစားကြသလဲဆို ကျွန်တော်တို့အနားမှာ ရဲစခန်းတစ်ခုရှိတယ်။ အဲဒီရဲစခန်းထဲမှာလဲ ကင်တန်းအသေးလေးတစ်ခုရှိတယ်။ အဲဒီကိုလဲ ခပ်တည်တည်နဲ့ ရုံးကိစ္စရှိသလိုလိုနဲ့ ဝင်သွားပြီး ကင်တန်းမှာ ထိုင်စားဖူးတယ်။ ဈေးကတော့ အပြင်နဲ့မတူအောင်ကို ချိုသာပါတယ်။ နောက်တွေ့ရှိတာက လမ်းလေးနဲနဲထပ်လျှောက်လိုက်ရင် ရောက်တဲ့ NYP (Nanyang Poly)ပါ။ ကျွန်တော်တို့ရုံးမှာ TP ကနေ အလုပ်သင်လာဆင်းနေတဲ့ ကျောင်းသားလေးနှစ်ယောက်ရှိတယ်။ သူတို့ကပြောလို့ ကျောင်းကင်တန်းတွေမှာ ဈေးလဲချိုတယ် အစားအသောက်လဲကောင်းတယ် ဆိုတာနဲ့ ကျွန်တော်တို့ ချီတက်သွားကြတယ်။

ကျောင်းမှာရောင်းတာဆိုတော့ သိကြတဲ့အတိုင်း ဈေးကတော့ တော်တော်ချိုသာပါတယ်။ သဘောကျစရာကောင်းတာက အပြင်ကနာမည်ကြီးဆိုင်တွေကလဲ ဆိုင်ခွဲတွေလာဖွင့်ပေးကြသလို အပြင်မှာနေ့စဉ်ရောင်းတဲ့ အစားအသောက်မျိုးစုံကိုလဲ ရအောင်စီစဉ်ထားတာပါဘဲ။ ကျောင်းသားတွေကြားထဲ သွားစားတာဆိုတော့ ကိုယ်တွေအဖွဲ့က လူကြီးတွေလိုဖြစ်လို့ ဆရာတွေနဲ့ အထင်မှားမှားပြီး အမြဲအရိုအသေပေးလဲ ခံရတတ်ပါသေးတယ်။ နောက်ပြီးတော့ ထိုင်စရာနေရာမရှိရင်လဲ ကျွန်တော်တို့က ခပ်တည်တည်နဲ့ ဆရာ/ဆရာမများသာ ဆိုတဲ့ခုံတွေမှာ သွားထိုင်ကြပါတယ်။ တစ်ခါသား ဟန်ကြချင်တော့ ဆရာမတွေချည်းဘဲထိုင်တဲ့ စားပွဲနဲ့နီးနီးသွားကြတယ်။ ဆရာမဆိုတာကလဲ ငယ်သေးတော့ ရွယ်တူလေးတွေ စုလိုက်ရင် ကျောင်းသူတွေလိုပြန်ဖြစ်ကြတာ မဟုတ်လား။ သူတို့လဲ ကျောင်းသားတွေကြားထဲမှာ ရုပ်တည်ကြီးတွေနဲ့ နေခဲ့သမျှ ဆိုင်ရောက်မှ ပေါက်ကွဲရတယ်ထင်ပါတယ်။ တဟီးဟီး တဟားဟားဖြစ်နေတာပါဘဲ။ ကျွန်တော်တို့ကိုလဲ မျက်နှာသစ်မှန်းသိပုံရပါတယ်။

