ရင်ခုန်သံ .. မြန်တယ်

PG-13 rating symbol

PG-13 – Parents Strongly Cautioned

Some material may be inappropriate for children under 13. May contain moderate language, minimal strong language, some explicit nudity, intense violence and/or gore, or mild drug content.

 


အမှာစာ။ ။ အကယ်၍သင်သည် မိဘအုပ်ထိမ်းသူလက်အောက်မှ မလွတ်သေးသူဖြစ်က မိဘခွင့်ပြုချက်ဖြင့်သာ ဖတ်ရန်။ အကယ်၍သင်သည် ဆက်လက်ဖတ်မည်ဆိုပါက ယင်တလောင်းလောင်းဖြစ်နေမည် ဖြစ်သောကြောင့် ယပ်တောင်တစ်ချောင်းဆောင်ထားရန်။ အရှက်အကြောက်ကြီးသူဖြစ်က ဆက်မဖတ်ပါရန်။


(၁)

ကိုရင်မောင်တစ်ယောက် ရုံးဆင်းတာနဲ့ မမေ့မလျှော့ လုပ်စရာရှိတာတစ်ခုကို သတိတရလုပ်ရမည်။ အိမ်ကမိန်းမက မနက်ကထဲက သတိတရမှာလိုက်သည်။ နှိုးစက်ပါသော နာရီတစ်လုံး ဝယ်ခဲ့ပါမည့်အကြောင်း။ သူ့မိန်းမက ရိုးသည်။ တယ်လီဖုန်းဖြင့် နှိုးစက်ပေးထားလဲရကြောင်း ပြောသည်ကို လက်မခံ၊ နှိုးစက်ဆိုတာ နာရီတစ်လုံး သတ်သတ်ရှိရမည်ဆို၍ ဈေးပေါပေါတစ်လုံး မဖြစ်မနေဝယ်လာရန်မှာလိုက်လေသည်။ ဈေးတန်းထဲက ပေါချောင်ကောင်းတစ်ဆိုင်မှာ ၅ကျပ်တန်နာရီတစ်လုံး ဝယ်အပြီးမှာတော့ အိမ်ကိုဖုန်းဆက်လိုက်သည်။ နာရီဝယ်ပြီးကြောင်း ဒီနေ့ည အိမ်အပြန်နောက်ကြမည့် အကြောင်း၊ ထမင်းစားမစောင့်ဖို့ အကြောင်း စသဖြင့်တွေပေါ့။ ဒီနေ့ည ရုံးအဆင်းတွင် သူငယ်ချင်းတစ်ယောက်အိမ်သို့ သွားရန်ရှိသည်ကိုတော့ သူ့မိန်းမသိပြီးဖြစ်သည်။ သို့သော်လည်း ထုံးစံအတိုင်း မိန်းမကိုတော့ ဂရုစိုက်ကြောင်းပြသည့်အနေဖြင့် သတင်းပို့ရပေသေးသည်ပေါ့။

(၂)

မနေ့က တင်မောင်ဖုံးဆက်လာသည်။ ရန်ကုန်တွင် အစိုးရအလုပ်ဝင်လုပ်နေသော ခင်မောင်တစ်ယောက် စင်ကာပူသို့ အစည်းအဝေးလာတက်ရမည်။ မတွေ့ရတာ ကြာပြီဖြစ်သော ငယ်ပေါင်းများ ကျောင်းပြီးကထဲက ကွဲကွာနေကြတာ ဖြစ်သောကြောင့် ယနေ့ည သူ့အိမ်တွင် လူစုံတက်စုံဆုံကြမည် လာခဲ့ပါဟု ဆိုထားသည်။ တင်မောင် ခင်မောင် ရင်မောင် ဆိုသည်မှာ ကျောင်းတုန်းကထဲက နာမည်အတွဲလိုက်ဖြစ်သောကြောင့် လူစိတ်ဝင်စားသော အတွဲတွေဖြစ်ကာ လူတွေကလဲ ခပ်ပျော်ပျော်တွေထဲကဖြစ်သည်။ ကိုရင်မောင်ကတော့ သူတို့လောက်မဆိုး သူက ဟိုနှစ်ယောက်နှင့်တွဲမိသော်လည်း လူကတော့ ခပ်အေးအေး စကားနဲနဲဆိုတဲ့ အမျိုးအစားထဲကဖြစ်သည်။ ဘယ်သွားသွား အမြဲတစ်တွဲတွဲဖြစ်ကာ ဟိုနှစ်ယောက်၏ အနွံအတာကို အမြဲခံရသူဖြစ်လေသည်။ သူ့မိန်းမကတော့ မှာလိုက်သေးသည် သိပ်မကဲခဲ့ဖို့ ညသိပ်မနက်ဖို့၊ ဒီနေ့က သောကြာနေ့ဆိုတော့ နောက်နေ့ရုံးသွားစရာ မလိုတာကြောင့်လဲ မီးကုန်ယမ်းကုန်ကဲကြမှာ စိုးရိမ်ပုံလဲရပါသည်။ သူ့မိန်းမကလဲ သူတို့နှင့် တစ်ကျောင်းထဲဆင်းဖြစ်သဖြင့် ဒီမောင်တွေ အကြောင်းကို အတွင်းသိဖြစ်သည်။ ဘာဘဲဖြစ်ဖြစ် ဒီမောင်တွေ ကောင်းမှုကြောင့်လဲ ကိုရင်မောင်တစ်ယောက် ဒီမိန်းမနှင့် နီးစပ်ခဲ့ခြင်းဖြစ်သည်။ ကိုရင်မောင် ခပ်အေးအေးသမားတစ်ယောက် ရည်းစားရပါမည့်အရေး ဒီမောင်တွေ ဘေးတီးခဲ့ကြတာဆိုလျှင်လဲ မမှားပေ။

