ငယ်ငယ်တုန်းက ခရစ်စမတ်

ငယ်ဆို ၈တန်းလောက်ကဖြစ်မည်ထင်ပါသည်။ ငယ်ငယ်က နယ်မှာမိဘများ အလုပ်ရှိရာ နယ်စက်ရုံ၏ စက်မှုရပ်ကွက်တွင်ကြီးပြင်းခဲ့ရပါသည်။ နှစ်စဉ်နှစ်တိုင်း ခရစ်စမတ်တွင် အနီးအနားမှ ခရစ်ယျာန်များ ညတိုင်လာပြီး ဆုတောင်းပေးကြ သီချင်းဆိုပေးကြနဲ့ အလွန်ပျော်စရာကောင်းပါသည်။ ပြီးတော့ လူကြီးများက စာအိပ်လေးတွေထုပ်ထုပ်ပေးကြသည်။ ဒါလဲကြည်နူးစရာကောင်းသည်ပင်။ ဒီလိုနဲ့  ထိုနှစ်က စက်ရုံမှူး အဖြစ်တာဝန်ကြသူသည် ကရင်လူမျိုးဖြစ်ပါသည်။ သို့သော် ဗုဒ္ဓဘာသာများဖြစ်ကြပါသည်။ သူတို့မိသားစုတွင် သားတစ်ယောက် သမီးနှစ်ယောက်ဖြင့် အတော်အုပ်တောင့်သော မိသားစုဖြစ်ပါသည်။

ကျွန်တော်တို့ဂစ်တာတီးစသင်တော့ ထိုစက်ရုံမှူး၏သားလဲ ပါပါသည်။ ရပ်ကွက်ထဲက တီးတတ်သော သူထံတွင်သင်ခြင်းသာဖြစ်ပါသည်။ အဲဒီလိုနဲ့ တော်တော်တီးတတ်လာချိန်နဲ့ ခရစ်စမတ် အခါသမယနဲ့ က တဲ့တဲ့ကြလို့လာသည်ပေါ့။ အဲလိုနဲ့ ခရစ်စမတ်နားနီးလာတော့ စက်ရုံမှူးသားက အဆိုပြုလာသည်၊ ခရစ်စမတ်သီချင်းလိုက်ဆိုရအောင်ဟု။ သူတို့က ရန်ကုန်ကနေပြောင်းလာကြတာ နေတာကလဲ ကြည့်မြင်တိုင်ဆိုတော့ အတွေ့အကြုံရှိသည်တဲ့၊ အရင်က ဂစ်တာသာ မတီးတတ်တာ ခရစ်ယျာန်များ သီချင်းလိုက်ဆိုကြလျှင်သူက လိုက်နေကြဆိုပါတော့ဗျာ။ အဲဒါနဲ့ ကျွန်တော်တို့လူငယ်များ ခရစ်တော်ကိုချီးမွှန်းရန် သီချင်းဆိုဖို့ဖြစ်လာပါတော့သည်။

ဒါနဲ့ သူကဘဲဦးဆောင်လို့ စက်ရုံဝန်ထမ်းထဲက ခရစ်ယျာန်တစ်ယောက်ကို အကူအညီတောင်းကာ သီဆိုမည့်သီချင်းများ အတွက်စာအုပ်တောင်းပါသည်။ လူလဲတစ်ယောက်လောက်လိုက်ပါပေးရန် ပြောကြပါသည်။ ဒီလိုနဲ့ သီချင်းစာအုပ်ရလာတော့ လူစုကာ သီချင်းအဆိုကျင့်ကြသည်ပေါ့။ မောင်ဒီဘီတို့ အကြီးအကျယ် ဟာလေလူးရာ လိုက်တယ်ပေါ့ဗျာ။ အဆိုကျင့်သည်ဆိုရာဝယ် သီချင်းများက ခက်သည်မဟုတ် နှစ်စဉ်ကြားဖူးနေကြ၊ သို့သော်ကိုယ်တိုင် လိုက်ဆိုတော့မည်ဆိုသော အခါ စာသားများ မမေ့ရန်၊ ဂစ်တာလက်ကွက်များ မမေ့ရန်၊ ညီညီညာညာရှိရန် ကျင့်ကြပါသည်။ လူကတော့ မများ၊ သူရို့ မောင်နှမ သုံးယောက်၊ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်၊ နောက် လက်ထောက်စက်ရုံမှူးသားနှစ်ယောက် ဒါဘဲဖြစ်သည်။ ဂစ်တာက နှစ်လက်။ လက်နာလျှင် အလှည့်နှင့်တီးကြမည်ပေါ့။