ဒါကတော့ ကျွန်တော့်ရဲ့ All Time Favourite ဂျပန်စာပါ။ အပြင်မှာစားရင် $5 အထက်မှာပေးရမှာဖြစ်ပေမယ့် ဒီမှာတော့ $3.5ပါ။ တခြားအပိုလေးတွေထပ်ထည့်မှဘဲ ပိုပေးရပါတယ်။ အခုလို Set အကြီးတွေမစားဘဲနဲ့ တခြား set လေးတွေလဲ ပြင်ပေးထားတာရှိပါတယ်။ ခေါက်ဆွဲပြုတ်လိုဟာမျိုးတွေပေါ။ အဲဒါများစားရင်တော့ $2 လောက်ဆိုရနေပါပြီ။ တနေ့ကတော့ Yishun မှာ ဂျပန်စာသွားစားတာ အနဲဆုံး $5ကနေစပါတယ်။ ကဲဒီမှာ မသက်သာဘူးလား။ ဈေးအကြီးဆုံးဆိုလို့ McDonald ကရောင်းတာဘဲရှိတယ်။ သူတောင်များတယ်ဆိုပေမယ့် $4.5/set ပါ။ အပြင်မှာတော့ နေ့လည် ထမင်းစားချိန်မှာဘဲ ရောင်းပေးတယ်ထင်တယ်။ ကျောင်းသားတွေကို မြင်ရတာ ကျွန်တော်တို့ ကျောင်းသားဘဝကို ပြန်သတိရစေပါတယ်။ စားတာသောက်တာတွေကလဲ ကိုယ့်ရတဲ့ငွေကလေးနဲ့ မျှတစားရတယ်ထင်ပါတယ် သူတို့စားတာတွေကြည့်ပြီး ကိုယ့်မှာအလိုလို အားနာရတယ်။ ကလေးများကတော့ ဒီမှာမှမဟုတ်ပါဘူး ကိုယ့်ဆီမှာလဲ အစားအသောက်ဆို နဲနဲစားပြီး တစ်ခြားဟာတွေမှာ များများပိုသုံးချင်နေကြတာများပါတယ်။ ကိုကိုပီအမ်ဆိုကြည့်ပါလား။ မစားမသောက်ဘဲ ကင်မရာကြီး ဝယ်ပစ်လိုက်တယ်။ မခက်ပေဘူးလား။ ဒါပေမယ့် ရုပ်ကလေးကရှိတော့ ကျွေးချင်မွေးချင်သူတွေက ဝိုင်းဝိုင်းလည်နေလို့ တော်သေးတာပလေ။ နောက်ပြီး ကင်မရာကြီးလဲ ရှိတော့ မွေးနေ့လား အထိမ်းအမှတ်လား ဘာလာလာ အခမဲ့လိုက်ရိုက်ပေးတော့တာဘဲ။

 

ကဲစာတွေ ခဏနားလို့ ပုံလေးတွေ ရှုစားကြပါဦး။ 

ရောက်တုန်းရောက်ခိုက် ရိုက်လာတဲ့ ဓါတ်ပုံလေးတွေ ကြည့်သွားပါဦး။ တကယ်ဆိုရင် ကျွန်တော်တို့ရုံးက ကင်မရာပါတဲ့ဖုံးတွေ ယူခွင့်မရှိပါဘူး။ အဲဒီနေ့က ကျောင်းသားတစ်ယောက်က သူ့ကင်မရာဖုံးလေး ယူလာလို့ ရိုက်လို့ရသွားတာပါ။ သူတို့ကျောင်းတွေမြင်ရင် ကျွန်တော်တို့ဆီကကျောင်းတွေ ဘယ်တော့များမှ ဒီလိုဖြစ်လိမ့်မယ်လို့ တွေးရင်းရင်မောရပါတယ်။ အပန်းဖြေစရာ ပန်းခြံရှိတယ်။ အလှကြည့်စရာ အလှမွေးငါးတွေရှိတယ်။ နောက်ပြီးတစ်ခုသတိထားမိတာက ဓါတ်လှေကားထဲမှာ ကင်မရာတတ်ထားပြီး ဓါတ်လှေခါးအပြင်မှာ တီဗွီတစ်လုံးနဲ့ ပြထားတာပါဘဲ။ ဓါတ်လှေကားထဲ ဘယ်သူပါသွားတယ် ဘာတွေလုပ်နေတယ်ဆိုတာ အပြင်ကလူတွေ အကုန်မြင်နေရတယ်။

