MrDBA

ခုတစ်လော တဂ်တာတွေ ခေတ်စားလာပြန်ပါတယ်။ တက်လဲ တက်နိုင်ကြပါပေတယ်ကွယ်။ ပုံမှန်အားဖြင့် တဂ်ပို့စ်တွေကို ကျွန်တော် တတ်နိုင်သမျှလက်ရှောင်တာများပါတယ်။ တဂ်တဲ့လူတွေကလဲ ခင်နေတဲ့ လူတွေဆိုတော့ အပြစ်မဆိုကြတာလဲ ပါတာပေါ့လေ။ ကိုယ်ကသာ ရှောင်နေတာ သူများတွေ ရေးကြတာတွေတော့ လိုက်ဖတ်လို့ သဘောကျလို့နေတတ်ပါတယ်။ ဒါပေမယ့် ကိုယ့်ကို တဂ်လာရင်တော့ ရှောင်ပြေးတာ များပါတယ်။

ဟိုတစ်လောက တဂ်ကြတဲ့ အတွေ့ချင်ဆုံး ၁၀ယောက်ဆိုတာကတော့ အမှန်တစ်ကယ် ချောက်ကြနိုင်တဲ့ ခေါင်းစဉ်မျိုးပါ။ ကျွန်တော့်လို ထောင်သောင်းချီ မိတ်ဆွေပေါတဲ့ လူအဖို့တော့ ၁၀ယောက်ရေးပြရမယ်ဆိုရင် ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်သွားမှာပါ။ (အဟိ လွတ်စေသတည်း) တဂ်ပို့စ်ဆိုတာကလည်း အချိန်နဲ့ရေးရတာဆိုတော့ နဲနဲ အမေ့ခံထားလိုက်ရင် ဒိတ်အောက်သွားတာဆိုတော့ကာ အလိုလိုလွတ်သွားတတ်ပါတယ်။ နဲနဲတော့ အသည်းမာတတ်ဖို့တော့ လိုတယ်ပေါ့လေ။

ဒီလိုနဲ့ သူများဘာသာ သူများ အေးဆေးသာယာနေတုန်း နွေးနေခြည် ဆိုသူ ဘလော့ရေးသူ ပြည်သူတစ်ဦးမှ ခင်လို့တဂ်တယ် ရေးပေးကွယ် ရေးပေးကွယ် လုပ်သွားပါတယ်။ မညာတမ်းပြောရရင် သူလဲ ကိုယ့်ဘလော့ကို လာဖတ်နေသူတစ်ဦးဖြစ်မှာပါ။ ကိုယ်လဲ လိပ်စာသိသမျှ ဘလော့တွေကို Google Reader နဲ့ဖတ်နေကြဆိုတော့ သူ့ကို ဘလော့ရေးသူအဖြစ်သိပါတယ်။ သို့သော် စီဗောက်တွေမှာ စလိုက်နောက်လိုက်နဲ့ သောင်းကျမ်းနေကြလူတွေ မဟုတ်လေတော့ကာ သူ့ရဲ့ အားကျိုးမာန်တက် တဂ်လာတာကို မျက်နှာလွှဲခဲပစ်လုပ်လိုက်မယ်ဆိုရင် ခင်ဖို့လမ်းစရှိတဲ့ မိတ်ဆွေတစ်ယောက် လျော့နည်းသွားမှာ စိုးတဲ့ အတွက် ရေးဖို့စဉ်းစားရပါတယ်။ (လွယ်တာလဲ ပါတာပေါ့လေ။)

နစ်နိမ်းတွေနဲ့ ပါတ်သက်ရင် တော်တော်ရှည်လျားပါတယ်။ ပုံဂံရာဇဝင်က ပြန်စရမလိုပါဘဲ။ အလုပ်ဝင်တော့ ကျွန်တော့်မှာ ညီအစ်ကို မောင်နှမ အရင်းတွေထက် ခင်မင်ရတဲ့ ညီတွေ ညီမတွေရှိပါတယ်။ ဘယ်သွားသွား ဘယ်လာလာ မီးရထားတွဲကြီးလို ကျွန်တော့်ကို ရှေ့ကထားပြီး တစ်ဖွဲ့လုံးသွားကြလည်ကြတဲ့လူတွေပါ။ မြန်မာပြည် တနှံ့တလျား အဲဒီအဖွဲ့ကြီး ခရီးတွေထွက်ခဲ့ကြဖူးတယ်။ သိပ်ချစ်ကြတဲ့ လူတွေပါ။ 

