၆ ကြိုးကဝေ သို့မဟုတ် လက်ချောင်းများနှင့်ကခုန်ခြင်း

ဟော်တယ်ကာလီဖိုးနီးယား(Hotel California) ဆိုတာကိုနားထောင်လိုက်ရပြီးတဲ့အခါမှာတော့ ကျွန်တော်ဟာဘယ်လိုမှဒီအကြောင်းကို မရေးဘဲမနေနိုင်တော့ဘူး။ သူကလေးဟာ တော်တော်ပါရမီရှိပြီး တော်တော်လေ့ကျင့်နိုင်စွမ်းအားကောင်းတဲ့ သူလေးတစ်ယောက်ဆိုတာကို အသိအမှတ်မပြုဘဲမနေနိုင်တော့ဘူးဗျာ။ သူ့ရဲ့ဟန်ပန်ဟာ တကယ့်ဝါရင့် ကျွမ်းကျင်ဂီတသမားတစ်ယောက်လို တည်တည်ငြိမ်ငြိမ်နဲ့ တီးခတ်ပုံတွေကိုကြည့်ရတာဟာ ကလေးတစ်ယောက်လို့ကိုထင်ရက်စရာမရှိတော့ဘူး။ နောက်တစ်ပုဒ် Bonjovi ရဲ့ Living on a prayer ကို Base တွဲလုံးလေးတွေနဲ့တီးခတ်သွားတာကိုကြည့်ပြီးတဲ့ အခါမှာလည်းသူဟာ တကယ့်ဝါရင့်တစ်ယောက်လို တီးခတ်သွားတာကိုတွေ့နိုင်ပါတယ်။ သူဟာဂီတာကိုလက်ချောင်းလေးများဖြင့် တစ်လုံးချင်းတီးခတ်ရတဲ့ ပုံစံကိုနှစ်ခြိုက်သဘောကျသူဖြစ်တဲ့ အတိုင်းဟော်လိုဂစ်တာသီးသန့်ကိုသာ မိုက်တစ်လုံးနဲ့သာတွဲဖက်ပြီးတီးခတ်တာဖြစ်တဲ့အတွက် လျှပ်စစ်ပစ္စည်းများရဲ့ ကူညီပံ့ပိုးမှုနည်းပြီး ဂီတာသံသီးသန့်နားထောင်ရတဲ့ အရသာဟာ တော်တော်လေးနားဝင်ချိုပြီး နှစ်ချိုက်စရာကောင်းလှပါတယ်။

sungha jungသူ့ရဲ့သီချင်းလေးတွေကို ကြည့်ဘူးတာတော့မနှစ်ကတည်းကတစ်ခါကြည့်ဘူးပါတယ်။ ဒါပေမယ့်မေ့မေ့ပျောက်ပျောက်ပြန်ဖြစ်သွားတယ်။ မနေ့ကတော့ ကိုကေရဲ့ click of the day လေးမှာ သူ့ရဲ့သီချင်းတစ်ပုဒ်ကိုတင်ထားတာ တွေ့လိုက်မိပြီးတဲ့အခါမှာတော့ သူ့အကြောင်းကိုပြန်သတိရပြီး အကုန်ပြန်ရှာနားထောင်ဖြစ်ပါတော့တယ်။ သူကလေးကတော့ Sungha Jung ဆိုတဲ့ တောင်ကိုရီယားကလေးငယ်လေးတစ်ယောက်ပါဘဲ။ သူဟာ ၂၀၀၇ ခုနှစ်ကမှ အသက်၁၁နှစ်ပြည့်ထားသူလေးပါ။ ခုဆိုရင် ၁၃နှစ်ထဲရောက်ရောပေါ့။ သူကလေးရဲ့ဖခင်ကလည်း သူ့လိုဘဲဂီတာတီးပုံရပါတယ်။ သူဟာ၉နှစ်သားလောက်မှာ သူ့အဖေဂီတာတီးတာကိုကြည့်ပြီးတဲ့အခါမှာတော့  ဂီတာတီးဖို့စတင်ခဲ့ပါတော့တယ်။ သူ့ရဲ့ရည်မှန်းချက်ကတော့ ပရိုဂီတာသမားဖြစ်လာရေးပါဘဲတဲ့။ လောလောဆယ်မှာတော့သူဟာ တစ်နေ့လျင်၂နာရီနှုန်းနဲ့ ကျောင်းဖွင့်ရာသီမှာ လေ့ကျင့်မှုလုပ်ငန်းများကိုလုပ်ဆောင်ပြီးတော့ ကျောင်းပိတ်ရက်မှာတော့ တစ်နေ့သုံးနာရီ လေ့ကျင့်မှုတွေပြုလုပ်ပါတယ်။ သူ့အဖေဆီက တီးခတ်လေ့ကျင့်မှုအမွေကိုရရှိခဲ့ပုံပါဘဲ။ သူဟာအစပိုင်းမှာတော့ နားအကြားအာရုံ နောက်ပြီးတော့ တီးခတ်မှုဗွီဒီယိုတွေကြည့်ခြင်းဖြင့်သာ ဘယ်လိုတီးခတ်တယ်ဆိုတာကို မှတ်သားပြီးပြန်လည်တီးခတ်ခဲ့ပေမယ့် ရံဖန်ရံခါမှာတော့ ဂီတနုတ်စ်များရှာဖွေလို့ရခဲ့မယ်ဆိုရင် မူရင်းဂီတနုတ်စ်နဲ့တီးခတ်ပါတယ်။ သူတီးခတ်တဲ့ဂီတာကို သူ့အရပ်အမောင်းနဲ့အဆင်ပြေစေရန် သေသေချာချာပြုလုပ်ထားခဲ့ရပါတယ်။ ဒါပေမယ့်သူ့ရဲ့လက်ချောင်းလေးတွေကို သတိထားကြည့်မိမယ်ဆိုရင် သွယ်လျှရှည်မျောတဲ့ လက်ချောင်းလေးတွေဖြစ်ကြောင်းတွေ့ရမှာပါ။

