ရပ်ကွက်ထဲက ကားပြိုင်ပွဲ

စင်ကာပူမှာ Formula One ကားပြိုင်ပွဲပြီးတာမှ မကြာသေးဘူး မနေ့ကရပ်ကွက်ထဲမှာ ကားပြိုင်ပွဲတစ်ခု ကြုံခဲ့ရသေးတယ်။ ဒီကစားနည်းကို ညနေတိုင်းလိုလိုတွေ့နေတာ ဒီလိုကြီးကျယ်လာလိမ့်မယ်လို့မထင်ထားဖူး။ တနင်္ဂနွေနေ့က နေ့လည်ပိုင်း အိမ်အောက်ခဏဆင်းတော့ လူတွေအများကြီး အုံးအုံးကျွက်ကျွက်ဖြစ်နေလို့ ဘာများလဲလို့ သွားစပ်စုတာ အဲဒီတော့မှ ပြိုင်ပွဲကြီးကျင်းပနေမှန်းသိရတော့တယ်။

ကြည့်ကြပါဦး အိမ်အောက်ထပ်တစ်ပြင်လုံးကို ပြိုင်ကွင်းဆောက်ပြီး အားရပါရဆော့ကြတာ။ ခဏဆင်းတာဆိုတော့ ကင်မရာကလဲ မပါလာတော့ အပေါ်ပြန်တက် ကင်မရာမယူတော့ဘဲ တယ်လီဖုန်းလေး ဆွဲလာခဲ့တယ်။ ဖုန်းနဲ့ဘဲ မသိမသာရိုက်တော့မယ်ပေါ့။ တော်ကြာ ကင်မရာကြီးတကားကားနဲ့ဆို စိတ်ဆိုးနေကြမလား ကြောက်တာလဲ ပါတာပေါ့။ ဒါနဲ့လေ့လာကြည့်တော့ ကျွန်တော်တို့ အိမ်အောက်မှာ အဲဒီပြိုင်ကားလေးတွေရောင်းတဲ့ ဆိုင်ကလေးတစ်ဆိုင်ရှိတယ်ဗျ။ အဲဒီဆိုင်ကကြီးမှုးကျင်းပပေးတဲ့ ကားပြိုင်ပွဲပါတဲ့။ လက်မှတ်တစ်စောင် (ဝင်ပြိုင်ခွင့်) ကို စင်ကာပူတစ်ဒေါ်လာတန်နဲ့ တစ်ဒေါ်လာခွဲတန်ဆိုပြီး နှစ်မျိုးနှစ်စားရှိဆိုဘဲ။ ဆုအနေနဲ့ကတော့ ပြိုင်ကားပေးမယ်တဲ့။

ကလေးတွေချည်းဘဲဆော့မယ်ထင်နေသလား မှားသွားမယ်။ ကလေးကနဲနဲ လူငယ်လူလတ်ပိုင်းကများများဖြစ်နေတယ်။ မိန်းမတွေတောင်ဆော့တယ်ဗျာ။ အံ့သြလို့။ အမယ်တစ်ချို့များ အဖွဲ့လိုက်လာပြိုင်တာရှိသေး။

ပုံတွင်ရှုစားပါ။ သူတို့အဖွဲ့ကကို လူဆယ်ယောက်လောက်ရှိတယ်။ ဆုရရင် အဲဒီကားတစ်စီးကိုဘယ်လိုခွဲပြီးဆော့ကြမလဲ စဉ်းစားလို့မရဘူး။

ပြိုင်တာမှ အားရပါးရဗျ။ ကစားဖို့လာတဲ့လူတွေရဲ့ မိသားစုတွေကလဲ မလှမ်းမကမ်းမှာ အခင်းတွေခင်းပြီး စားသောက်လို့။ အားပေးကြလို့။ ပုံထဲကလို ကားပြင်ဆရာတွေကလဲ အဖွဲ့လိုက်တစ်မျိုး တစ်ဦးချင်းတစ်မျိုးနဲ့ တော်တော်စည်စည်ကားကားဗျာ။ လူကြီးတွေတင် ပြင်တတ်တာမဟုတ်ဘူး ဆော့နေတဲ့ ကလေးအဖွဲ့ထဲမှာကိုဘဲ ပစ္စည်းကိရိယာ စုံစုံလင်လင်နဲ့ သူငယ်ချင်းတွေကိုပြင်ပေးနေတဲ့ ချာတိတ်တစ်ယောက်တွေ့တာနဲ့ အသာလေးဝင်ရောပြီး ဟိုမေးဒီမေးနဲ့ ခွင့်တောင်းပြီး သူ့ကားလေးကို ဓါတ်ပုံရိုက်ခဲ့သေးတယ်။

