ကျေးဇူး အထူးပါ

ယခင်က ပြောခဲ့သလိုပါဘဲ၊ အဂ်လိပ်နှစ်ကူးတုန်းက မအားလပ်လို့ နှစ်ကူးပို့စ်လေး မရေးလိုက်ရတော့ တရုတ်နှစ်ကူးမှရေးတော့မယ်ဆိုတာလေး။ အဲဒါအခုရေးပါတယ်၊ ရေးမယ်ရေးမယ်နဲ့ ရုံးရက်ရှည်ပိတ်မှဘဲ ရေးဖြစ်ပါတော့တယ်။ ဘာမှထူးထူးခြားခြားကြီးတော့ မဟုတ်ပါဘူး။ ဘလော့ဆိုတော့ ဘလော့မှာ ထူးခြားခဲ့တာလေးဘဲရေးပါမယ်။ အထူးသဖြင့်တော့ ကျေးဇူးတင်ကြောင်းပြောမှာဆိုရင် မမှားပါဘူး။

ကျွန်တော့်မှာ လူပေးမသိခဲ့တဲ့ ဘလော့လေးတစ်ခုကို Blogspot မှာ စလုပ်ခဲ့ဘူးပါတယ်။ အစကတော့ စာရေးဖို့ထက် သူများတွေ ဘလော့ဘယ်လိုလုပ်သလဲဆိုတာလေး လျှောက်စမ်းကြည့်ချင်တာနဲ့လုပ်ခဲ့တာပါ။ အဲဒီကနေမှ WordPress ပေါ်လာတော့ wordpress ကိုပြောင်းခဲ့ပါတယ်။ အဲဒီအထိလူမသိသေးပါဘူး။ ဘလော့ဖတ်တာတော့ တော်တော်တတ်နေ စွဲနေပြီပေါ့။ စာတော့ မရေးသေးပါဘူး။ ဘလော့စရေးစလူများ ထုံးစံအတိုင်း ဟိုရောက်ဒီရောက်လေးတွေပေါ့။ အဲဒီအချိန်က ဘလော့ထက် သူငယ်ချင်းများနဲ့ အတူလုပ်နေတဲ့ ဖိုရမ် ဘက်မှာဘဲ အချိန်ပေးနေဖြစ်တဲ့ အချိန်ပေါ့၊ အဲဒီမှာ ရေးသားရင်းနဲ့ ကျွန်တော်တို့ အက်ဒမင်အဖွဲ့ထဲက ကိုပီဇီ က ခင်ဗျားဘလော့မှာ စာရေးပါလားဗျာ ဆိုပြီး သူတို့ဘဲသိတဲ့ ကျွန်တော့် ဘလော့လေးမှာ လာလာပြီးစာမရေးသေးရင် လာလာတွန်းနေတတ်ပါတယ်။ ခုလဲဘဲ သူအားလို့ ဘလော့တွေလိုက်ဖတ်ရင် ကျွန်တော့်ဆီရောက်လာပြီး အသစ်မတွေ့တာနဲ့ အော်တာပါဘဲ။ သူ့ကြောင့် ကျွန်တော်စာစရေးဖို့ အားမွေးလာရတယ်ပေါ့။ နောက် ကျွန်တော်ရေးပြီးရင် သူလာလာဖတ်ပြီး ကောင်းတယ်ဗျာလို့ ပြောရာကနေ အားတက်ပြီး ဆက်ရေးဖြစ်တော့တာပါဘဲ။ နောက်အပြင် free hosting တင်ထားတဲ့ ကျွန်တော့် လူမသိတဲ့ဘလော့ကို စီဘောက်မှာပထမဆုံး လာနှုတ်ဆက်သွားသူများကတော့ ကိုသင်ကာနဲ့ မပန်ဒိုရာပါ(မျက်စိလည်လာတယ်လို့ယူဆရပါတယ်)။ သူတို့မှတ်မှတ်ရရ အဲဒီတစ်ခါနှုတ်ဆက်သွား ကထည်းက အားကပိုရှိလာပြီး နောက်ပိုင်း mzblog မှာ ဘလော့ ဆားဗစ်စပေးတော့ ကျွန်တော့ ဘလော့ကို အဲဒီမှာဆောက်ပြီး စာ အသေအချာစရေးဖြစ်သွားပါတယ်ကျွန်တော်အရင်က ဘလော့တွေသွားလည်ပေမယ့် ကွန်မန့်ပေးတာ စီဘောက်မှာ နှုတ်ဆက်တာ မရှိပါဘူး။ တိတ်တိတ်ကလေးဖတ်ဖြစ်တယ် နောက် Google Reader ကနေဖတ်တယ်။ ဆိုတော့ ဘယ်တော့မှ နှုတ်မဆက်ဖြစ်ဘူးပေါ့ဗျာ။ ကျွန်တော်ဘလော့မှာ စာတွေဆက်ရေးနေတော့လဲ ကြော်ငြာသိပ်မလုပ်ဖြစ်ဘူး။ ကျွန်တော့ ပင်ကိုယ်ဗီဇက အဲဒီလို လိုက်ကြော်ငြာရမှာ ရှက်နေတယ်။ (မှားရင်လဲမှားနေမှာပါ) ကိုယ့်ဘာသာလဲ အားမရတာပါသပေါ့လေ။ လူလာကြည့်ပြီး လောက်လောက်လားလားမဟုတ်မှာ မဖတ်သွားလိုက်ရမှာ အားနာတယ်။ ဒါနဲ့ဘဲ ရေးနေတယ်ဆိုတာဘဲလုပ်နေတယ်။ ဒါပေမယ့်ဗျာ ကြာတော့ လူမလာတဲ့ ဘလော့မှာ စာရေးနေရတာ အားငယ်လာတယ် ဒါနဲ့ ရေးလိုက် မရေးလိုက်ဖြစ်ပြန်ရော။ ဒီလိုနဲ့ တစ်နေ့ ထုံးစံအတိုင်း ဘလော့မှာ လူအဝင်အထွက်စာရင်းကို ကြည့်လိုက်တာ လူများနေတယ်။ ဘယ်ကညွှန်းတာလဲ ကြည့်လိုက်တော့ wesheme ဆီကဖြစ်နေတယ်။ သူ့ရဲ့ Google Reader ကနေ မျှချင်တာလေးတွေ ပြပေးတဲ့ စာရင်းထဲပါလာတယ်ပေါ့။ ကျွန်တော်က သူ့ဘလော့ရဲ့ ပရိတ်သတ်ဗျ။ သူ့ညီတစ်ယောက်က ကျွန်တော့်ကျောင်းနေဖက် သူငယ်ချင်းဖြစ်နေတာရယ် အိုင်တီသမားချင်း အားကျလေးစားတာရယ်ဆိုတာနဲ့ အမြဲဖတ်ဖြစ်တယ်။ ကျွန်တော်ဘယ်သူမှန်း ဘလော့ရေးမှန်းသူမသိပါဘူးကျွန်တော့ ဘလော့ကို လူသိများလာစေတာရဲ့ ပထမဆုံးကျေးဇူးတင်ရမှာကသူပါ။ သူ့ဘလော့ဘေးက Feed Peek လေးထဲမှာ ပါတဲ့နေ့ဆို လူတစ်ရာကျော်လောက်ဝင်ပါတယ်။ ကျွန်တော့ အတွက်တော့ တော်တော်များပါတယ်။ Feed peek ဆိုတာကလဲ သူအရင်လုပ်တာဆိုတော့ အဲဒါလေးက အထူးအဆန်းဖြစ်ပြီး သူ့ဆီလာတဲ့လူတိုင်း အမြဲသွားသွား ကလစ်ဖြစ်တဲ့နေရာလေးလဲဖြစ်ပါတယ်။ သူဟာစာလဲ (ဘလော့) အတော်ဖတ်နိုင်တဲ့လူပါ။ ကျွန်တော့ကိုသူဘယ်လိုရှာတွေ့လဲ ကျွန်တော်မသိဘူး။ သူ့ကြောင့်လူပိုလာတော့ ကျွန်တော့်မှာ တာဝန်ကြီးပြီး စာလဲသေချာပိုရေးဖြစ်ပါတယ်။ အဲဒီအချိန်ကဆို ကျွန်တော့်ရဲ့ ပန်းတိုင်ဟာ သူ့ Feed Peek ထဲပါရေးလို့ ပြောရရင်လွန်မလားမသိဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က အခြားဘလော့များမှာ ကြော်ငြာလိုက်ဝင်တတ်တဲ့ လူမဟုတ်တော့ သူ့ feed peek ထဲပါမှ လူအဝင်များမှာကိုးဗျ။ အဲဒီလောက်အထိ သူ့ Feed Peek ကစွမ်းပါတယ်။