တကယ်ဆိုကြမည့်ညနေရောက်သောအခါ ရှိန်းတိန်းဖိန်းတိန်းဖြစ်လာသည်။ ကိုယ်ကလဲ သူရို့ဘာသာမဟုတ်၊ အပျော်လိုက်ဆိုသလိုဖြစ်နေတော့ သူရို့က စိတ်မဆိုးကြဘူးလား၊ စသဖြင့်အငြင်းပွားလာကြသည်။ နောက်ဆုံးတော့ ဘာဖြစ်လဲ သူရို့ဘုရားကို ကောင်းချီးပေးတာဘဲလေဟု သဘောပိုက်ကာ စုရပ်အိမ်တွင်စုကြပါသည်။ မောင်ဒီဘီတို့ အဖွဲ့ကို မဆိုနိုင်မှာစိုး၍ ဂျင်းကိုပါးပါးရိတ်ရိတ်လှီး၍ လျှောက်ရည်ဖြင့်နယ်ဖတ်ထားသော အသံကောင်းဆေးကြီးကိုလဲ မထွက်ခင်ကျွေးကြပါသေးသည်။ ပူ၍ ချဉ်ပြီးဆင်းသွားတာ ဘာကြီးမှန်းကိုမသိပါ။ သို့သော် တကယ်အလုပ်ဖြစ်ပါသည်။ နှင်းထဲတွင် တစ်ညလုံး အော်လာသော်လည်း လည်ချောင်းမနာ အသံမပြောက်ပါ။

ပထမတော့ အတော်ပင်ရှက်ကြပါသည်။ ကိုယ့်ရပ်ကွက်ထဲက အိမ်တွေသွားဆိုသော အခါအမြဲမြင်နေကြလူတွေဖြစ်၍ အတော်ပင်ရယ်ကြပါသည်။ ခပ်တည်တည်ပါဘဲ ကျွန်တော်တို့ကတော့ “Merry Christmas to you all” ဟု သံပြိုင်စတင် နှုတ်ဆက်ကာ အလွတ်ကျက်ထားသော သီချင်းများထဲမှ လေးပုဒ်လောက်ကို တန်းစီပြီး ဆိုသွားကြပါသည်။ တီးချက်ကတော့ တကယ်နာတယ် ပြောရမလိုပင်။ လက်ချောင်းများတွင် ဂီတာကြိုးရာများမှာ တော်တော်ပင်နက်ပါသည်။ ပလက်တရွန်ပြားများမှာလဲ ကျိုးတာကျိုး ပျောက်တာပျောက်နဲ့ နောက်ဆုံးတစ်ခုသာ ကျန်တော့မှန်းသိသော အခါမှသာ အတင်းဆုတ်ကိုင်ပြီး မပျောက်အောင် တီးရပါသည်။

ခရစ်ယျာန်များ၏ အိမ်တွေကို သွားဆိုကြသော အခါတွင်လည်း တအံ့တသြဖြင့် ဝမ်းသာအဲလဲဖြစ်ကြပါသည်။ ကျွန်တော်တို့က ဘာသာခြား မဟုတ်လား။ စက်ရုံမှူးသား မျက်နှာလည်းပါမည်ပင်။ နောက်ဆုံးဆိုရသော သီချင်းသည် အပျော်ဆုံးပင်၊ အသို့ဆိုသော် သူပြီးလျှင် စာအိပ်လာမည်၊ ပြီးနောက်အိမ်ရွှေ့ကြရမည်။ ကလေးဆိုတော့ ကလေးအတွေးသာ။ လက်တွေကလဲ နာလှပြီ။ ပျော်နေသေးတော့ ဆက်တော့ဆိုချင်နေသေးသည်ပေါ့။ လမ်းတွင်လဲ ဟိုအဖွဲ့ ဒီအဖွဲ့တွေနှင့်ဆုံသော အခါ ဝမ်းသာအဲလဲ အားပေးကြသည်။ အတော်ပင်သဘောကြကြပုံရပါသည်။ နောက်ဆုံးတွင်တော့ သူရို့ခရစ်ယျာန်သင်းအုပ်ဆရာတစ်ယောက်၏အိမ်တွင် ခရီးဆုံးသွားကာ အလှူရရှိလာသည်များကို ပေးအပ်လှူဒါန်း သူရို့ချက်ကျွေးသော ဝက်သားချက်ဖြင့် ထမင်းပူပူများစားကာ ခရစ်စမတ်အကြိုညကို ကုန်လွန်ဖြစ်သန်းခဲ့ကြပါတော့သည်။

တခြားဖတ်ရန် ငယ်ငယ်တုန်းက ကလေးဘဝအရွယ်

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.