ဒီလိုနဲ့ အလုပ်ထဲမှာ ကျွန်တော်တို့က အင်တာနက် စသုံးဖူးတယ်။ တစ်ယောက်သော ညီငယ်ကတော့ သူ့မိဘများက အရာရှိမင်းကြီးတွေ ဆိုတော့ကာ အိမ်မှာရုံးစရိတ်နဲ့ အင်တာနက်တတ်နိုင်တဲ့လူတွေဆိုတော့ အင်တာနက်ကို သူကကျွမ်းကျွမ်းကျင်ကျင် သုံးတတ်နေပါပြီ။ ဒီလိုနဲ့ ဂျီမေးအကောင့် ဖွင့်ဖို့အကြောင်းဖန်လာပါတယ်။ သူကအကောင့်ဖွင်ဖူးတဲ့ လူဆိုတော့ ကျွန်တော်တို့ကို ကူညီပါတယ်။ အဲဒီမှာ သူ့အကောင့်နာမည်က smart acrobat လို့ပေးထားတာဆိုတော့ ကျန်တဲ့ ကျွန်တော်တို့တွေကလဲ မီးရထားတွဲကြီးလို အကောင့်တွေမှာ smart ပါအောင်ကြိုးစားကြပါတယ်။ ကြောင်ရုပ်ကြိုက်တဲ့ ညီမတစ်ဦးက smart gaga, တက္ကသိုလ်တက်တုန်းက အလှဘုရင်ဘွဲ့ရဖူးတဲ့ တစ်ယောက်သော ညီငယ်တစ်ဦးက smart king ဆိုပြီးပေးတယ်။ မန္တလေးက ပြာယိပြာယာနိုင်လှသော ညီမတစ်ယောက်က smart nyimalay ဆိုပြီးပေးတယ်။ ကျွန်တော်က အားလုံးထဲမှာ အကြီးဆုံးဆိုတော့ smart brother ဆိုပြီးပေးတယ်။ ပထမဆုံးသော နစ်နိမ်းဖြစ်လာပါတယ်။

အဲဒီလိုနေတုန်း ဖိုရမ်တွေကို သွားကြည့်ဖို့ အကြောင်းဖန်လာပါတယ်။ ပထမဆုံး ဝင်ဖူးတဲ့ ဖိုရမ်ကတော့ မြန်မာမျှားနတ်မောင်ပါ။ ရည်ရွယ်ချက်ကတော့ အင်မတန်ကောင်းပါတယ်။ အဲဒီအချိန်က နာမည်ကြီး မော်ဒယ်မင်းသမီး ဂန္ဓဝင်ရဲ့ ရေစိုအလှဓါတ်ပုံကို ကြည့်ချင်လို့ပါကွယ်။ ပြဖူးတဲ့ညီငယ်က သူ့အကောင့်နဲ့ ဝင်ပြီးဖွင့်ပြတာဆိုတော့ သူ့အကောင့်ကိုလဲ မြင်ဖူးသွားတာပေါ့။ သူက Mr.Alien ဆိုပြီးပေးထားပါတယ်။ အဲဒီမှာ သူ့လိုခပ်ဆင်ဆင်နာမည်ပေးဖို့ စိတ်ကူးရခဲ့ပါတယ်။ ဒါပေမယ့်လဲ အဲဒီတုန်းကတော့ စဉ်းစားလို့ မရခဲ့တာကြောင့် အီးမေးမှာသုံးတဲ့အတိုင်းဘဲ ပေးခဲ့ရပါတယ်။ ဘလော့လား ဘာမှန်းတောင် မသိသေးပါဘူး။