ဒါက ပိုလီကျောင်းမို့လို့ ဒီလောက် အစားအစာကောင်းသေးတာ။ ရုံးကိစ္စနဲ့ အထက်တန်းကျောင်းတစ်ကျောင်းကို ခဏခဏသွားဖူးတယ်။ တစ်နေ့တော့ အဖော်ပါသူတစ်ယောက်က ဗိုက်ဆာတယ် ဆိုလာတာကြောင့် ကျောင်းကင်တန်းကို သွားကြပါတယ်။ အထက်တန်းကျောင်း ကင်တန်းကမှ ပိုပြီးကလေးဆန်သေးတယ်။ ကျွန်တော်တို့ ငယ်ငယ်က အထက်တန်းကျောင်းတွေက မုန့်ဆိုင်တန်းတွေလိုပါဘဲ။ စားစရာတွေကလဲ ခုထက်ကို ချိုသာသေးတယ်။ သူတို့ဆီမှာ အများဆုံးက $3တန်ဘဲ ရှိမယ်ထင်တယ်။ ဒါတောင်နော် စပါဂတ်တီတို့ ဂျပန်ဆူရှီတို့ ရသေးတယ်။ အထက်တန်းကျောင်းတွေမှာ ကျွန်တော်တို့ငယ်ငယ်ကလိုဘဲ ကျောင်းသူ ကျောင်းသားတွေက ပြန်ပြီးဈေးရောင်းကြတာရှိသေးတယ်။ လွယ်လွယ်ကူကူ ရေခဲမုန့်ရောင်းကြတာပါ။ ဘာရယ်မဟုတ်ပါဘူး ဒီရက်ပိုင်းက မြန်မာပြည်မှာ ကျောင်းဖွင့်ရာသီဆိုတော့ ကျောင်းသားဘဝကို သတိရသွားပြီး ဒီကကျောင်းဓလေ့စရိုက်ကလေးတွေ ပြောပြတာပါ။ (နားဦးမယ်ကွယ်။)


403 views

16 Responses to LUNCH@NYP

  1. လူပျိုကြီး says:

    စားမှာပဲ စားမှာပဲ ငါ့ကိုလာမတားနဲ့
    ကျွန်တော်လည်း ကျောင်းမှာဆိုအကုန်စား အပြင်မှာဆိုမစားဘူး ဈေးကြီးတယ် မတန်ဘူး။ :-D

  2. လူပျိုကြီး says:

    Reply ကအဆင့်မြင့်လွန်းလို့ ဖတ်လို့ကိုမရဘူး နှိပ်မိနှိပ်ရာတွေများ နှိပ်လိုက်သလားမသိ။

  3. Guest says:

    ဟုတ်တယ်။ကျောင်းမှာဆိုကော်ဖီ၁ခွက် ပြားလေးဆယ်။ထမင်းကို အသီးအရွက်၁မျိုးရယ်၊အသားရယ်ဆို ၁ကျပ်ခွဲ။dessertဆို Icekachang
    လား။ဘာဖျော်ရည်သောက်မလဲ အားလုံး၁ကျပ်။ပေါက်စီဆို big pauk မှ ပြား၉၀။ခေါက်ဆွဲပြုတ် ၂ကျပ်။ကြက်ဆီထမင်း၁ကျပ်ခွဲ။
    ၂၀၀၆ က NTU ကင်တင်းရဲ့ဈေးနှုန်းပါ။ကျောင်းကိုပြန်တောင်သတိရသွားပြီ။

  4. juneone says:

    အပေါ်က တို့ပါ။

  5.ုkom says:

    လာဖတ်သွားတယ် ကိုကိုဒီဘီ.