(၃)

တင်မောင်သည် ယခုအချိန်အထိ လူပျိုကြီးဖြစ်ကာ ပျော်လို့ကောင်းနေတုန်းပင်။ သူ၏အလုပ်က ဝန်ထမ်းတွေအတွက် အိမ်ယာပေးသော်လည်း စည်းနှင့်ကမ်းနှင့် အစောင့်အရှောက် လုံခြုံရေးတွေနှင့် ထားတာဖြစ်သောကြောင့် မလွတ်လပ်ဟုဆိုကာ စိတ်တူကိုယ်တူ အပေါင်းအပါများနှင့် အပြင်တွင် အိမ်ငှားနေသူဖြစ်သည်။ ခင်မောင်ကတော့ ကျောင်းပြီးကထဲက အစိုးရအလုပ်ဝင်လုပ်ကာ ခုတော့ အရာရှိတစ်ဦးဖြစ်နေပြီ။ အိမ်ထောင်ကြကာ ကလေးတစ်ယောက်ပင်ရနေပေပြီ။ ကိုရင်မောင်ကတော့ ယခုအချိန်အထိ လူဦးရေ မတိုးသေး။ သူငယ်ချင်းတွေတွေ့ကြပြီဆိုလျှင် အမြဲအမေးခံရသည် ညံ့လိုက်တဲ့ကောင်ဟုလဲ အပြစ်တင်ခံရတတ်သေးသည်။ ကိုရင်မောင်တို့ ဒီကိုမလာခင်ကလဲ ရန်ကုန်တွင် အားလုံးစစ်ဆေးကြည့်ပြီးသား နှစ်ဦးစလုံး ကျမ်းမာရေးကောင်းကြသည် သို့သော် တိုင်ပင်လွဲနေတာဖြစ်မည်။ ဆရာဝန်၏ အကူအညီဖြင့် အချိန်ဇယားတွေဘာတွေဖြင့် ကြိုးစားဖူးသည် မအောင်မြင်ပေ။ ကြာတော့လဲ လာမည့်ခလေးကိုစောင့်မနေတော့ဘဲ စီးပွားရေးဖက်လှည့်ကာ လင်မယားနှစ်ယောက်စလုံး ဒီကိုထွက်လာခဲ့ကြတော့သည်။

ဒီရောက်တော့ ပိုဆိုးသွားသည် နှစ်ယောက်စလုံး အလုပ်ကိုသာမဲနေကြရသဖြင့် ကျန်တာသိပ်ပြီးတော့ စိတ်မဝင်စားအားဖြစ်သွားသည်။ သူကပြီးတော့ညရောက်လျှင်လဲ ကွန်ပျုတာတစ်လုံးဖြင့် လေ့လာစရာ ဖတ်စရာ မှတ်စရာတွေ လုပ်လုပ်နေတတ်သဖြင့် အမြဲအိပ်ယာဝင်နောက်ကျတတ်သလို သူ့မိန်းမမှာတော့ အချိန်ဖြင့် အိပ်တတ်သူဖြစ်ကာ အိပ်ယာဝင်စောလေသည်။ မနက်ကြပြန်တော့လဲ အလုပ်ကဝေးသဖြင့် စောစောထသွားရသူ ဖြစ်လေရာ စောစောအိပ်ယာဝင်ဖို့အတွက် အလေ့အကျင့်ဖြစ်လာသည်။ ဒီလိုတိုင်ပင် မကိုက်တာတွေရှိလာသဖြင့် သူတို့နှစ်ယောက်တွင် ယခုအချိန်အထိ လူဦးရေမတိုးနိုင်ခဲ့ပေ။ တခါတရံ အပေါင်းအသင်းတစ်ယောက် ကလေးမွေးသည်ဆို၍ ကလေးသွားကြည့်မိပါမှ ကိုယ်လဲကလေးတစ်ယောက်လောက်တော့ ရှိသင့်ပြီမှန်း လင်မယားနှစ်ယောက်စလုံး သတိရကြသည်။

