နားနားနေနေ..ခြံစိုက်နေ

ခေါင်းစဉ်က ဆွဲဆောင်မှုရှိအောင်သာ တပ်ရတာ ရေးမှာကတော့ ဟိုရောက်ဒီရောက်ပါဘဲ။ ပြီးခဲ့တဲ့ တနလာင်္နေ့က စပြီး ဖျားလိုက်တာဟာ ဗုဒ္ဓဟူးနေ့ည ရောက်မှဘဲ သိသိသာသာ သက်သာသွားပါတယ်။ ဒါတောင် ဗုဒ္ဓဟူးနေ့က ရုံးသွားလိုက်သေးတယ်။ ရုံးရောက်တော့ လူကဟန်ပုံမပေါ်တာကို မန်နေဂျာတွေက သိတာကြောင့် ပြန်နားလိုက်ပါဆိုတာနဲ့ အခွင့်အရေးရတုန်း ပြန်လစ်လာခဲ့ပါတယ်။ ကြာသာပတေး သောကြာကိုတော့ ပြန်ကောင်းလာမယ် မျှော်မှန်းပြီးတော့ ဆေးခန်းမပြတော့ဘဲ ခွင့်ကြိုယူလာလိုက်ပါတယ်။ ဒီလိုနဲ့ဘဲ တစ်ပါတ်လုံး အိမ်တွင်းအောင်းရတဲ့ အဖြစ် ရောက်ပါလေရောလား။

ရာသီဥတုကလဲ ပူတော့ ညညဆို အိပ်မပျော်ပါဘူး။ လူကလဲပူနေ အဲယားကွန်းကလဲ ဖွင့်လို့မဖြစ်နဲ့ ချွေးတွေပြန်ပြီး ဘယ်လိုမှ အိပ်မပျော်ပါဘူး။ ညဆို ကုတင်မှာလှဲပြီး ဘေးစောင်းလေး ဘေးက ကွန်ပျုတာမှာ ရုပ်ရှင်ဖွင့်ပြီး ကြည့်ပါတယ်။ တားမယ့်လူကြီးလဲ မရှိတော့ မိုက်တာလဲပါပါတယ်။ မဒမ်ကတော့ ရုံးတက်ရမှာဆိုတော့ ကျွန်တော့်ကို ထိုင်ကြည့်မနေနီုင်ပါဘူး။ အိပ်ပျော်သွားပါတယ်။ ညမအိပ်တော့ နေ့အိပ်သလား ဆိုတော့လဲ မအိပ်ပါဘူး။ မနက်ကို နောက်ကျမှထပြီး စားစရာရှိတာလေးစား၊ ဆေးလေးသောက်ပြီး၊ ရုပ်ရှင်ဒေါင်းလုဒ်လုပ် ကြည့်နဲ့ ပျင်းလာရင် စာအုပ်ဖတ်လိုက် အဲဒီလိုနဲ့ နေ့တွေကုန်သွားတာပါဘဲ။

ဒါနဲ့ တခြားလုပ်ဖြစ်တာက Face Book မှာ မာဖီးယား သေသေချာချာဇွဲနဲ့ ထိုင်ကစားဖြစ်သွားတယ်။ ပိုက်ဆံတွေလဲ ရတာ သောက်သောက်လဲ၊ လူကလောဘတောင်တက်လာတယ်။ တကယ်ပြောတာ။ အဆော့ကောင်းလို့ ဘလော့တောင် မရေးနိုင်ဘူး။ အစကစိတ်ကူးတာက အိမ်မှာ နားနားနေနေ ရှိတုန်း ဘလော့လေးဘာလေး ခပ်စိပ်စိပ်ရေးမယ်ပေါ့။ ဘယ်ကလာ အချိန်တောင်မလောက်ဘူး။ ခုတစ်လော လူတွေ Face Book မှာ မာဖီးယား သိပ်ဆော့ကြတယ်ထင်တယ်၊ တခါတရံ Face Book တောင် Error တက်ချင်ချင်ဖြစ်လာတယ်။ ကိုယ့်မိတ်ဆွေ အပေါင်းအသင်းတွေတင်မက ဖိုရမ်က အဖွဲ့တွေပါ မာဖီးယားထဲရောက်နေလို့ အစည်းအဝေးတောင် Face Book မှာလုပ်လိုက်ရသေးတယ်။