  6. တောင်ငူသား says:

    အဲဒီပန်းကန်ထဲက အကုန်ကုန်လား?
    (ကိုကိုဒီဘီပုံကို မြင်ယောင်မိပြိးနောက်) 
    အင်း.. ကုန်လောက်တယ်း)
    reply ထဲက သီချင်းလို ကိုယ့်နိုင်ငံကိုပြန်ဆိုရင် တစ်ရက်နဲ့တောင် သီချင်းဆုံးမှာ မဟုတ်ဘူး

  7. kaungkinpyar says:

    စားကြပါ စားကြပါ

  8. မိုးကောင်းသူ says:

    လာစားပါတယ် ကိုကြီးဒီဘီ။ :-D

  9. nu-san says:

    ဒီမှာကျတော့ ဈေးသက်သာတဲ့ ထမင်းဘူးဆိုရင်တောင် ယန်း ၅၀၀ အနည်းဆုံးပေးရတယ်.. ချွေတာတဲ့သူတွေကျတော့ အဲဒီလို ထမင်းဘူးကို နေ့တိုင်းဝယ်စားကြတယ်။  အိမ်ထောင်သည်တွေကျတော့ အိမ်က ထမင်းဘူးယူလာတယ်။  ဆိုင်တွေမှာစားရင်တော့ ယန်း ၇၀၀၊ ၈၀၀၊ ၁၀၀၀ လောက်ရှိတယ်.. အမကတော့ ကိုယ့်ထမင်းဘူးပဲ စားဖြစ်တာများတယ်။  နေ့တိုင်းဆို ဘတ်ချက်အတော်ထိတယ်.. တပတ် ၁ ရက် ၂ ရက်လောက်ပဲ အပြင်မှာဝယ်စားဖြစ်တယ်.. :)
     
    ဒီကကျောင်းတွေတော့ တစ်ခါမှ မရောက်ဖူးဘူး.. အဲဒီကကျောင်းတွေ ကြည့်ရတာ သန့်ပြန့်ပြီး လှပနေတာပဲနော်..

  10. ကိုသာသာ says:

    အစ်ကို စာရေးတာ ပိုလက်တက်လာပြီ။
    ဖတ်လို့ကောင်းတယ်။
    မှန်မှန်လေးရေးနော။

  11. Ko Phyo says:

    နောင်တော်… ဒီဟာ က နောက်ဖေးလမ်းကြားထဲက Second Street ကိုပြောတာ ဟုတ်စ…. 8-)
     
    “ဒီရောက်တော့ ပထမလုပ်တဲ့ အလုပ်မှာက ရွေးစရာသိပ်မရှိပါဘူး။ နောက်ပြီးတော့ ကုပ္မဏီမှာ ထမင်းထွက်စားတာက ကိုယ်တို့ဗမာနှစ်ယောက်ထဲ ရှိတာဆိုတော့ သိပ်ရှည်ရှည်ဝေးဝေး မသွားကြဘဲ ရုံးနားက ဆိုင်လေးဆိုင်ရှိတဲ့ ဟော်ကာသေးသေးလေးမှာ စားကြတယ်။ Mixed Rice ရယ်၊ ငါးစွပ်ပြုတ်ရယ်၊ အနောက်တိုင်း အစားအစာရယ် မလေးဆိုင်ရယ် လေးဆိုင်ထဲရှိတာပါ။ ကျွန်တော်တို့နှစ်ယောက်က မျှမျှတတဖြစ်အောင်ဆိုပြီး လေးဆိုင်ကို တစ်လှည့်စီ စားကြပါတယ်။”

  12. Su says:

    that used to be my lunch

  13. nyimuyar says:

    your lunch is amazing, but my lunch is better than yours, coz my wife prepare for my lunch box :D :)

  14. MrDBA says:

    :-D သူ့ဘာသာ ဘာဂါတွေ လုပ်သွားပြီးတော့များ ..မသိရင်ခက်မယ်။

  15. khayayphyu says:

    ;) 1st time come here. Nice to read. It is my school. :-P

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Random Pages created by Best Accounting Services
  • RSS
  • Twitter
  • Facebook