(၄)

ဒီလိုနှင့် တင်မောင်နေသော အယ်ဂျူးနီဖက်သို့ ရောက်သောအခါ လူတွေစုံနေကြလေပြီ။ ဂျူတီဖရီးမှ ဝယ်လာသော ပုလင်းပင်စဖောက်နေကြပြီ။ ကိုရင်မောင်ရောက်သွားတော့ စကားဝိုင်းက ပိုမြိုင်သွားသည်။ သူတို့စနောက်စရာ လူတစ်ယောက် ရောက်လာသလို သဘောထားကာ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြဆိုကြ သောက်ကြနှင့် အတော်ပင် စည်စည်ကားကားဖြစ်လို့နေကြပါသည်။ တင်မောင့်အိမ်သည် ထောင့်ခန်းဖြစ်သဖြင့် လူသွားလူလာ နဲပါးကာဒီလူအုပ်အတွက် အတော်ပင်ဖြစ်တော့သည်။ ဒီလူအုပ် စကားပြောသံနှင့်ဆို ကြာလျှင် ဘေးခန်းက ရဲကိုပင်ခေါ်လောက်သည်။ ဒီလိုနှင့် ဒုတိယပုလင်း စဖွင့်ပြီးတော့ ခဏနားမည်ဟု တင်မောင်ကပြောကာ အိမ်ရှေ့တံခါးသွားပိတ်သည်၊ တရုတ်ကပ်မှန်တွေ သွားချသည်။ ဘာလုပ်မှာတုန်းဟုမေးတော့ ခင်မောင်ကြီးအတွက် စပါယ်ရှယ်ဟုဆိုလိုက်သေးသည်။ ဒီဗွီဒီအောက်စက်ကို ဖွင့်လေသည်။ အင်တာနက်ကနေ တကူးတက ဒေါင်းလုဒ် လုပ်ထားရတာဟုလဲပြောသေးသည်။ တင်မောင့် အခန်းဖော်တွေကတော့ ပြုံစိစိလုပ်နေကြသည်။

ခဏကြာသောအခါ လူတွေအာစေးကပ်ထားသလို ငြိမ်ကြသွားကြတော့သည်။ တီဗွီအသံကိုလဲ တတ်နိုင်သမျှ အတိုးဆုံးလုပ်ထားလိုက်သေးသည်။ ဒါကိုတောင် စိတ်မချသေးဟုဆိုကာ အခန်းဖော်တစ်ယောက်မှ သူ၏ကွန်ပြူတာကိုဖွင့်ကာ သီချင်းဖွင့်ထားလိုက်သေးသည်။ လူတွေစီးကရက်ကို ဖိဖွာနေကြသလားမသိ။ အခန်းတွင်းတွင် မီးခိုးများဖြင့် မွန်းကြပ်လာသည်။ ကိုရင်မောင်တစ်ယောက်လည်း အစိမ်းသက်သက်တော့ မဟုတ်ပေ။ သို့သော် ဒါမျိုးကိုငယ်ငယ်က ကျောင်းသားဘဝတုန်းကသာ သူငယ်ချင်းများဖြင့် ရပ်ကွက်ဗွီဒီယိုရုံတွင်သွားကြည့်ခဲ့ဖူးပါသည်။ အားလုံးသောက်လက်စခွက်တွေကိုမေ့နေကြသည်။ ခုနက ကိုရင်မောင်တို့ သောက်စားနေတုန်းက ဘာသိဘာသာ ကိုယ့်အခန်းတွင်းကိုယ် လုပ်စရာရှိတာလေးတွေ လုပ်နေကြသောလူများ ထွက်လာကြသည်။ ကိုရင်မောင် အာခေါင်တွေခြောက်လာသည်။ မင်းတို့စီးကရက်မီးခိုးတွေကလဲ မွန်းတယ်ကွာ အသက်ရှုကျပ်တယ်ဟု ကယောင်ကတန်းပြောလိုက်သေးသည်။

