ဘာမှန်းမသိလျှောက်ရေးခြင်း

ဘလော့ရေးခြင်းကို တော်တော်ကြာကြာကြီး ပစ်ထားလိုက်သောအခါ ဘယ်ကစ၍ ဘယ်လိုပြန်ရေးရမှန်းမသိတော့ပေ။ သူများတွေလို နှစ်ကူးပို့စ်ရေးရန်ကလဲ အချိန်ကျော်သွား၊ အဲဒီတုန်းက ဘလော့ပြောင်းရေးလုံးပန်းနေရတာနဲ့ချွေးတော်တော်ပြန်သွားသည်၊ တရုတ်နှစ်ကူးကြမှဘဲ ရေးလိုက်တော့မည်။ (စကားမစပ်ကျွန်တော်က နွားနှစ်ဖွား။ ငယ်ငယ်က နွားကလေး နွားကလေးဟု အမေဆူတာတောင် ပြန်သတိရမိသေးတော့သည်။) သူများဘလော့တွေဖတ်တာတောင် တော်တော် အပြေးအလွှား ဖတ်ခဲ့ရသည်။ စာမရေးဖြစ်တော့ ထုံးစံအတိုင်း အားနေရင် ဘလော့မှာ လျှောက်ဆော့တော့သည်။ ယခင်က အသည်းတယားယားနှင့် လုပ်မရခဲ့တာတွေ ခုတော့ အားရပါးရ လျှောက်လုပ်တော့သည်။ တလွဲမတွေးပါနှင့် ဘလော့တွင် ဟိုတတ် ဒီတတ်လုပ်ခြင်းများကိုပြောတာပါ။

နဂိုကတည်းက စာအရေးကြဲရတဲ့အထဲ ဘလော့လိပ်စာပါပြောင်းလိုက်သောအခါ စာဖတ်ပရိတ်သတ်များ တော်တော်စိတ်ပျက်ကြမည်ပင်။ ရေးနိုင်သောသူများကိုလဲ တော်တော်ပင်အားကျရပါသည်။ ဟောတစ်ပုဒ် ဟောတစ်ပုဒ် စက်နှင့်ထုတ်သလို ရေးနိုင်ကြသည်။ အနုပညာခွန်အား တော်တော်ကောင်းကြသည်။ တချို့နှင့်စကားစမည် ပြောကြည့်သောအခါ ရေးစရာတွေက ရင်နှင့်မဆန့်အောင်ရှိနေကြသည် ဟုပြောပါသည်။ ကိုယ့်မှာအားတောင်တော်တော်ငယ်သွားရသည်။ ကိုယ်လဲဘယ်လိုရေးစရာထွက်ပါ့မယ်စဉ်းစားရတာက ရုံးမှာ Program ရေးသလောက် ဦးနှောက်ချောက်ရပါသည်။ ဒီလိုနှင့် ဝမ်းစာဖြည့်ဦးမှပါဟုတွေးကာ ရန်ကုန်ခဏပြန်သွားသော ဘလော့ဂါညီမငယ်တစ်ဦးကို စာအုပ်တစ်ချို့ယူလာပေးရန် အကူအညီတောင်းလိုက်သောအခါ ယခုအချိန်အထိပြန်မလာတော့ပေ။ နောက်ဆုံးကြားရသည်မှာ ဝါကျွတ်သွားသည်မှာ ကြာပြီဖြစ်သောကြောင့် သူလဲဘဲမလွန်ဆန်နိုင်တော့ပါပြီတဲ့။ ပြန်မှလာပါဦးမလားမသိ။

ဘာမှန်းမသိလျှောက်ရေးပြီး စိတ်အလျှင်ရေးနည်းဟု ခေါင်းစဉ်တတ်လိုက်ရင်ကောင်းမလားဘဲ။ ဘာဘဲဖြစ်ဖြစ်ဆက်ရေးပါဦးမည်။ ခုတော့နားပြီ။

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

33,687 views