 

ပြိုင်ပွဲမှာစည်းကမ်းလဲပါသေးသဗျ။ Tamiya ဆိုတဲ့ ကားအမျိုးအစားနဲ့ဘဲပြိုင်ရမယ်၊ Sanyo Alkaline ဓါတ်ခဲဘဲသုံးရမယ်ဆိုတာကလဲ သတ်မှတ်ထားသေးတယ်။ ဓါတ်ခဲနှစ်လုံးသုံးရတယ်။ အရှိန်အနှေးအမြန်က ရီမုဒ်နဲ့ထိမ်းတဲ့ အမျိုးအစားမဟုတ်တော့ ကစားကွင်းအနေအထားကိုလိုက်လို့ ကိုယ်ကတွက်ချက်ပြီး သေသေချာချာ ချိန်ထားရတယ်တဲ့။ မြန်လွန်းရင်လဲ ကွင်းအပြင်ထွက်မယ်။ နှေးလွန်းရင်လဲ အမြင့်တက်တဲ့ အပိုင်းတွေကြ မတက်နိုင်တော့ဘူး။ ကွင်းက သုံးပတ်ရှိတော့ သုံးပတ်လုံးအမှားအယွင်းမရှိသွားနိုင်ပြီး ပန်းဝင်ရင် နိုင်တဲ့သဘောရှိတယ်။

အပေါ်တက် အောက်ဆင်း ကုံးကျော်လေးတွေပါတဲ့ ကားပြိုင်ကွင်း။

ဒါကတာလွတ်တဲ့နေရာ တာဖမ်းတဲ့နေရာပေါ့ အနိုင်ရသူစာရင်းလဲရှိသေး ဘယ်သူက ဘယ်နှစ်စက္ကန့်နဲ့ သုံးပတ်ပြီးလဲဆိုတာပေါ့။  အိတ်စ်ကျူမီဆိုလို့ ငမ်းနေရာက ဓါတ်ပုံကမန်းကတန်းရိုက်ပြီးကြည့်လိုက်တော့ အဲဒီလက်မောင်းအနီရောင်နဲ့ဟာက မိန်းမကြီး။ သူလဲကားပြိုင်ပွဲဝါသနာကြီးပုံရတယ်။

ဒါနဲ့ Google မှာရှာကြည့်တော့…

ဒီလိုကွင်းတွေနဲ့ ကစားလို့ရပါတယ်တဲ့။ ရန်ကုန်ပြန်ပြီး လုပ်စားစရာတစ်ကွက်တွေ့သွားပြီ။ သေချာတယ် ကစားမှာဘဲ။ ဘေးနားမှာ ကွမ်းယာဆိုင် အအေးဆိုင်ပါတွဲဖွင့်လိုက်ရင်မိုက်ပြီ။

ဒါကသူ့ကုပ္မဏီမှာရောင်းတဲ့ ကားအမျိုးအစားနမူနာပါ။

ဒါလေးက ပြိုင်ကွင်းမှာ အပါတ်ရေတိုင်းတဲ့ တိုင်မာလေးပေါ့။

သေချာစီးပွားဖြစ်လုပ်ချင်တယ်ဆိုရင်တော့ ဒီမှာလေ့လာကြပါခင်ဗျ။ ကျွန်တော့်ကိုတော့ ရှယ်ယာခွဲပေးရမယ်နော် အလုပ်ဖြစ်ရင်။ www.tamiya.com/english/e-home.htm


946 views

33 Responses to ရပ်ကွက်ထဲက ကားပြိုင်ပွဲ

  1.ုkom says:

    စိတ်ဝင်စားစရာဘဲ တစ်ခါမှ မတွေ့ဘူးဘူး

  2. khet myint myint says:

    အကို
    ပုံတွေလဲမမြင်ရပါလား။ စာတွေဖတ်သွားတယ်။  :)

  3. sin dan lar says:

    ပုံမမြင်ရသေးသော်လည်း.. စာဖတ်၍ မြန်မာပြည်တွင် ကိုဒီဘီ ကားပြိုင်ကွင်းလုပ်ပါက ဆိုင်ခန်းတစ်နေရာစာ ချန်ပေးစေလိုကြောင်း…။

