၈/၈၂ အင်းလျား

ခုရက်ပိုင်းဗျာ စိတ်တွေညစ်နေလို့ သီချင်းနားထောင်ဖြစ်တာနဲ့ ငယ်ငယ်ကသိပ်ကြိုက်ခဲ့တဲ့ သီချင်းဟောင်းလေးတွေ နားထောင်ဖြစ်တာနဲ့ နှောင်းလူများ နားထောင်လို့ရအောင် မျှလိုက်ပါတယ်။ (ဘာဘဲဖြစ်ဖြစ် ဆားတစ်အိုးတော့ ကျက်သွားတယ်။)

သီဆိုနေမယ် မင်းဖို့သီချင်းတွေ တစ်ညလုံးဘဲ အင်းလျားလမ်းမပေါ်မှာလေ .. (တစ်ကယ်တော့ ကိုယ်နေတာက နယ်မှာပါ။ သို့သော်လဲ ဆိုလို့ကောင်းတယ်ဗျ။ အင်းလျားလမ်းလဲ ရောက်ဖူးသေးပါဘူး အဲဒီတုန်းက လှည်းတန်းနားက တက္ကသိုလ်ကြီး လှုပ်ရှားသက်ဝင်နေတာတော့ တွေ့ဖူးတယ်။)

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

အချစ် …… မင်းကိုလွမ်းရတဲ့ညတွေ လွန်ပါစေ …

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

ဒါကို ပြည်မှာကျောင်းတက်ကြတော့ ကျောင်းတွင်းက ငုရွှေဝါဆောင်ဆိုတာရဲ့ နောက်ကျော ဘောလုံးကွင်းကြီးထဲကနေ ခြင်တွေအကိုက်ခံပြီးဆိုခဲ့ကြတာ ပြန်မြင်ရောင်မိသေး။ တကယ်ဆို ကိုယ့်ကောင်မလေးက အဲဒီမှာနေတာမဟုတ်ဘူး သူကအပြင်ဆောင်နေတာ။ ရပ်ကွက်ထဲက အဆောင်ရှေ့သွားဆိုရင် ရန်ဖြစ်မှာစိုးလို့ ကိုယ့်ကျောင်းဝင်းထဲက မိန်းခလေးဆောင်မှာသွားဆိုတာ။ အရှေ့မှာဆိုလို့ ရဘူးဗျ သူတို့က ဝင်းနဲ့ခြံနဲ့ထားတာဆိုတော့ အနီးဆုံးဖြစ်မည့် အဆောင်နောက်ဖက် ဘောလုံးကွင်းထဲက လှမ်းအော်ရတာ။ မှတ်မှတ်ရရ တစ်ညလားဘဲ သုံးနှစ်အတွင်းမှာ။ ခြင်ကိုက်လို့ နောက်မသွားတော့ဘူး။ အဲဒီလိုဇွဲကောင်းကြတာ။

မိုးလုံးမှိုင်းလို့  .. ဒို့သိခဲ့တဲ့ ..ဗင်ဒါတွေ …….

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

ဒါလေးကတော့ ၁၀ တန်းကျောင်းသားလောက်က စိတ်လေနေရင် တီင်္းတီးပြီးဆိုလေ့ရှိတယ်ဗျ။ ငယ်တုန်းကတော့ ဘာလို့လဲမသိဘူး။ ဒါလေးဆိုလိုက်တဲ့အခါမယ် ကြက်သီးတွေထလာပြီး ခွန်အားတွေပါလာတယ်လို့ခံစားရတယ်။

ဒီတစ်ညတော့ မင်းရင်ခွင်မှာအိပ်ဖို့ရောက်လာပြီ … တံခါးဖွင့်တော့ကွယ် …

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

Bonus:

ချိုသာတဲ့ မင်းရဲ့စကားသံတွေ … ကြင်နာတဲ့ မင်းအယုအယတွေရယ် …. သာယာစွာမူးရစ်ခဲ့ပေမယ့် … ဟိုတခါကချစ်ခဲ့လေသမျှ …. ရင်နာစွာမုန်းမေ့ရက်သူ ယုရေ. ..

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

(ဒါလေးက ယုဆိုတဲ့လေဒီတစ်ယောက်ကို သွားကြူခြင်ရင် အကိုက်ဘဲဗျ။ မိုးအေးအေးမှာ နားထောင်လိုက်ကြရအောင်လား။)

လိုက်ခဲ့ဖို့လိုတယ်ဆို .. စာရေးလိုက်အရောက်လာမယ် အဝေးကြီးလို့ဆိုပေမယ့် ကိုယ်ကြိုးစားအရောက်လာမယ် ……. …..

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

နံနက်စောစော…. နေခြည်အလာတွင် …. လေပြေညှင်းနဲ့ ယိမ်နွဲ့လူးတဲ့ … ဖူးပွင့်စပန်ခင်းထဲက အမွှေးဆုံးကို ကိုယ်တိုင်ရွေးလို့ ……… စပါယ်ပန်းတွေ …. သင်းပျံ့တဲ့အခါညရောက်ရင် ….

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

(ဆောင်းတွင်းများ ဒီသီချင်းကို ဖီလင်အပြည့်နဲ့ဆိုပြီးလို့ကတော့ ကျွန်တော့်မှာသီချင်းပြီးရင် မျက်ရည်တွေလဲဝဲ နှပ်တွေလဲရွှဲပေါ့ဗျာ။ အဲဒီလောက်ကောင်းတာပါ။)

မွန်းအောင်သီချင်းများ လိုချင်လျှင် ဒီမှာယူသွားပါတော့

[download id="1"]

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

Tags :
22,885 views