နောက်တစ်ဦးကတော့ မမဂွိ လို့ခေါ်ကြတဲ့ မခင်ဦးမေ ပါ။ ဘလော့တွေမှာ ဘလော့စာရင်းလေးတွေကို ဘေးနားမှာ ဖေါ်ပြပေးတတ်တယ်လေ။ လူကသာ သေခြာ မကြော်ငြာတာ အဲဒီလို စာရင်းထဲတော့ ပါချင်သားဗျ။ သူများဘလော့တွေမှာ ကျွန်တော့ လင့်ကလေးဘယ်တော့များ မျက်စိလည်ပါလာမလားဆိုပြီး သတိထားကြည့်ရတာလဲ အမြဲပါ။ ဒီလိုနဲ့ ပထမဆုံးတွေ့ရတာကတော့ မခင်ဦးမေဆီမှာပါ၊ သူ့လိုလူဖတ်များတဲ့ လူရဲ့ဘလော့မှာ လင့်ပါလာတော့ မျက်စိလည်လို့ဘဲဖြစ်ဖြစ် အပျင်းပြေဘဲဖြစ်ဖြစ် ကလစ်ကြည့်စရာ အခွင့်အရေးပိုရတယ်ပေါ့။ တကယ်လဲ လူလာကြပါတယ် အဲဒီလင့်ကနေ။ မခင်ဦးမေဟာလဲ ဘလော့တော်တော်ဖတ်နိုင်တဲ့လူပါဘဲ။ သူ့စကားအရဆိုရင် ဆိုင်းဘုတ်တောင် ဖတ်ပါတယ်ဆိုတော့။ သူ့ဆီကနေ ဘလော့အသစ်ကလေးတွေ အမြဲသိရတတ်ပါတယ်။ လူငယ်ခြေတက်ကလေးတွေကို ပရိတ်သတ်နဲ့ မိတ်ဆက်ပေးနေတဲ့ အကျိုးဆောင်ကြီးပေါ့။ ယုတ်စွအဆုံးကိုယ့်ဘာသာ တစ်နေရာကနေ သိလာတဲ့ ဘလော့အသစ်တစ်ခုသွားလည်ကြည့်တယ် မမဂွိ မရောက်သေးတာ မရှိဘူးဖြစ်နေတယ်။ သူ့စာရင်းထဲမပါသေးရင်သာနေရမယ် သူမရောက်သေးတာ မရှိဘူးလားလို့တောင် ထင်ရပါတယ်။ နောက်ပိုင်းတော့ ကျွန်တော်လဲ စိတ်ကလေးနဲနဲပြင်ပြီး သူများဘလော့တွေမှာ ကွန်မန့်ပေးဖို့ ကြိုးစားကြည့်တယ်။ စီဘောက်မှာ လင့်မထည့်ဘဲ (ကြော်ငြာတယ်ထင်မစိုး၍) နှုတ်ဆက်ကြည့်တယ်။ မိတ်ဆွေဖွဲ့တယ်ပေါ့။