ဒီလိုနဲ့ နိုင်ငံခြားကို ရောက်လာတော့ e-Book တွေ Sharing လုပ်ပေးတဲ့ မြန်မာဝက်ဘ်ဆိုဒ်တစ်ခုကို သွားတွေ့တယ်။ ဗမာစာအုပ်တွေရော နည်းပညာစာအုပ်တွေရော အစုံတင်ပေးနေတာဆိုတော့ ကိုယ်လဲဝင်ပြီး စာအုပ်တွေတင်ပေးချင်တာနဲ့ အသင်းဝင်လိုက်ပါတယ်။ အဲဒီမှာ နာမည်ပေးဖို့ အကြောင်းဖန်လာပြန်တယ်။ အဲဒီမှာ စဉ်းစားရင်းနဲ့ ဒီနာမည်ရလာပါတယ်။ ကိုယ့်ရဲ့ အလုပ်က ပရိုဂရမ်လေးတွေ ရေးရတာဆိုတော့ ခေါင်းစားလွန်းတဲ့ အလုပ်ကို စိတ်ပျက်နေတဲ့ အချိန်၊ တခြားလုပ်ငန်းတွေဘက်ကို စိတ်ကူးယဉ်ကြည့်နေတဲ့ အချိန်ပေါ့။ အလုပ်ထဲမှာ မြင်နေရတဲ့ နက်ဝတ်ခ်သမားတွေ DBA (Database Administrator) တွေကို သဘောကျနေတဲ့ အချိန်ဆိုတော့ လွယ်လွယ်ကူကူဘဲ MrDBA လို့ပေးဖြစ်သွားတာပါ။

တချို့ကလာလာမေးကြပါတယ်။ အစ်ကိုကြီးက Business Administration လုပ်နေတာလားတဲ့လေ။ ဒီပလိုမာရထားတာလားတဲ့။ အမြဲရှင်းရှင်းပြရပါတယ်။ နာမည်ပေးလိုက်တုန်းကတော့ ဖိုရမ်မှာ ဝင်နေဖို့လောက်ဘဲ စိတ်ကူးထားတာပါ။ နောက်ပိုင်း ဘလော့လေးဘာလေး စရေးကြည့်တော့ တခြားနာမည်နဲ့ပါ။ လူလဲ ပေးမသိထားပါဘူး။ စာတွေရေးတယ် ကိုယ့်ဘာသာဖတ်တယ်။ မကောင်းဘူးထင်တာနဲ့ ဘယ်သူ့မှ ပေးမသိဘဲ ထားခဲ့တာပေါ့။ အဲဒီလိုနဲ့ တစ်နှစ်လောက်နေတော့ သူငယ်ချင်းတစ်ယောက်က မြှောက်ပေးတာနဲ့ ဘလော့ရေးဖို့ (အဲလူသိရှင်ကြား ဖြစ်ဖို့) ဆုံးဖြတ်လိုက်တာမှာ နာမည်ပေးဖို့ စဉ်းစားရပြန်ပါတယ်။ ဒီတစ်ခါတော့ များများမစဉ်းစားရတော့ပါဘူး။ ဖိုရမ်မှာ သုံးနေတဲ့ ဒီနာမည်ကိုဘဲ သုံးလိုက်ဖို့ ဆုံးဖြတ်လိုက်ပြီး MrDBA ကို လူအသိခံလိုက်တာဘဲ ဖြစ်ပါတယ်။

သိပ်လှလှပပကြီးတော့ မဟုတ်ပါဘူး။ နည်းပညာသမားဆိုတော့ နည်းပညာနွယ်တဲ့ နာမည်ပေးလိုက်တာပါဘဲ။ ကဲကျေနပ်လောက်မယ် ထင်ပါတယ်။

နောက်ဆက်တွဲ၊ ၊ ကိုဘွိုက်လဲ ဒါဖတ်ပြီး ကျေနပ်မယ်ထင်ပါရဲ့။

Tags :
4,523 views

42 thoughts on “MrDBA”

