Month: May 2009

အနောက်မှ အရှေ့သို့

တစ်နေ့က ပန်းခြံလေးခုဖြတ်ကျော် လမ်းလျှောက်အပြီးမှာတော့ တိုးတိုးတဖုံ ကျယ်ကျယ်တစ်ဖုံ အဘယ်သို့ သွားရမည်နည်းဟု သတင်းမေးလာသူ ပြည်သူများအတွက် နတ်လမ်းညွှန်လုပ်ပေးရပါဦးမယ်။ တကယ်တော့ အဲဒီနေ့က သွားဖူးတဲ့တစ်ဦးက ဦးဆောင်သွားလို့ ချောချောမွေ့မွေ့ ရောက်သွားပေမယ့် အခုလိုသူများကို လမ်းညွှန်ရတော့မယ်ဆိုတော့ အင်မတန်လက်ပေါက်ကပ်သွားပါတယ်။ ဖြစ်နိုင်ရင် လူကိုယ်တိုင်သာ လိုက်ပို့လိုက်ချင်ပါတော့တယ်။ တကယ်ပါ ရင်ထဲကလာတဲ့ ဆန္ဒတွေပါ။ ရှေ့ရှေ့ကိုလဲ ခုလိုဘဲ ပန်းခြံဖြတ်ကျော် လမ်းလျှောက်ပွဲတွေ ဆက်လက်စီစဉ်သွားဦးမှာ ဖြစ်ပါတယ်။ အဲလေမှားလို့။ အားလပ်ရက်စနေတစ်နေ့တော့ အခုလိုဘဲ လူဝကြီးများအဖွဲ့ လမ်းလျှောက်ထွက်ကြဦးမှာပါ။ စိတ်ဝင်စားသူများ လိုက်ပါနိုင်ပါတယ်။

ပြီးခဲ့တဲ့ အပါတ်က သွားခဲ့တာကတော့ Kent Ridge Park ကနေ Vivo City အထိ၊ Hort Park, Alexandra Arch, Henderson Waves စသည်တို့ကို ကျော်ဖြတ်၍ Vivo City အရောက်သွားခဲ့ကြတာပါ။ စုစုပေါင်းလမ်းလျှောက်ချိန် ၃နာရီကြာတဲ့ (နားချိန် နာရီဝက်နှုတ်နိုင်ပါတယ်)  ဒီခရီးကို အစကတော့ ဒီထက်ပိုဝေးတဲ့ Clementi Wood Park ကနေစလို့ West Coast Park ကနေတဆင့် သွားကြဖို့ပါ။ ဒီလိုသွားဖို့အတွက်ကတော့ Clementi Wood Park ကိုရောက်အောင် အရင်သွားရပါမယ်။ ပထမဦးစွာ Clementi MRT ကနေပြီးတော့ 189 ဆိုတဲ့ ကားကို West Coast သွားမည့်ဘက် စောင့်စီးရမှာဖြစ်ပါတယ်။ သုံးမှတ်တိုင် စီးပြီးရင်တော့ Clementi Wood Park မှတ်တိုင်ကိုရောက်ပါပြီ။ အကယ်လို့ Jurong East Interchange ကနေ 51 စီးလာချင်တယ်ဆိုရင်လဲ ဖြစ်ပါတယ်။ 51 လဲ အဲဒီမှတ်တိုင်ကိုရောက်ပါတယ်။ အဲဒီကနေမှတဆင့် မြေပုံမှာ ပြထားတဲ့ အတိုင်း West Coast Park ကိုဆင်းလို့ ကမ်းခြေတစ်လျှောက် Pasir Panjang Road အထိလျှောက်ပြီး South Buona Vista Road ကိုဝင်လို့ Kent Ridge Park ကိုဝင်ရမှာပါ။ (ဒီလမ်းကြောင်းကတော့ ကျွန်တော်လဲ မသွားဖြစ်ခဲ့လို့ ဘယ်လောက်အဆင်ချောမယ် မချောမယ် မသေချာပါဘူး။ မြေပုံအရတော့ သွားလို့ ရပါတယ်။ ကျွန်တော်တို့ သွားခဲ့တာက 51 စီးပြီး South Buona Vista Road နားရောက်မှာ ဆင်းပြီး Kent Ridge Park ကိုတန်းသွားခဲ့တာမို့ ခရီးလဲ အနည်းငယ်တိုပါတယ်။)

 Clementi wood park to Kent Ridge park

Kent Ridge Park ကိုရောက်သွားပြီဆိုရင်တော့ ပန်းခြံထဲမှာပြထားတဲ့ လမ်းပြမြေပုံလေးတွေကို ကြည့်ရင်း သူနဲ့ချိတ်ဆက်ထားတဲ့ ပန်းခြံတွေကို သွားတဲ့လမ်းလေးတွေအတိုင်း လိုက်သွားရင် Hort Park, Alexandra Arch, Henderson Waves စသည်တို့ကို ရောက်မှာပါ။

နောက်တစ်နည်းသွားနိုင်တာကတော့ ကားနံပါတ် 200 ကို Buona Vista MRT ကနေစီးလို့ National Leadership Institute နားမှာဆင်းပြီးတော့ Kent Ridge Park ကနေ Vivo City အထိ၊ Hort Park, Alexandra Arch, Henderson Waves စတာတွေကို ဖြတ်ပြီး သွားနိုင်ပါတယ်။ (ပုံတွင်ကြည့်ပါ။)

Kent Ridge to Vivo

Opposite Buona Vista MRT မှတ်တိုင်ကနေစီးရင် ၇မှတ်တိုင်စီးပြီးလျှင် National Leadership Institute မှတ်တိုင်ရောက်ပါပြီ။ အောက်တွင် ကားမှတ်တိုင် ဇယားပါတွဲပြထားပါသည်။ 

 ကျွန်တော်တို့ကတော့ 51စီးပြီး လမ်းလျှောက်သွားတာဆိုတော့ လမ်းလျှောက်နေတုန်း ဘေးနားက ကားနံပါတ်200 ဖြတ်သွားတာကိုတော့ တွေ့လိုက်ပါသည်။

နောက်တစ်နည်းကတော့ Vivo City ကိုအရင်သွားပြီး opposite Harbour Front MRT ကနေ Mount Faber တောင်ပေါ်အရင်တက်။ ပြီးမှ Henderson Waves ဖက်ကို လမ်းလျှောက်ရင်လည်း ရပါကြောင်း။ ရှေ့တစ်ပါတ်မှာတော့ 164 meters အမြင့်ရှိတဲ့ Bukit Timah တောင်ကုန်းလေးပေါ် တက်မယ်လို့ စိတ်ကူးထားပါတယ်ကွယ်။ ကြားရတဲ့ သတင်းအရတော့ လှေကားတစ်ထစ်ကို တစ်တောင်လောက် မြင့်တယ်တဲ့။ အဲဒီကနေမှတဆင့် Bukit Batok Nature Park ကိုဆက်သွားပါမယ်။ ဘဝအမောတွေဖြေရင်း လမ်းလျှောက်နိုင်ကြပါစေဗျာ။

Tags :