ကျူဘားမှာသွားပြီး လူချလိုက်၊ အလုပ်ကလေးလုပ်လိုက်၊ ကျမ်းမာရေးမကောင်းတော့ရင် နယူးယောက်ပြန်လာ ဆေးကုလိုက်နဲ့ ဟန်တွေကိုကျလို့။ မာဖီးယားရောဂါကလဲ ဘလော့ရောဂါလိုဘဲ ဖြစ်လာဦးမယ်ထင်ပါရဲ့။ ဂိမ်းကစားတာတောင်မှ အစပိုင်းက လူမချချင်သေးဘူး။ ကိုယ့်ရှိသလောက် အင်အားလေးနဲ့ အလုပ်ကလေးတနိုင်လုပ် ရသလောက်ကလေးနဲ့ လုပ်ငန်းလေးတွေနယ်ချဲ့နဲ့ ဒီလိုနေတုန်း ကိုယ်ကသာ လူမချချင်တာ မာဖီးယားတောထဲ သူတော်ကောင်း သွားလုပ်နေလို့မှ မရဘဲဗျ။ ဟိုကဒီကနေ လာလာပြီး ဆော်ပလော်တီးသွားကြတယ်၊ ဓါးပြတိုက်သွားကြတယ်၊ ရှိတာလေးတွေ ကုန်ကုန်သွားပါရောလား၊ ဒါနဲ့ဘဲ မဖြစ်ချေဘူးဆိုပြီး လူချတတ်အောင် ကြိုးစားရတော့တယ်၊ ဓါးပြလား တိုက်တတ်သွားပြီ။ အစကတော့ သနားတာပေါ့လေ သူ့စီးပွားလေး ပျက်သွားပြီလို့ စာတန်းကလဲ ထိုးထိုးပြနေတော့ ကိုယ့်မှာ ဆော့နေတာတောင်မှ သနားနေရသေးတယ်။ ခုတော့ ကိုယ့်ကို လာမလုပ်နိုင်အောင်ပြင်ဆင်ထားပြီးတော့ ရိုးရိုးသားသား (အဲလေ မာဖီးယားပါဆိုမှ ရိုးသားလို့ရမလား) ဒုစရိုက်အလုပ်ကလေးဘဲ လုပ်နေတော့တယ်။

ခုတော့ တစ်မျိုးပြောင်းကစားနေတယ်ဗျ။ အခု ခြံစိုက်စားနေတယ်။ စတော်ဘယ်ရီသီးလေးတွေစိုက် ခရမ်းသီးလေးတွေစိုက် သီးလာရင် စျေးသွားရောင်း အခင်းပြန်ပျိုး အပင်ပြန်စိုက်နဲ့၊ ငြိမ်းချမ်းတယ်မောင်။ အဟုတ်။ မာဖီးယား ကစားတာနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သွားတယ်။ ဟိုဖက်မှာက ရောက်တာနဲ့ ဘယ်သူတီးသွားလဲ စစ်ရတယ်၊ ဝင်ငွေစစ်ရတယ်၊ ကိုယ်မနိုင်တဲ့လူ ရှိလာရင် လူငှားနဲ့ ပြန်ဆော်ရသေးတယ်၊ မကောင်းပါဘူး။ ခြံကလေးစိုက်စားနေရတာ ကစားနေရင်းတောင် အပြင်မှာ ခြံစိုက်စားခြင်စိိတ်ပေါက်လာတယ်။ တကယ်ရယ်