ကဲစာဖတ်တာလေးခဏနားလို့ သူ့လက်ရာလေးတွေမြည်းစမ်းကြည့်လို်က်ကြရအောင်လား။ ဒါလေးကတော့ လူတိုင်းနားထောင်ဖူးကြတဲ့ Hotel California ဆိုတာလေးဘဲဖြစ်ပါတယ်။ သတိထားကြည့်မိမယ်ဆိုရင် သူ့ရဲ့သွယ်လျပြီး မြူးကြွနေတဲ့လက်ချောင်းလေးတွေနဲ့ တည်တည်ငြိမ်ငြိမ်တီးခတ်ဟန်လေးကိုတွေ့ရမှာပါ။

httpv://www.youtube.com/watch?v=0ZbZRWINje4

နောက်ထပ်တစ်ပုဒ်ကြည့်စေခြင်တာလေးကတော့ Ob-la-di Ob-la-da ဆိုတာလေးပေါ့ဗျာ။ တကယ်ဗျာ ငယ်ငယ်တုန်းက ပလေးဘွိုင်း သန်းနိုင်တို့အဖွဲ့ကိုပြန်သတိရသွားတယ်။ ကျွန်တော်တို့ငယ်ငယ်ကဂီတာတီးသင်တော့ ဆရာကဒီလိုမျိုးတီးလုံးတွေအမြဲတီးတီးပြလေ့ရှိတယ်လေ။ ဒီသီချင်းလေးဟာ ကျွန်တော့်ကိုငယ်ငယ်ကအချိန်လေးတွေဆီကို ပြန်လည်ခေါ်ဆောင်သွားခဲ့တယ်။

httpv://www.youtube.com/watch?v=2uG_y8_FiKM

Yesterday Once More ဆိုတာလေးနားထောင်လိုက်ရတဲ့ အခါမှာလည်း ငယ်ငယ်ကရေဒီယိုမှာ ညဖက်မြန်မာပိုင်းအစီအစဉ်များပြီးရင် အင်္ဂလိပ်သီချင်းများ အစီအစဉ်မှာနားထောင်ရတဲ့ ဘဝလေးပြန်မြင်ယောင်သတိရမိတယ်။ အဲဒီအစီအစဉ်မှာလည်းဘဲ ယခုလိုတီးလုံးသီးသန့်လာလေ့ရှိတယ်လေ နွဲ့ယဉ်ဝင်းတောင်မှ ဆိုသေးတယ်လေ …. "ငယ်ရွယ်စဉ်အခါမှာ..♫♪..♫♪စိတ်ကိုညှိ့ယူဖမ်းစားတယ် ..♫♪♫♪..ရွှေသမင်မျက်လုံးပိုင်ရှင်ရာ ♫♪…. " အစချီသီချင်းလေးပေါ့။

httpv://www.youtube.com/watch?v=w_nF551TSlc

သူ့ရဲ့အခြားသောသီချင်းများကို နားဆင်ခံစားခြင်တယ်ဆိုရင်တော့ http://www.youtube.com/jwcfree မှာအများကြီးရှိပါကြောင်း ပြောကြားရင်း ခဏနားပါရစေဗျာ။

Bonus:

httpv://www.youtube.com/watch?v=FRWU2DysF30

httpv://www.youtube.com/watch?v=LhTLWw3vvFA

httpv://www.youtube.com/watch?v=5IXa2pNGVj8

httpv://www.youtube.com/watch?v=RZzaHi-5lk0

Tags :
20,172 views