တီးကြဆိုကြ ကကြရလိမ့်ဦးတော့ပြန်

သင်္ကြန်ပိုးတွေ ထကုန်ကြပြီဖြစ်ပါတယ်။ ဧပြီမှာဘာရှိလဲ သင်္ကြန်ပွဲ စသဖြင့်ထဟဲသူတွေက ဟဲကုန်ကြပြီဖြစ်ပါတယ်။ မတွေ့တာကြာပြီဖြစ်သော အပေါင်းအသင်း ရောင်းရင်းတွေကလဲ သင်္ကြန်အကြောင်းပြပြီး ဆုံကြဖို့ ရက်တွေညှိကုန်ကြပြီဖြစ်ပါတယ်။ Gtalk ထဲမှာ ရေတွေလောင်းကုန်ကြပြီ။ ခွက်စောင်းတွေခုတ်ကုန်ကြပြီ ပူပေါင်းတွေနဲ့ ပေါက်ကုန်ကြပြီဖြစ်ပါတယ်။ အံမယ်တချို့များ လာသေးတယ် ဗွမ်းကနဲပက်ပြီးတော့ ဖတ်ခနဲရိုက်သွားသည်တဲ့။ ဘာလဲဟမေးတော့ ရေစိုအလှကို လက်နဲ့သမလိုက်တာပါတဲ့။ အိုးမဲများသုတ်လို့ရရင်တောင် သုတ်ကြမလားမသိ။ ဘာဘဲဖြစ်ဖြစ်ပျော်လာတာတော့ အမှန်။

မြန်မာပြည်မှာနေတုန်းကလဲ သေချာလျှောက်မလည်ဖြစ်။ များသောအားဖြင့်တော့ အိမ်မှာနေတယ် အမေလုပ်ကျွေးတဲ့ မုန့်တွေစားတယ် သူများအိမ်က လာပို့တဲ့မုန့်တွေစားတယ် အိမ်ကိုလာလည်တဲ့ ဦးလေးတွေနဲ့ အိမ်တွင်းဝိုင်းကလေးလုပ်တယ်၊ တချို့နှစ်မှာတော့ တရားစခန်းသွားဝင်ဖြစ်တယ်။ တရားစခန်းမဝင်တဲ့နှစ်ဆိုရင် အိမ်မှာဘဲ ဘာဖြစ်လို့နေဖြစ်မှန်းမသိဘူး။ ရွယ်တူသူငယ်ချင်းမရှိတာလဲပါမယ်။ ကျွန်တော့်ဘဝမှာ ရွယ်တူသူငယ်ချင်းဆိုလို့ ၁၀တန်းတုန်းကရယ် GTI ကျောင်းသွားတက်တုန်းကရယ်ဘဲရှိခဲ့တယ်။ နောက်ပိုင်းတက်တဲ့ ကျောင်းတွေမှာတော့ လူငယ်တွေချည်းဘဲဆုံတော့တယ်။ အလုပ်ဝင်တော့ ခင်ကြတဲ့ ဘော်ဒါတွေကလဲ ကိုယ့်ထက်ငယ်တဲ့လူတွေဘဲများတယ်။ ဆိုတော့ ခုလိုသင်္ကြန်ပွဲတွေ လည်ဖို့ကိစ္စတွေမှာ သူတို့နဲ့မဆုံဖြစ်တော့ပါဘူး။

နဲနဲငယ်တုန်းကတော့ မန္တလေးသင်္ကြန်ရောက်ဖူးတယ်။ အဒေါ်တစ်ယောက်က မန္တလေးမှာနေတာဆိုတော့ သူ့အိမ်တည်းရင်း သွားကြတာပေါ့။ မေမြို့ရောက်တယ် သင်္ကြန်တွင်း နောက်ညဖက် အလှပြကားတွေကြည့်ရတယ် တော်တော်ပျော်ခဲ့တယ်။ ရန်ကုန်မှာဆိုလဲ ဦးလေးတွေ အဒေါ်တွေမိသားစုတွေနဲ့ ကားငှားပြီးထွက်လည်ကြတယ်။ ကိုယ်ကကလေးဆိုတော့ သူတို့လို သောက်လို့လဲမရ အော်လဲမအော်တတ်ဆိုတော့ ရေစိုလို့ပျော်နေတာဘဲ သိတယ်။ ကိုယ်ကဲနိုင်တဲ့ အရွယ်ရောက်တော့ သူတို့ကလူကြီးတွေဖြစ်ကုန်တော့ အိမ်တွင်းဘဲအောင်းကြတော့တယ်။ ကိုယ်လဲ လမ်းပိတ်တော့တာဘဲ။

ဒီတော့ အိမ်မှာစားတယ်သောက်တယ် ဝရန်တာကနေ အောက်ကကားတွေဖြတ်သွားတာ ကြည့်တယ်။ သူများတွေကစားတာကြည့်တယ် နဲနဲရွလာရင် အပေါ်ကနေ ရေလောင်းချတယ်။ သူများတွေ ကားနဲ့လာပြီး ကိုယ့်တိုက်က တခြားအခန်းက သူတို့သူငယ်ချင်းတွေကို လာခေါ်ကြပြီဆို သိပ်ပျော်တာဘဲ လိုက်ချင်လိုက်တာလေ။ လည်တယ်ဆိုတာကလဲ ကိုယ့်လူတွေချည်းသွားမှ ပျော်ဖို့ကောင်းတာဆိုတော့ လက်မှတ်တွေဘာတွေ လာရောင်းရင်တောင်မှ ကိုယ့်သူငယ်ချင်းတွေ မပါတော့ မလိုက်ဖြစ်တာများပါတယ်။