နောက်တော့ အပြင်မှာလူချင်းရင်နှီးပြီးသားလူရင်းမိတ်ဆွေတွေက ဘလော့ရေးနေမှန်းတွေ သိလာရတယ်။ ယိမ်းနွဲ့ပါးက ကိုမိုးကြယ်ဆိုရင် ကျွန်တော့ သူငယ်ချင်းရဲ့ ညီပါ။ ကျွန်တော်တို့ ဘော်ဒါတွေ ကျောင်းပြီးခါစက ရန်ကုန်မှာ ကဲကြရင် သူက အမြဲဘေးကနေပါတယ် (သူကဘေးကနေ အမြီးစားတယ်လေ) သူ့ကို ကလေးလို့ကိုထင်နေသေးတာ။ ခုတော့သူက ကဗျာတွေရေးလို့။ နောက်ရန်ကုန်မှာ အလုပ်ဝင်တော့လဲ နှစ်လောက် အတူအလုပ်လုပ်ခဲ့တယ် ပရောဂျက်တစ်ခုထဲမှာ ၆လလောက် ယူဆာဆိုက်မှာ သွားနေခဲ့ရတယ် လုပ်ဖေါ်ကိုင်ဖက်တစ်ယောက်ဟာ လူအဖတ်များတဲ့ အိမ်မက်ရှင် ကြီးဖြစ်နေခဲ့မယ်လို့ မထင်ထားခဲ့ဘူး။ သူတို့တွေ ကျွန်တော့်ကို စာရေးဖို့ အမြဲအားပေးကြပါတယ်။ တိုက်တွန်းကြပါတယ်။ အမြဲလာလာဖတ်တဲ့ ကျွန်တော့်လို ကွန်မန့်မရေး စီဘောက်မအော်တဲ့ လူများကိုလည်း ကျွန်တော်အားနာကျေးဇူးတင်ရပြန်ပါသေးတယ်။ ကျွန်တော် ဒီဖက်နှစ်ထဲရောက်တော့ တော်တော် အရေးကျဲသွားပါတယ်။ အလုပ်သစ်က မလစ်တာလဲပါသပေါ့လေ။ အရင်ဆို အလုပ်မှာ ရေးလို့ရသေးတယ်။ ကျွန်တော်မနားသေးပါဘူး။ (ဟိဟိ) သူများတွေလို ပို့စ် ၂၀၀/ ၃၀၀ ရအောင် ဟစ် ၂ သိန်း သုံးသိန်းပြည့်အောင် ရေးနေပါဦးမည့် အကြောင်းနဲ့ နှစ်သစ်မှာ ကျေးဇူးအထူးတင်ကြောင်းလေး ပြောလိုက်ချင်တာပါဗျာ။

အားပေးကြတာ ကျေးဇူးပါ။


345 views

12 Responses to ကျေးဇူး အထူးပါ

  1. အိပ်မက်ရှင် says:

    ဗျို့ … MrDBA ကြီး … rnဆက်ရေးပါဗျို့ အားပေးနေပါတယ်၊ ဘလောက်ဂါတွေက ဒီလိုပါပဲ ပျံတက်မယ့်လေယာဉ်ကြီးလိုပေါ့ဗျာ၊ ဝေဟင်ထဲမ၀ဲခင်မှာ ပြေးလမ်း ဟိုးအစကို သွားပြီး တဖြည်းဖြည်းနဲ့ အရှိန်ယူရင်း ယူရင်းနဲ့ နောက်ဆုံးတော့လည်း ဝေဟင်ထဲမှာ ခန့်ခန့်ထည်ထည်ကြီးပျံဝဲနေတော့တာ မဟုတ်လား၊ ကျွန်တော် ပြောဖူးသလိုပေါ့ ဟိုးအရင်က တိတ်တိတ်ကလေးဖတ်ပြီး Comment မချန်ရဲ Cbox မအော်ရဲ ပြန်သွားတဲ့ ဘ၀ကနေ အခုဆို ဘလောက်ဂါမိတ်ဆွေတွေ အများကြီး အားပါးတရကြီး ရှိနေတဲ့ ဘ၀ကိုရလာတဲ့အခါ ဘလောက်ဂါဆိုတာ ဘယ်လောင်စာတွေနဲ့ ဆက်လက်မောင်းနှင်နေတယ်ဆိုတာကို ကောင်းကောင်း နားလည်သဘောပေါက်သွားရတာပါပဲ … ဟုတ်တယ် မဟုတ်လားဗျာ … ။rnကျွန်တော်တို့က အမာခံ ပရိတ်သတ်နော် … အားပေးနေတယ် …။rnrnခင်မင်လေးစားစွာဖြင့်rn