  4. strike says:

    ko dkba hobby ကရောဘာလဲဗျ။

  5. အိပ်မက်ရှင် says:

    အဲလို ကားပြိုင်ပွဲမျိုး ကျွန်တော် East Coast Beach ဘက်ကို ရောက်တုန်းက စကိတ်ကွင်းရဲ့ အရှေ့ဘက်မှာ ရှိတဲ့ ပြိုင်ကွင်းမှာ ပြိုင်နေကြတာကို မြင်ခဲ့ဖူးတယ်၊ အဲလို ပြိုင်ပွဲမျိုးကို စိတ်ဝင်စားတယ်၊ Formula One တုန်းကတောင် ကြားထရံကြားက သွားချောင်းသေးတယ်လေ ဟားဟား … ဟိုးအရင်က ဂိမ်းဆော့ရင် အဲလို ကားပြိုင်ပွဲဂိမ်းတွေ ဆော့နေကျ … စိတ်တော့ ၀င်စားသားကလားဗျ ပုံတွေ ကြည့်ချင်တာ မြင်ရဘူးဗျာ … ဘယ်လိုဖစ် … ပါလိမ့် … ???

  6. လူပျိုကြီး says:

    ဆော့စရာမရှိ ကြံကြံဖန်ဖန်နော် ဆော့ကိုဆော့တယ် :D

  7. လူပျိုကြီး says:

    ကျွန်တော် ကောက်ညင်းပေါင်းနဲ့အကြော် ရောင်းချင်လို့ပါ ကိုယ့်လူအချင်ချင်း တစ်နေရာတော့ လုပ်ပေးဦးနော် ဘယ်သူမှ အားမပေးလည်း ကျွန်တော်ရယ် ကိုဒီဘီရယ် ယူယူစားနေတာနဲ့ကုန်လောက်ပါတယ်။ :D

  8. Guest says:

    Would like to have a stall at the race to sell beer if you are going to sponsor the competition in Burma as only the rich can take part and it is sure that they will need to fill fuel a lot for themselves. 8-)

  9.ူlazygarfield says:

    ကျွန်တော် ကျောင်း မှာ project တစ်ခု အနေ နဲ့  (အဲလို မျိုး tamiya ကား ကိုဘဲ solar panel တပ်ပြီး) solar car ဆောက်ခဲ့ ပါသေး တယ် ။  Paya Lebar Road ဘက်မှာ tamiya show room ရှိ ပါ တယ် ၊ ကား လေယာဉ် ပုံစံ အမျိုးမျိုး size အစားစား ရှိ တယ်
    ( အရုပ် တွေ ပေါ့ ) :-P

  10.ူlazygarfield says:

    innovated tamiya solar car

  11.ူlazygarfield says:

    ha ha 8-)

  12. sin dan lar says:

    ဆုပေးမယ့် ပြိုင်ကားက ပြိုင်ကား အစစ်ကိုး….။
    ပုံတွေမမြင်ရခင်က ဒီလို ကြီးကြီးကျယ်ကျယ်ပြိုင်မယ်မထင်တော့ အရုပ်ပြိုင်ကား ပေးမယ်မှတ်နေတာ…ဟီးးးးးး

  13. Guest says:

    အရုပ်ပြိုင်ကားဘဲပေးတာလေ ဆင်ဆင် … :( ၁ ကျပ်တန်လက်မှတ်နဲ့ လာဆော့တဲ့လူကို ပြိုင်ကား အစစ်ပေးမယ်ဆိုရင် ကိုကိုဒီဘီလဲ ဝင်ပြိုင်ပြီပေါ့ကွယ် … :-P

  14. MrDBA says:

    ဟုတ်ကဲ့ သွားကိုဝယ်ဦးမယ် ..

  15. တောင်ငူသား says:

    အကိုရေ
    ကားလေးတွေက ဓါတ်ခဲထည့်ပြီး ခလုပ်ဖွင့် ပြေးလမ်းပေါ်တင်ပေးလိုက်ရတာပဲလား
    စိတ်ဝင်စားတယ်ဗျ။ သူတို့ ဘယ်တော့လောက် တစ်ကြိမ်ကျင်းပလေ့ရှိလဲ
    ကြိုပြီး သိရင် လာလေ့လာချင်တယ်ဗျာ။ တခြားဘယ်နေရာတွေမှာ ဒိလိုမျိုးရှိသေးလဲ။ အဲဒီဆိုင်ကရော ဘယ်နားမှာလဲ
    ပြောပါဗျာ။ မြန်မြန်ပြောပါ။