ကဲခုတော့ စင်ကာပူရောက်တာ သုံးနှစ်ပြည့်တော့မည် ဒီကသင်္ကြန်ပွဲတွေ တစ်ခါမှမသွားဘူးသေး။ ဟိုးအရင်တစ်ခေါက်လာတုန်းကတော့ တိုပါးရိုးသင်္ကြန်သွားဖူးတယ်။ ဒီနှစ်တော့ အကြီးအကျယ် ဝှဲချီးကျင်းပမည်ဟု ကြော်ငြာထားတာတွေ တွေ့ရသည်။ လက်မှတ်ဝယ်ရမည်တဲ့ ခုထိတော့ မဝယ်ရသေး။ မှီနိုင်ကောင်းပါရဲ့။ ဘလော့ဂါဘော်ဒါတွေလဲ သွားကြမည်သတင်းရထားသည်။ လက်မှတ်ရဖို့အရေး ကြိုးစားလိုက်ဦးမယ်။

တကယ့်သင်္ကြန်ရက်မှာတော့ ရုံးပြန်တက်နေရမှာဖြစ်ပါတယ်။ အိမ်ပြန်ရောက်မှ ရေချိုးခန်းထဲဝင်ပြီး သင်္ကြန်ကြရမယ်ထင်ပ။


289 views

18 Responses to တီးကြဆိုကြ ကကြရလိမ့်ဦးတော့ပြန်

  1. pm says:

    တို့ စီရုပ်မလေး ကလည်း ရေပက်တာ ကြုံချင်တယ်တဲ့… လိုက်ပို့ရင်ကောင်းမလား
     
    (ဘလော့ပေါ်မှာပဲ စိတ်ရှိတိုင်းပြောရတဲ့ ဘ၀ပါလား ငါ့နှယ့်နော်…)

  2. ThihaThit says:

    ကိုကြီး ဒီဘီ
    သင်္ကြန်ကို ဘယ်လို ဆင်နွဲမှာလဲ?
    လက်တို့ပါဗျီု့.

  3. sin dan lar says:

    ရခိုင် ဘုန်းကြီးကျောင်းမှာပဲ ပရိတ်သွားရွတ်နေပါ….။
    သင်္ကြန်လည်ဖို့က များတို့ လူငယ်တွေလုပ်ရမှာပါ…. :-D :-D :-D :-D
     

  4. လူပျိုကြီး says:

    လွှမ်းမိုးသီချင်းပဲဆိုလိုက်တော့မယ် ရွှေပြည်တော်မျော်လေတိုင်းဝေး…..
    ဗမာပြည်သင်္ကြန်မပြောနဲ့ စင်ကာပူသင်္ကြန်တောင် မလည်နိုင်တဲ့ဘဝ။ :’(

  5. လူပျိုကြီး says:

    ကဲကဲ ဘလော့ပေါ်ပဲ သင်္ကြန်ကျလိုက်တော့မယ်။
     
    ” သင်္ကြန်နှစ်ဦးတူးပို့တူးပို့ တူးသံမြူးသာယာ
    ငွေငန်းသံစုံတူးပို့တူးပို့ အာရုံဖျော်ဖြေတာ
    မယ်တို့ကိုလည်း တူးပို့တူးပို့ မာပါစေခင်ဗျာ “

  6. MrDBA says:

    Youtube စမ်းကြည့်တာ။ သီချင်းလေးကလဲ အလန်းလေး။ လွမ်းတောင် လွမ်းသွားတယ်။

  7. sin dan lar says:

    အိုင်ကျူပါ တင်ပါ

  8. kaungkinpyar says:

    ကိုဒီဘီ ဘလော့မှာဘဲ သင်္ကြန်လာကျသွားတယ်

  9. Guest says:

    လူရိုးကလေးပါလားဟမ်။

  10.ုkom says:

    လူရိုးကလေးပါလားဟမ်။

  11. sin dan lar says:

    ဘာရိုးလို့လဲ…. မရိုးပဲနဲ့

  12. strike says:

    “ဗွမ်းကနဲပက်ပြီးတော့ ဘတ်ခနဲရိုက်သွားသည်” ကိုဒီဘီ၏ရေစိုဗိုက်ကြီးအား 

  13. MrDBA says:

    ဆင်ရယ် ကိုယ်ရိုးခဲ့ပါတယ်ကွယ် (အဟိ)

  14. ဇနိ says:

    happy thingyan kokoDB
    ;)
    Now your face is with make-up of black pot.
    အိုးမည်းသုတ်သွားတာ

  15. MrDBA says:

    =-O =-O

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Random Pages created by Best Accounting Services
  • RSS
  • Twitter
  • Facebook