  2. မီယာ says:

    ဆန်းဒေးက လင့်ကိုနှိပ်တာ error message ရလို့။ အခုတော့ လင့်က ပြန်ကောင်သွားပြီ။ အားတဲ့ အခါရေးပါ။ အားပေးတဲ့ ပရိသတ် ရှိပါတယ်။

  3.ုkom says:

    အခုထက်ထိ ကြိုးစားပါဦးမယ် ဆိုတာဘဲရှိသေးတယ။်
    မရေးရသေးဘူး..

    မျကိစိထဲမှမြင်ယောင်မိတယ်။
    မိုးကြီးက လဲ မဲပြီးတော့ ရွာမယ် ရွာမယ် ဆိုတဲ့ ဟန်နဲ့ ချုန်းနေလိုက်တာ။။.. အဟက် ဟက်…

့ဟစ်တွေ တက်ချင်ရင်လေ……။

    http://narkhoyar.blogspot.com/2009/01/jelena-dokic.html

  4.ုkom says:

    တစ်ခါတစ်ခါတော့လဲ စီပုံးမှာ လင့်မထားခဲ့ချင်ဘူး. ကိုယ်လာလည်လို့ပြန်လိုက်လည်ပေးတဲ့ ယဉ်ကျေးမှူကို မကြိုက်ဘူး။ ကိုယ့်ကိုခင်လို့ လာတာဘဲဖြစ်စေချင်တယ။် အဲဒီလို စိတ်မျိုးနဲ့ လင့်မထားခဲ့ဘူးး

    တစ်ခါတစ်ခါကျတော့လဲ ကိုယ်ကလင့်မထားခဲ့တဲ့အခါ ကိုယ့်ကိုခင်တဲ့သူက ကိုယ့်ဆီလာလည်ဘို့ အတွက် ကိုယ့်လင့်ကို တစ်ခါပြန်ရှာနေရတော့ သူ့အချိန် ကိုအားနာမိပြန်ရော။

    ခက်တယ်။ ခက်တယ်။

  5.ုkom says:

    ကိုအန်ဒီညီ နဲ့မှ သူငယ်ချင်းလား. (သက်ပြင်းချသွားသည်။)

    သက်ဝေအိုက်တင်ကိုမှီးပါသည်း
    သက်ဝေ: အော်.. ဒါဆိုရင်တော့ ၀က်ဝက်ကွဲ ငယ်သေးတာပဲ.. ဟင်း.. (သက်ပြင်းချသံ)
    http://thet-wai-blog.blogspot.com/

  6.ုkom says:

    မမကွန် လာသွားပါသည်.။

  7.ုkom says:

    StatCounter – Free Web Tracker and Counter
    ၆၂၄ တောင်ရှိသွားပြီဘဲ. :)

  8. sin dan lar says:

    ဟေး…..
    ရေးပါ..ရေးပါ.. အားပေးကြပါတယ်..၊အားပေးဦးမှာပါ

  9. exiter says:

    ညီကတော့ အမြဲအားပေးနေကြဆိုတာ တိုကြီး အသိဆုံးနော် 8-)

  10. exiter says:

    ” အတူလုပ်နေတဲ့ ဖိုရမ် ” ဆိုတဲ့ ဟာမှာ Link ထဲ့ထားတာမှားနေတယ် တိုကြီး :D

  11. kom says:

    ကျွန်တော်မနားသေးပါဘူး။ (ဟိဟိ)

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Random Pages created by Best Accounting Services
  • RSS
  • Twitter
  • Facebook