အိမ်ထောင်ရှင်ပင် ဖြစ်ပေဖြစ်ညားသော်လည်း ကိုရင်မောင့်အတွက် အထူးအဆန်းတွေ ပြန်ဖြစ်နေသည်။ ယခင်ကမေ့လျော့နေသော စိတ်ခံစားမှုတွေ ပြန်ဝင်လာသည်။ ကိုရင်မောင် ရှေ့မှာချထားသော ခွက်ကို ဂွတ်ခနဲ မော့ချလိုက်သောအခါ ဟေ့ကောင်ရင်ပူနေပြီလားဟု တင်မောင်မှ လှမ်းနောက်လေသည်။ ကြည့်ရတာမောလာသည် သူများတွေကိုမသိမသာကြည့်တော့လဲ ကိုယ့်အာရုံနှင့်ကိုယ်ဖြစ်နေသည်။ သူသာမူပျက်နေတာလားဟုတွေးမိကာ အသာလေးပြန်ငြိမ်ကြည့်နေလိုက်သည်။ ခဏနေတော့ ဇတ်လမ်းပြီးသွားသည်။ ခုမှနဲနဲစိတ်ပြန်ပေါ့သွားသည်။ လူတွေပုံမှန်ပြန်ဖြစ်ကုန်ကြပြီ၊ အိမ်ရှေ့တံခါးကိုပြန်ဖွင့်ကြသည် တီဗွီကို လိုင်းနံပါတ်၅သို့ပြောင်းလိုက်ကြသည်။ လူတွေအသောက်ဖက်ပြန်လှည့်ကြသည်။ သို့သော် သူရင်တွေခုန်နေတာတော့ အမှန်ပင်ဖြစ်သည်။ သောက်ရတာစိတ်မပါတော့ အိမ်ပြန်လျှင်ကောင်းမလား။

(၅)

ခဏနေတော့ တင်မောင်မှ အပြင်သွားရအောင်ဟု စကားဆိုလာသည်။ ခင်မောင့်ကို နတ်မိမယ်တွေဆီပို့ရဦးမယ်ဟု ဆိုလေသည်။ တင်မောင်မှသူ၏ နတ်မိမယ်များနေသော နေရာအကြောင်း ခင်မောင်အား ပြောပြနေလေသည်။ ခင်မောင်မှ ငါလဲကြားတော့ကြားဖူးပါတယ်ကွာဟုဆိုကာ သိချင်သည်များ မေးမြန်းပြန်သည်။ သူတို့ပြောကြသည်များတွင် ပန်းရောင်မီးအိမ်လေးတွေပါသည်၊ မျက်နှာကျက်တွင်တပ်ထားသော မှန်အဝိုင်းတွေအကြောင်းပါသည်။ တီးလုံးငြိမ့်ငြိမ့်လေးတွေပါသည်။ ခင်မောင် အားတက်လာကာ သွားရအောင်ဟု ဆိုလာတော့ ငါမလိုက်တော့ဘူး ပြန်တော့မယ်ဟု ကိုရင်မောင်ဆိုသော်လည်း ခင်မောင်မှတားလေသည်။ သူရောက်တုန်း ငယ်ငယ်ကလို သွားအတူ လာအတူ လိုက်ခဲ့ပါဦးဟုဆိုလေသည်။ မိန်းမကိုလဲ ပြောထားပြီးသားဆိုတာ သိကြတော့ ဘယ်လိုမှ အကြောင်းပြလို့မရပေ။ တင်မောင့်ထံမှ မင်း..မိန်းမဆီကိုပြန်ခြင်နေတာ ဘာကြောင့်ဆိုတာ ငါသိပါတယ်ကွာဟု စပ်ဖြီးဖြီးပြောသောအခါ အကုန်လုံး ဝိုင်းရီကြလေသည်။ ဒီလိုနှင့် ကိုရင်မောင် မပြန်ဖြစ်ပေ။ ညကလဲ နက်လာပြီ။ အပြင်သွားဖို့လုပ်ကြတော့ ကိုရင်မောင်ဝယ်လာခဲ့သော နာရီကိုလိုက်ရှာနေရသေးသည်။ ကိစ္စပြီးလျင် အိမ်ကိုတန်းပြန်မယ်ဟု သဘောတူညီချက်ထားကာ လိုက်ခဲ့ရသည်။