  1. ဟုတ်ကဲ့ ရေးပေးတာကျေးဇူးပါ။ ကိုဒီဘီဆီတော့ စာလာလာဖတ်ဖြစ်နေတာ ကြာပါပြီ အကြောင်း အမျိုမျိုးကြောင့် ခြေရာမထားမိခဲတာပါ။ နေခြည်လည်း သိပ်မခင်သေးတော့ တက်ဂ်ဖို့ နည်းနည်းတော့ တွေဝေခဲ့တယ်။ ဒါပေမယ့် နာမည်ကို စိတ်ဝင်စားတာက ပထမတချက်နဲ့ ဒီခေါင်းစဉ်နဲ့ဆိုရင်တော့ ရေးစရာ၇ှိမှာပဲဆိုပြိး၊ ချောက်ကျမဲ့ ခေါင်းစဉ်မဟုတ်ပါဘူးဆိုပြီး တက်ဂ်လိုက်တာပါ။
    နစ်နိမ်းက business နဲ့ပတ်သက်တာလား၊ database administrator လားဆိုတာ ထင်တော့ထင်မိသားး)

  2. အခုဆို မိတ်ဆွေတွေ ဖြစ်သွားပြီနော်။ ထမင်းလာစားမယ် အအေးလာသောက်မယ်။ ပိုက်ဆံချေးမယ်။ ဟိ။

  3. ဟင့် မိတ်ဆွေဖြစ်ရမှာတောင်ကြောက်လာပြီ။(အပေါ်က ကွန့်မန့် reply ကိုကြည့်ပြီးပြောတာ)။

  4. တို့ တတ်တာ ကတော့ ချောက်ကျနိုင်လို့ တို့ ကိုကိုက မရေးတာ နားလည်ပါတယ်လေ:P

  5. DKBA ကနေ DBA ဖြစ်လာတာ မဟုတ်လား.. ပြောပြောမှန်ပါ..။

  6. အော် ဦးဒီဘီက ဒီဂလိုလား သားက သိပါဘူး ဟိုလို ထင်တာ ကောင်းလိုက်တဲ့ အကြံ ဓါတ်ပုံလေးတွေ ကြည့်လို့လှလား မျှပါဦး ဟီးးးးးးးး
     
     
    လေးစားလျက်
    တောင်ပေါ်သား

  7. ကိုဒီဘီ တက်သွားပြန်ပလား။ မပြောချင်ပေမယ့် ပြောရဦးမယ် မမပြာ တက်တာကျတော့ အခုထက်ထိ မရေးသေးဘူး ကျော်ရေးတာတော့ မကောင်းဘူးနော်။ (အချွန်နဲ့မခဲ့တယ်)
     

  8. အစ်မတဂ်ထားတာကိုကျတော့ အခုထက်ထိ မရေးသေးဘူးဗျ မတရားဘူးအစ်မ။ 😀

  9. CBox ကိုဝင်မရဘူး ဘာဖြစ်နေတာလဲ အခုမှလေကောင်းကာစ ရှိသေးတယ် ဟုတ်သေးဘူးနော်။ hang နေသလားမသိ။

  10. ဘွဲ့လို့ဘဲထင်မိတာဘဲ .အစကတော့ အခုတော့ရှင်းသွားပြါီ့ပီ

  11. ချောက်ချဖို့ မရည်ရွယ်ပါဘူးဆိုမှ ချောက်ထဲကန်ချသလိုဖြစ်သွားလားမသိ…. ဟီးဟီး
    မိတ်ဆွေဖြစ်သွားပြီဆိုတော့ အိမ်ကို ၀င်ပါ ထွက်ပါ။ ကိုယ့်အိမ်လို သဘောထား တံမြက်စည်းလေးဘာလေး လှဲပေးသွားနိုင်ပါတယ်။

  12. ဗိုလ်အောင်ဒင် အတိုကောက်ကို ပြောင်းပြန်လုပ်ထားတယ်ထင်နေတာ..

  13. တော်သေးတာပေါ့။ MBA က Married But Available ဆိုတော့ DBA က Divorced But Available မဟုတ်တာ။ စတာနော် ကိုဒီဘီ။ 😀

Comments are closed.