မနက်ဖြန်တော့ အိမ်လဲ ပြောင်းရပြန်ဦးတော့မှာမို့ အိမ်ကလဲ ရှင်းရသေးတယ်။ နေမကောင်းလို့ အိမ်ရှိနေတာ မဒမ်ကအကြိုက်ဘဲ ကျွန်တော့်မှာ တစ်နေ့နဲနဲချင်း ပစ္စည်းစုရတယ်၊ အိမ်ရှင်းရတယ်။ ချွေးဆိုတာ ခဏခဏထွက်နေတာမို့ လူကအားပြန်ပြည့်လာတယ်လို့ မရှိဘူး။ နေမကောင်းဖြစ်တော့ ဒီကဟာတွေ မစားချင်ပြန်ဘူးဖြစ်လာတယ်။ အဲဒါနဲ့ စိတ်ကူးမရတိိုင်း ခေါက်ဆွဲချည်း ပြုတ်ပြုတ်စားနေတာ အားကဘယ်ပြန်ပြည့်မလဲ။ မဒမ်ကလဲ ရုံးသွားရသေးတော့ သူ့ကိုလဲ ဘာချက်ပါညာချက်ပါ မပူဆာချင်ဘူး။ အိမ်ကလဲပြောင်းတော့မှာ ဆိုပြီး အသားငါး များများစားစား ဝယ်မထားတော့ စားစရာမရှိ။ သူတောင် အိမ်ကပို့ထားတာလေးနဲ့ ရုံးကို ထည့်ထည့်နေတာဆိုတော့ ကိုယ်လဲ ငတ်ပြီပေါ့။ အခုတော့ အိမ်လဲ သိမ်းပြီး၊ နလံထကို စီးတီးဟောကဝယ်လာတဲ့ ငါးပိရည်ကြိုပြီးသားနဲ့ လဘက်နဲ့ ထမင်းနယ်တယ်၊ ကြက်ဥကြော်နဲ့ ပူပူလေးစားပြီး ဒီတပါတ်အတွက် အသစ်မျှော်နေသူများကို ချွေးသိပ်လိုက်ရပါပေတယ်။ မိတ်ဆွေများ ကျမ်းမာချမ်းသာကြပါစေ။ (မာဖီးယားဆော့ကြရင် ကျွန်တော့်ကို ဖိတ်နော်…နော်)


458 views

37 Responses to နားနားနေနေ..ခြံစိုက်နေ

  1. လူပျိုကြီး says:

    အခုတော့ လူရိုက်ရတာ အကုသိုလ်များတယ် ထင်လာလို့ ကောင်းရာကောင်းကြောင်း ခြံစိုက်စားနေတယ်ဗျာ အခုတော့ ပဲစိုက်တယ် မနက်ဖန်တော့ အခင်းသိမ်းပြီးရင် ခရမ်းသီးနဲ့ ဂျုံလေးကြဲဦးမလားလို့ ဒီလိုပဲလုပ်ကိုင်စားရတာပဲလေ မလွယ်ဘူးဗျ

    အခြေအနေ မဟန်ရင်တော့ ကျူးဘားပြန်မယ်ဗျာ မုတ်ဆိတ်ရိတ်ရမှာ ပျင်းလို့။

  2. MrDBA says:

    ကျွန်တော်ကတော့ အစမို့ စတော်ဘယ်ရီလေးနဲ့ စစိုက်ပါတယ်။ သူက အသီးဖြစ်လွယ်တယ်လေ၊ ရောင်းလဲ စွံပါတယ်။ ရောင်းပြီး ရတာလေးနဲ့ မျိုးပြန်ဝယ်ရသေးတယ်။ နောက်တော့လဲ တခြားတွေ စိုက်ရမှာပေါ့။ နို့စား နွာမလေးများ ပိုရင် ခဏပေးပါလား။ ဟီးဟီး။