စကားတစ်ပြောပြောနှင့် လမ်းလျှောက်သွားကြသည်။ အိမ်မှနောက်ထပ်နှစ်ယောက်ကလဲ အစ်ကိုတို့နဲနဲမူးနေတယ် ကျွန်တော်တို့ အထိမ်းရအောင်နဲ့ အမြည်းကြည့်ရအောင် လိုက်ခဲ့မယ်ဟုဆိုကာ နှစ်ယောက်လိုက်လာခဲ့ကြသည်။ လူတွေကလဲ စည်ဘဲစည်ကားလွန်းတော့၊ ဒီလိုနှင့် အိမ်ပုပုလေးတွေချည်းသာရှိသော လမ်းကြားလေးတွေရောက်လာသည်။ အို .. လှဘဲလှချေသေးတော့ဟု ခင်မောင်မှပြောသောအခါ ဟိုရောက်ရင်ပိုလှမယ် ခုဟာတွေက စိတ်မချရဘူး၊ အတုတွေလဲရှိသေးတယ်ဟု ရှင်းပြနေသေးသည်။ ကိုရင်မောင် ရင်တွေပြန်ခုန်လာသည်။ ငါငယ်ငယ်က သူတို့တွေ ဘယ်ရောက်နေကြသလဲဟု စကားသွက်ဆိုလိုက်သေးသည်။ မင်း စိတ်ပါလာပြီမဟုတ်လားဟု တင်မောင်မှ နောက်လိုက်ပြန်သေးသည်။

ဒီလိုနှင့်ရောက်ကြသည်၊ အို ကိုရင်မောင် ရင်တွေဗြောင်းဆန်ကုန်သည်။ မှန်ခန်းထဲတွင် အရွယ်အစားစုံ ဆိုက်စုံဂိုက်စုံဖြင့် မော်ဒယ်များစီတန်းထားသလို ပြထားလေသည်။ ခါးတွင်နံပါတ်များလဲ ချိတ်ထားသေးရာ ဟုတ်တော့လဲဟုတ်နေသေးတော့သည်။ ကိုရင်မောင် ပါးစပ်အဟောင်းသားဖြင့် အံ့သြတကြီးကြည့်နေသည်။ တင်မောင်၏ ဟိုရောက်ရင် ပိုလှမယ်ဆိုသောစကား မှန်ကြောင်းလက်ခံသွားသည်။ ခင်မောင်နှင့် တင်မောင်ကတော့ တီးတိုးတီးတိုး သဖန်းပိုးလုပ်ကာ လူရွေးပွဲလုပ်နေသည်။ ကိုရင်မောင် အာခေါင်တွေပြန်ခြောက်လာသည်။ နားထင်တွင်သွေးတွေ တထိမ်းထိမ်းဖြစ်လာသည်။ ဘယ်လိုလဲဟု မျက်နှာပေးဖြင့် တင်မောင်မှလှမ်းကြည့်သည်။ ဒီတော့မှ ဟင့်အင်း ငါအပြင်မှာစောင့်နေခဲ့မယ်ဟု ကယောင်ကတန်းဖြေရသည်။ သူစပွန်ဆာလုပ်ပါမည့်အကြောင်း ခင်မောင်မှဆိုလာသေးသည်။ ဒီလိုနှင့် အတင်းတွန်းလွှတ်နေသဖြင့် နေပါဦး စိတ်ကြိုက်လေးကြည့်ပါရစေဦးဟုဆိုကာ မနဲတားထားလိုက်ရသည်။

အထဲမှလဲ အမျိုးမျိုးဟန်ရေးပြနေကြသည်။ ဒီလိုနှင့် ကိုရင်မောင်ကိုစိတ်မရှည်ဟုဆိုကာ ခင်မောင်မှနံပါတ်တစ်ခုကိုရွေးကာ လိုက်ပါသွားတော့သည်။ အဖော်လိုက်လာသော နှစ်ယောက်ကလဲ အလန်းလေးတွေနော် အစ်ကို တခါတလေပေါ့ဗျာ ဟုဆိုကာ ကိုရင်မောင့်ကို တိုက်တွန်းကြသည်။ ဒီလိုနှင့်တင်မောင်ပါ မစောင့်နိုင်တော့ဘဲ ပါသွားတော့သည်။ ကိုရင်မောင် ခက်ချေပြီ။ ကိုရင်မောင် ဆုံးဖြတ်ချက်ချလိုက်သည်။ မင်းတို့ဟိုနှစ်ကောင်ထွက်လာရင် ငါပြန်သွားပြီလို့သာ ပြောလိုက်ကွာဟုဆိုကာ ကိုရင်မောင် ကမန်းကတန်းပြေးထွက်လာခဲ့လေသည်။ အပြင်ရောက်တော့ အငှားကားတစ်စီး အသင့်တွေ့သည်နှင့် အိမ်ကိုပြန်လေသည်။ အရေးထဲ ကားသမားက ပျော်စရာကောင်းသလား ဘာလားညာလားမေးနေသေးတော့သည်။ စကားသိပ်မပြောဘဲ ငြိမ်နေလိုက်၍ သူလဲသီချင်းတအေးအေးဖြင့် မောင်းလေတော့သည်။