  16. Guest says:

    ထုံပါပေတယ် ဆင်ဆင်

  17. Guest says:

    အဟိ.. Guest လည်းပြောသေး ပြီးတော့ ကိုဒီဘီပုံနဲ့ ကိုယ်ဒီဘီ့ကိုယ်ပိုင် စကားလုံးနဲ့ =-X

  18. MrDBA says:

    ဟုတ်တယ်ဗျ ..ဟိုဆော့ ဒီဆော့လုပ်လိုက်တာ Nickname နေရာမှာ Guest ဖြစ်နေမှန်းမသိဘဲ ခလုပ်နှိပ်လိုက်မိလို့ … :P

  19. Guest says:

    ဟီးဟီး.. သူများသာသွားပြောနေတာ ကိုယ်ကလည်း Guest ဖြစ်နေတယ်။

  20. sin dan lar says:

    တောင်ငူသားကလဲ….ဇွတ်….. :-P
     
    အယ်.. နာ့ကို နှိမ်လိုက်ကြတာ… ထုံတော့ဘာပြုလဲ…. >:o >:o >:o >:o >:o >:o >:o

  21. strike says:

    မိုက်တယ်

  22. strike says:

    သေပါတော့ ထုံဆင်ရယ်

  23. MrDBA says:

    ထုံတော့ ကလေးတွေအတွက် စိုးရိမ်ရတာပေါ့ ဆင်ဆင် .. =-X =-X =-X =-X =-X =-X =-X

  24. strike says:

    အဲ့ဒီ့ရမယ့်ပြိုင်ကားကို ယူ့ကိုကို ကိုပေးပြီးတက်မောင်းခိုင်း ပါးစပ်ကလဲအော်ခိုင်း ကားမောင်းသလိုမျိုး

  25. strike says:

    နာရှက်တယ် ဆင်ဆင် နာရှက်တယ်

  26. sin dan lar says:

    >:o

  27. လူပျိုကြီး says:

    ပုံတွေအသေချာကြည့်တော့မှပဲ ကိုဒီဘီက ဆိုက်တူဂိုက်တူတွေကို နောက်ကနေ ဓါတ်ပုံရိုက်ထားတာကိုးဗျ။ တူတယ်တူတယ် ဟီးဟီး :D

  28. တောင်ငူသား says:

    lazygarfield  ပြောမှ သတိရသွားတယ်။ ရုံးက အလုပ်ကိစ္စနဲ့ Paya Lebar ဖက်က workshop တစ်ခုကို အသွားမှာ အဲဒီအရုပ်တွေ (ကား၊ လေယာဉ်၊ ဆိုင်ကယ် အမျိုးစုံ) ကို အများကြီးပြထားတဲ့ ဆိုင်တစ်ဆိုင်ကို သတိထားမိတယ်။ အရုပ်ဆိုင်လို့တော့ နည်းနည်းထင်မိသား။ ဒါပေမယ့် အရုပ်တွေက သိပ်ကို သပ်ယပ်လှပလွန်းနေတော့ ခန့်မှန်းရခက်နေတယ်။ အဲဒါ tamiya show room ဖြစ်မယ်ထင်တယ်။ လမ်းမကြီးပေါ်ပဲ။ Crocodile  နားမှာပါ။

  29. MrDBA says:

    ဟုတ်မယ် ကိုတောင်ငူသား .. ကျွန်တော်တို့အိမ်အောက်နားမှာတော့ ဆိုင်သေးသေးလေးဘဲ။ လက်လီဆိုင်နေမှာပေါ့။ သူကဦးစီးပြီးလုပ်လိုက်တာဘဲဗျ။

  30. ဖြိုးမော် says:

    ကို ဒီဘီအေရေ ဘယ်နားလဲဟင်…
    လာဆော့ချင်စိတ် တဖွားဖွားတောင် ပေါ်၏။

  31. ဇနိ says:

    ပြိုင်ချင်လိုက်တာ.. 8-)

  32. MrDBA says:

    နောက်တစ်ခါ ပွဲလုပ်ခါနီးရင် သတင်းပို့ပါမည့်အကြောင်း

  33. နွယ်ရိုး says:

    စိတ်ဝင်စားသဗျာ ဓာတ်ပုံလေးတွေ များများ မြင်ရရင် ပိုကောင်းဦးမှာ။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Random Pages created by Best Accounting Services
  • RSS
  • Twitter
  • Facebook