  3. MrDBA says:

    ကိုယ့်ခြံက အသီးထွက်မကောင်းသေးတော့ သူများဆီမှာလဲ သူရင်းငှားလဲ လိုက်ရသေးတယ်ဗျ။ ကျီးခြောက် မြက်ပေါက်၊ ပေါင်းသင်၊ သစ်ရွက်ခြောက်ကောက် အကုန်လိုက်လုပ်ပေးတယ်။ ငွေစလေး နဲနဲရလာရင် ကိုယ့်ခြံပြန်ပြီး မျိုးစေ့ဝယ် အသီးစိုက်နဲ့ ဟန်ကိုကျလို့။

  4. ThihaThit says:

    ကျွန်တော်တောင် မာဖီးယား ၀င်ဆော့မလို့ဟာ မဆော့ရသေးဘူး စွဲမှာစိုးလို့
    :D
    ကိုကြီး ဒီဘီ မြန်မြန်နေကောင်း အားပြည့်ပြီး စာများများရေးနိုင်ပါစေ
    ခင်မင်စွာဖြင့်
    သီဟသစ်

  5. pm says:

    မာလဲဖီးယားတယ်
    ဗီဝါးဝါးမှာလဲ ဖဲရိုက်တယ်
    ဟိုအကောင်လေးလဲ ၁နေ့ ၃ ခါချတာ ထိုင်ကြည့်တယ်

  6. kaungkinpyar says:

    အော် သူတို့လဲ အပင်စိုက်ကုန်ကြတာကိုး :)

  7. P`L` says:

    စားသောက်ဆိုင်ကောဖွင့်သေးလား။

  8. မိုးချိုသင်း says:

    တို့တော့ စွဲသွားမှာစိုးလို့ ဘာမှကို မဆော့တော့ဘူး။ မဆော့တတ်တာလဲ ပါတယ်။ မာဖီးယားဆိုတဲ့ နံမည်ကြီးကို ကြောက်တာလဲ ပါတယ်။ ခြံကျတော့လဲ လက်ဆောင် ပေးလိုက်ကြတဲ့ အပင်တွေ.. တောကို ထ ရော။
    ဘာမှကို မလုပ်တတ်ဘူး။ လုပ်ကြည့်ရင် တတ်ချင် တတ်လိမ့်မယ်။ ဒါပေမဲ့ စွဲမှာ ကြောက်လို့။
    ဘလော့တောင် စွဲလှပြီ ကိုကိုဒီဘီရေ.. ဒီအရွယ်ကြီးကျမှ တခုခုရဲ့ လွှမ်းမိုးနေတာ မခံချင်တော့ဘူးလေ။

  9. kom says:

    မိုးချိူသင်းပြောတဲ့အတိုငးဘဲ အခုတောင်ထွက်သွားတော့မလို့ကိုကိဒီဘီ သံယောဇသ်နဲ့မို့လို့ဟွန်း။

  10. ပုံရိပ် says:

    ဘလောက်စွဲတာနဲ့ တင်လုံလောက်ပြီ။ အပူ ထပ်မရှာချင်တော့ဘူး။

  11. MrDBA says:

    အဲဒါမျိုးပြောတာ နှစ်ခါရှိပြီ။ မှတ်ထားတယ်။ မအားရင်လဲ လာမဖတ်ပါနဲ့ အရီးရယ် … အားနာစရာ။ =-X =-X =-X

  12. kom says:

    မလာစေချင်ဘူးပေါ့ဟုတလား. စိတ်မကောင်းဖြစ်ပြီးပြန်သွားပြီ။လိုက်မချော့ပါနဲ့တော့။

  13. juneone says:

    အိမ်ကညီမတော့ည၂ချက်ထိုးလောက်တောင်ထပြီးလယ်စိုက်တယ်။
    အိမ်လယ်နှလုံးရှိပြီဆိုလားပဲ။

  14. မောင် Harry says:

    ဟီးဟီး။ မာဖီးတော့ မယားတော့ပါဘူး။ တော်ကြာ စာမေးပွဲတွေကျကုန်မှဖြင့်။ နေကော လုံးဝ ဝလုံး ကောင်းတော့မှာမို့လား။ =) မြန်မြန်ကျန်းမာပါစေကိုးကြီးဒီဘီ။

  15. Su says:

    sent u a cow this morning :-P

  16. MrDBA says:

    ညက စတော်ဘယ်ရီခင်းပျိုးပြီး အိပ်လိုက်တာ မိုးလင်းတော့ ပိုးကျတာလား၊ မခူးလို့ ပျက်ကုန်တာလားမသိ တပြားမှ မရလိုက်ဘူး။ အခင်းပြန်ပြင်ပြီးတော့ စိုက်စရာ ငွေမရှိတာနဲ့ ထိုင်နေရတယ်။ မာဖီးယားကငွေတွေ ယူလာလို့ရရင်သိပ်ကောင်းမှာ …

  17. kom says:

    နဲနဲတောင် စိတ်ပါလာပြီ။ သင်ပေးမလား။

  18. Rita says:

    မလုပ်ပါနဲ့ မမ ဒီတိုင်းပဲ နေပါ
    ကျွန်မတောင် face Book acct ရှိပြီး အကောင်တွေ သူများလာပေး၊ Mafia invitation တွေလား ဘာလားလဲ လာတယ်။
    မလုပ်တော့ဘူး blog နဲ့တင် မှတ်လောက်သားလောက် ဖြစ်နေပြီ

  19. Rita says:

    God Father ရယ် ကုသိုလ်နဲ့ အကုသိုလ်တွေ ရောကုန်မှာပေါ့

  20. zt says:

    ကားမောင်းရင်းက လူပေါင်းမှားလို့ မာဖီးယားလိုက်တာ။ အခုတော့ နေ့နေ့ညည မာဖီးယား ဖြစ်နေပြီ။ ဘလော့ခ်လို အချိန်အများကြီး မပေးဘူးလေ။ ကြုံရင် အလုပ်ကလေး တစ်ခု နှစ်ခု ဝင်လုပ်လိုက်။ ကျူးဘားသွားလိုက်။ အခု User ၄ သန်းတောင် ကျော်ပြီ ဆိုပဲ။

  21. ုkom says:

    ဖက်တိဘာတေါွပြောသွားပါလိမ့်။

  22. ုkom says:

    ဇက္တီ

  23. MrDBA says:

    သူက အစက ကားမောင်းတဲ့ ဂိမ်းဆော့တယ်တဲ့၊ အဲဒီကနေ အပေါင်းအသင်းကောင်းလို့ အခု မာဖီးယားပါ ဆက်ဆော့နေပြီတဲ့။ နေက်ဆို ခြံပါစိုက်လာဦးမှာ စောင့်ကြည့်နေ ။ နားလည်ပြီလားဟင် အရီး။ အရီးသင်ချင်ရင်တော့ သင်ပေးပါ့မယ် အိမ်မှာခေါ်သင်မှ သင်ပေးနိုင်မယ် အွန်လိုင်းကတော့ မသင်ပေးဘူး။

  24. MrDBA says:

    အမနှယ် ပေါ့ပေါ့ပါးပါး ဆော့တာလေးများ စမ်းကြည့်ပါဗျ။ ပျော်စရာကောင်းတယ်။

  25. နွယ်ရိုး says:

    ဦးဒီဘီရေ……… အားရင်သင်ပေးဦးနော် အနော်တို့လည်း မာဖီးယားထဲ ၀င်ချင်ဒယ် ဟဲဟဲ

  26. နွေးနေခြည် says:

    ရှိစုမဲ့စု ရည်းစားတယောက် မာဖီးယားစွဲနေလို့ ဒေါသဖြစ်နေတယ်

  27. MrDBA says:

    ဟီးဟီး .. ဒါလေးဘဲ ဆော့စရာရှိတာ ဆော့ပါစေ။ ခြံပါစိုက်ခိုင်းလိုက်ပါလား။ =-X =-X

  28. rose of sharon says:

    ကျမလဲfacebook game တွေဆော့တယ်..ခြံစိုက်တာဘာgameလဲ  pet societyကိုပြောတာလား  ကျမကpet society ရယ် restaurant city ရယ် ဆော့တယ်

  29. MrDBA says:

    Farm Ville ဆော့တာခင်ဗျ။ သပ်ကောင်းတယ်။ သီချင်းလေး တအေးအေးနဲ့။ တခြား Farm Town ဆိုလား ရှိသေးတယ်။ မဆော့ဖူးသေးဘူး။ ခုတော့ Farm Ville နဲ့တင်ငြိမ်းချမ်းနေတယ်။ မနက်တောင် ၆နာရီခွဲလောက်ထပြီး သခွားခင်း သိမ်းစရာ ရှိသေးတယ်။ ဟေးဟေး။ စောစောအိပ်မှ။ ဆော့ကြည့်ပါလား။ မိုက်တယ်ဗျ။

  30. MrDBA says:

    Farm Ville ဆော့တာခင်ဗျ။ သိပ်ကောင်းတယ်။ သီချင်းလေး တအေးအေးနဲ့။ တခြား Farm Town ဆိုလား ရှိသေးတယ်။ မဆော့ဖူးသေးဘူး။ ခုတော့ Farm Ville နဲ့တင်ငြိမ်းချမ်းနေတယ်။ မနက်တောင် ၆နာရီခွဲလောက်ထပြီး သခွားခင်း သိမ်းစရာ ရှိသေးတယ်။ ဟေးဟေး။ စောစောအိပ်မှ။ ဆော့ကြည့်ပါလား။ မိုက်တယ်ဗျ။

  31. ုkom says:

    ခြံစိုက်တာကိုတော့စိုက်ဝင်စားတယ်။

  32. မိုးကောင်းသူ says:

    ကျွန်မတော့ လယ်လဲစိုက်တယ်။ ကိုယ်တော်ကြီးအကောင့်နဲ့ မားဖီးယားလဲဆော့တယ်။ ပြီးတော့ 9Dragon သိုင်းလောကဂိုဏ်း ဂိမ်းလဲဆော့တယ်။ တနေ့လုံး မျက်လုံးကို အနားမပေးဘူး။ :-D

  33. exiter says:

    ခြံကစိုက်ချင်လို့တော့မဟုတ်ဘူး mafia ကစားရင်း energy ကုန်သွားရင် ပျင်းလို့တစ်ခြားဟာတွေပါကစားတာ … Mafia , street racing , vampire , heroes and villian , barn baddy , pirates နဲ့ special forces တွေပါကစားနေတာ .. အားတယ်ကိုမရှိဘူး :P   .. အဲဒါတွေအားလုံးကစားပြီးရင်တော့ david-phyo.mybrute.com မှာပါ ထပ်ချသေးတာ .. ဟီး MZ တောင်သိပ်မဝင်ဖြစ်ဘူး .. ဒီနေ့မှပြန်ဝင်ပြီး member တွေလိုနေတာလေးတွေပြန်တင်ပေးနေတာ :P

  34. exiter says:

    အဲဒီ စတော်ဘယ်ရီက ၄ နာရီလောက်ပဲစောင့်ရတာလေ .. မခူးဖြစ်ရင်ပျက်ကော .. ညီတော့ architoke ပဲစိုက်တယ် ..

  35. MrDBA says:

    ဖြစ်ရမယ် ညီညီတို့ကတော့

  36. Talkii says:

    ငွေမဲကို ငွေဖြူမလုပ်ချင်ပါနဲ့ :-D

    USD ကနေ peso အရင်ပြောင်းလို့ရရင် ပိုကောင်းမယ်ဗျ။

  37. thay win says:

    ้รငငꨀပင

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Random Pages created by Best Accounting Services
  • RSS
  • Twitter
  • Facebook