(၆)

အိမ်ရောက်တော့ မနက်၂နာရီရှိပြီ။ တံခါးကိုအသာဖွင့်ကာ ဝင်လေသည်။ အိမ်တွင်လင်ကိုယ်မယား နှစ်ဦးတည်းသာနေ၍ တော်သေးတော့သည်။ အိပ်ခန်းထဲဝင်တော့ သူ့မိန်းမနိုးလေသည်။ ဝယ်လာသော နာရီကို အသာအယာ သူမခေါင်းရင်းက ကုတင်တန်းလေးပေါ်တွင် တင်ပေးထားလိုက်သည်။ ကိုရင်မောင်တွင် အကျင့်တစ်ခုရှိသည်။ ပြင်ပတွင်မည်မျှ စားသောက်ခဲ့ပေမယ့် အိမ်ရောက်လျှင် အိမ်ကမိန်းမချက်သော ထမင်းဟင်းကို ထပ်စားလိုက်ရမှ ကျေနပ်တတ်သောကြောင့် သူ့အကျင့်ကိုသိသောမိန်းမသည် ဟင်းနွေးခြင်းအမှုကိုပြုရန်အတွက် အိပ်ယာမှထလေသည်။ ကပိုကရိုဖြစ်နေသော ဆံပင်တွေကို စီးနှောင်သည်၊ နာရီကလေးကို တချက်ကိုင်ကြည့်ပြီး ဈေးမေးလိုက်သေးသည်။ သိပ်မများပါဘူးကွာဟုသာပြောလိုက်သည်။ သူ့မိန်းမ၏ ကပိုကရိုအလှကို သူခုမှ သေသေချာချာခံစားမိလေသည်။ ကိုရင်မောင်ကျေနပ်သွားသည် ဘာဘဲဖြစ်ဖြစ် ဒီအချိန်တွင် သူ့မိန်းမဆက်အိပ်နေမှာကို သူစိုးရိမ်နေတာအမှန်ပင်ဖြစ်သည်။ ကိုရင်မောင် ယောင်နနလုပ်နေလို့ သူ့မိန်းမက ရေသွားချိုးလိုက်လေဟု ပြော၍ရေချိုးခန်းထဲသာဝင်လာရသည်။ တကယ်တော့ သူရေမချိုးချင်တော့ပေ။ ရေချိုးလိုက်လျှင် အရှိန်ပြေသွားမလားဟု စိုးရိမ်နေတာလဲပါသည်။ ခုလက်ရှိဖီလင်လေးကို သူသိပ်ကြိုက်နေသည်။

ရေချိုးခန်းထဲမှ ထွက်လာသောသူ့ကို ရေသုတ်ပုဝါကိုင်ကာ စောင့်နေသောသူမကို ကိုရင်မောင် တချက်စိုက်ကြည့်လိုက်သောအခါ မျက်လုံးကလေးထောင့်ကပ်၍ ဘာဖြစ်လာတာလဲဟု သူမဆိုလေသည်။ ကိုရင်မောင် ရေကိုကမန်းကတန်းသုတ်ကာ မပြောမဆိုဖြင့် အခန်းမီးအား ပိတ်လိုက်လေတော့သည်။

(၇)

စနေမနက်တွင် ခေါင်းကြည်ကြည်လင်လင်ဖြင့် သူနိုးလာလေသည်။ အိပ်ယာထကာ မျက်နှာသစ် ရေချိုးပြီးသောအခါ သူ့မိန်းမ အခန်းထဲပြန်ရောက်လာသည်။ မနက်စာပြင်ပြီးသွားပြီဖြစ်သဖြင့် မနိုးသေးက နှိုးရန်လာခြင်းဖြစ်သည်။ ကိုရင်မောင်မျက်လုံးက အခန်းထဲမှ အမှိုက်ပုံးဆီသို့ရောက်သွားသည်။ ညကဝယ်လာသော နာရီကလေးသည် အမှိုက်ပုံးထဲတွင် အကွဲအကြေဘဝဖြင့် ရောက်နေလေသည်။ ကိုရင်မောင်ကြည့်တာကို သူ့မိန်းမလဲမြင်လေသည် ဘာဖြစ်တာလဲမေးရန် သူမဘက်လှည့်လိုက်သောအခါ သူမက ပြုံးစစဖြင့် ဒီနေ့အသစ်တစ်လုံးထပ်ဝယ်ပေတော့ဟု ပြောကာ အခန်းတွင်းမှထွက်သွားလေတော့သည်။

 

ဝန်ခံချက်။   ။ မင်းလူ၏ ဝတ္ထုတိုတစ်ပုဒ်ဖတ်ဖြစ်ရာမှ စိတ်ကူးရ၍ ဇတ်လမ်းကျောရိုးယူကာ ဆီလျော်အောင် ဟိုရေးဒီရေးလုပ်ထားပါသည်။ ဖတ်မကောင်းပါက ကျွန်ုပ်ညံ့၍ ဖြစ်ပါသည်။ စုံစမ်းမေးမြန်းခြင်းသည်းခံပါ။ :P


880 views

29 Responses to ရင်ခုန်သံ .. မြန်တယ်

  1. လူပျိုကြီး says:

    မစုံစမ်းနဲ့ဆိုတော့လည်း မစုံစမ်းတော့ပါဘူး ဖတ်သွားတယ်နော် အသက်ထောက်ခံချက် အတွက် ဘီယာဝယ်ရင် စာရေးမခဏခဏပြခိုင်းတဲ့ အိုင်စီ ပြစရာလိုသေးလား။ =-X

  2. sin dan lar says:

    =-X =-X =-X =-X =-X =-X

  3. MK says:

    ကြိုက်တယ်ဗျာ။ နော်တစ်ခေါက်သွားရင် ခေါ်ပါဦး ….

  4.ုkom says:

    luzo

  5. khet myint myint says:

    အရှက်အကြောက်ကြီးသူပီပီ သတိပေးချက်ကို မြင်လိုက်သောကြောင့် ဆက်မဖတ်ဖြစ်တော့ပေ။
    ဒါနဲ့ နာရီကဘာလို့ကွဲသွားရတာလဲဟင်။ သားနားမလည်ဘူး။

  6. မောင်လူအေး says:

     ကလေးတွေကို အားကျအောင် မလုပ်ရဘူးလေ… :)

  7. ksanchaung says:

    အဟင့် အဟင့် ဒီလူကလည်း ရှက်စရာကြီးတွေ လျှော်ပြောနေပြန်ပြီကွယ်။ လူဇိုးကြီး။
     
    အဲဒီ့ထဲက ဇာတ်လိုက်က ကိုကိုဒီဘီလား ဟင်။ (ဟင် ?????? )

  8. strike says:

    ဟယ်တော့…မျက်စိတွေကိုပြာသွားတာပဲ…ရင်တွေလဲလေခုံလိုက်တာ..ဒိတ် ဒိတ် ဒိတ် နဲ့..၇င်ထဲမှာလဲလှပ်လှပ် လှပ်လှပ်နဲ့ ဟယ်..လက်ဖ၀ါးမှာလဲချွေးစည်းတွေတောင်ပြန်လာသလိုပဲ

  9. mikozan says:

    အကို ၅ကျပ် ဖိုးပဲ သောက် နော် ဆိုတဲ့ ပုံပြင် လိုပဲ နော် :-[

  10. Soe Thiha Naung says:

    ဟား ဟား ဟား ဟား ….. နာရီတောင် ကွဲရသလားကွယ် … ဒါရိုက်တာတွေ နည်းစနစ် အသစ်တွေ့သွားဦးမယ်… ပန်းအိုးကွဲတာမဟုတ်ပဲ နာရီကွဲတာဆိုပြီး

  11. exiter says:

    ရင်ကို ဖုတ်လှိုက် ဖုတ်လှိုက် ဖြစ်သွားတာပဲ တိုတိုရယ်… :-$

  12. Melody Maung says:

    under 13 လဲဟုတ်ဘူး ဟွန့်
    ရင်ခုန်သံမြန်တာက တစ်နေရာမှာနော်
    နာရီကွဲတာက တစ်နေရာနော်
    အဟီး တော်ပါသေးရဲ့ မဒမ်ဒီဘီ အဲ..ယောင်လို့ မဒမ်ရင်မောင် အဟိဟိ
    အင်းးးးးးး ဒီရက်ပိုင်း အဲဒီ အာခေါင်ခြောက်တာ ရင်တထိန်းထိန်းခုန်တာတွေ မကြာခဏကြားနေရတယ်နော် (အများအပြားပဲ)
    ဘာပဲပြောပြော ရောက်သွားတော့ ခေတ်မီသွားပီ
    အဲလို သူယောင်တောက အလွတ်ပြန်ရုန်းလာနိုင်တာ လေးစားပါ၏ ကိုရင်မောင်ဆိုတဲ့ ဇတ်လိုက်ကျော် လူကြီးလူကောင်းကြီးရေ..
     
    ကိုကြီးဒီဘိရေ အရေးအသားကတော့ လန်းပ ဇတ်ကို တက်လိုက်နိမ့်လိုက် ဖိုကနဲ လှိုက်ကနဲ..အဟဲဟဲ :)

  13. strike says:

    သူ့များဒီတိုင်းပြန်လာတယ်ဆိုတာယုံလို့ M Maungရယ်

  14. MrDBA says:

    =-X =-X =-X =-X

  15. zt says:

    ကိုဒီဘီ၏ ငါးပြတိုက်သွားတောလားပေါ့။ ဟားဟား။ :-D

  16. s says:

    ကိုဒီဘီ၏ပို့စ်အားဖတ်၍ အပျိုကြီးတစ်ဦး တုန်လှုပ်ခြောက်ခြားသွားကြောင်း၊ ကြောက်စရာကြီးဟုတွင်တွင်ပြောနေကြောင်း၊ ထိုအပျိုကြီး ယောက်ျားအယူတော့ပါက ကိုဒီဘီ၏တာဝန်မကင်းပါကြောင်း….

  17. မသက်ဇင် says:

    စာတွေလာဖတ်ပါတယ်—
    အစစအရာရာ အဆင်ပြေပါစေ—

  18. SU says:

    I noticed min lu’s story half way thru :-P
    how u doing?
    will send u wedding photos soon ;)

  19. strike says:

    ဆင်ဒဏ်လား သမီးရယ်အဲ့ဒီnickကြီးတော့မသုံးပါနဲ့လား ဟင်၊အဘတို့တွေနေရထိုင်ရခက်လွန်းလို့ပါ

  20. sin dan lar says:

    strike ကို သတ်ချင်တယ်…။ >:o >:o >:o >:o >:o >:o >:o >:o >:o >:o >:o >:o >:o >:o >:o

  21. box02 says:

    ကိုကြီး ဒီဘီ အရေးအသား အရမ်းကောင်းတာပဲ .. ကျနော်ဖြင့် တခါမှ အဲလို ၀တ္တုတိုလေးတွေကို စိတ်ရှည်လက်ရှည်ထိုင်မဖတ်ဖူးဘူး၊ အရမ်းကောင်းတယ်ဗျား .. :)

  22. strike says:

    PG13 ပြီးတော့ XXX ရေးပါတော့ဗျို့

  23. MrDBA says:

    လူဇိုး … ဒီက လက်တည့်စမ်းကြည့်တာကို။ :(
    နောက် မရေးတော့ပါဘူးဗျာ ..

  24. strike says:

    လက်တည့်စမ်းတာကောင်းသွားတယ်ဗျို့ “myanmarlovestories” ပြီးတော့ “dbalovestories” ပေါ့

  25. ဇနိ says:

    8-) ကိုdb အရေးကောင်း :-[

  26. ပုလုကွေး says:

    နောက်တစ်ပုဒ်လောက်လုပ်ပါဦးဗျို ကိုကြီး ဒီဘီရေ..မိုက်တယ်ဗျ..ဒီပို့စ်လေးကို ၂ခါပြန်ဖတ်သွားတယ် ဟီး :-E ဟီး

  27. MrDBA says:

    နှစ်ခါတောင် ပြန်ဖတ်သွားတယ်ဆိုတော့ ကျွန်တော့်မှာ ပိုအပြစ်ကြီးသွားတယ် ပုလုကွေးရယ် တော်နေကြာ … =-X =-X

  28. MrDBA says:

    ကိုရင်မောင်သွားတာပါ။ ဒီကနာမည်က ကိုဒီဘီ။ တူလဲတူဘဲနဲ့။ လူဇိုး။

  29. MARSHALL says:


    PillSpot.org. Canadian Health&Care.Special Internet Prices.No prescription online pharmacy.Best quality drugs. High quality pills. Buy pills online

    Buy:Actos.Prevacid.Petcam (Metacam) Oral Suspension.Mega Hoodia.Arimidex.Zyban.Zovirax.Lumigan.Human Growth Hormone.Prednisolone.100% Pure Okinawan Coral Calcium.Retin-A.Valtrex.Synthroid.Nexium.Accutane….

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Random Pages created by Best Accounting Services
  • RSS
  • Twitter
  • Facebook