201 views

4 Responses to ငယ်ငယ်တုန်းက ခရစ်စမတ်

  1. mrdba says:

    #
    အိပ်မက်ရှင် Says:

    ငယ်ငယ်တုန်းက ခရစ်စမတ်မှာ လိုက်ပါပျော်ဝင်လေတော့ …
    ကိုယ်တိုင်လိုက်ပါ သီဆိုရသလို ခံစားမိပါတယ်ဗျာ …
    ကြည်ကြည်နူးနူးလည်း ခံစားရပါတယ်၊ အဲတုန်းက အပျော်တွေက တစ်ဖန်ပြန်လည်သစ်လွင်ပြီး တဆင့်ကူးစက်လာတယ်လို့ လည်း ခံစားမိလိုက်ရတယ် … ။
    တချိန်တုန်းက အမှတ်တရနဲ့ ခရစ်စမတ်ကြိုကာလ ဒီဇင်ဘာညတွေကို မျှဝေခံစားမိပါကြောင်း … ။

    ခင်မင်လေးစားစွာဖြင့်
    Posted on December 23rd, 2008 at 11:52 am
    #
    2
    ယင်းဂလိ Says:

    ဒါမျိုးတွေတဲ ရသကိုး…

    ဘယ်ပြောက်နေတာလဲ…
    Posted on December 23rd, 2008 at 2:23 pm
    #
    3
    ewphyo Says:

    ပို့ကိုဖတ်ရင်းနဲ့ ငယ်ငယ်က ကလေးဘဝကို ပြန်သတိရသွားတယ်။ ငယ်ဘဝက စဉ်းစားလိုက်ရင် ပျော်ရွှင်စရာအတိနဲ့ပါ။
    Posted on December 23rd, 2008 at 11:00 pm
    #
    4
    kom Says:

    ကြောက်ကြောက်နဲ့လာတယ်။ cursor တောင်တုန်နေတယ်။သိလား။ တကယ်ပြောတယ။်
    Posted on December 24th, 2008 at 12:02 am
    #
    5
    MrDBA Says:

    အိမ်မက်ရှင်

    ကျေးဇူးပါဗျို့

    ယင်းဂလိ

    ရတယ် ရတယ်၊ တခြားဟာတွေလဲရသေးတယ်။ :P

    ewphyo

    မှန်ပါ၏။

    KOM

    အမကြီး ဘာလို့ ဒီလောက် ကြောက်နေသလဲ။

    Posted on December 24th, 2008 at 8:40 am
    #
    6
    မီယာ Says:

    မမ KOM ကောမန့်ဖတ်ပြီး အရမ်းရီသွားတယ်။ အခုရောသီချင်းဆိုချင်စိတ်ရှိသေးလား။
    Posted on December 24th, 2008 at 9:18 am
    #
    7
    ksanchaung Says:

    ကျွန်တော်လည်း ကျောင်းသားဘ၀က ဒီလိုပဲ ခရစ်စမတ်သီချင်း အဆိုထွက်ဖူးတယ်။ အဲဒီတုန်းက ကိုယ်ကလည်း ဂစ်တာရူး၊ တီးရရင်ပြီးရော ဖိုးတီးချင်ပေါ့။

    မှတ်မှတ်ရရ အသိကောင်မလေးတစ်ယောက်အိမ် သွားဆိုတယ်။ ဖွန်ကြောင်တာလည်း ပါသပေါ့။ သူ့အဖေကြီးက ခွေးနဲ့ရှုးတိုက်လွှတ်လို့ တစ်ဖွဲ့လုံးပြေးလိုက်ရတာ ဖနောင့်နဲ့တင်ပါး တစ်သားတည်းပဲ။ မနေ့တုန်းကလို သတိရသေးတယ်။
    Posted on December 25th, 2008 at 4:26 am
    #
    8
    a nga lay Says:

    i did not know about that..
    Posted on December 26th, 2008 at 6:07 pm
    #
    9
    exiter Says:

    ကျွန်တော်တို့မနှစ်ကတုန်းကတော့ သူငယ်ချင်းတစ်ယောက်ရဲ့အိမ်မှာ လက်တွေအမုန်းညောင်းအောင် မုန့်ကုလားမဲထိုးရင်းနဲ့ ကုန်လွန်ခဲ့ရတယ်။ ပျော်စရာအလွန်ကောင်း၏။ :D
    Posted on December 27th, 2008 at 6:46 pm
    #
    10
    Su Says:

    Sayar,

    isn’t that groom who married the singer girl from NO group your blogger friend?

    i saw the fotos in journal and i think i saw him in ur fotos too
    Posted on December 29th, 2008 at 2:52 pm
    #
    11
    MelodyMaung Says:

    နယ်နယ်တုန်းက ကယေးဘ၀ပေါ့ဂျ တိတားပဲ ဟာပဲဟာကို
    “နောက်ဆုံးဆိုရသော သီချင်းသည် အပျော်ဆုံးပင်၊ အသို့ဆိုသော် သူပြီးလျှင် စာအိပ်လာမည်၊ ပြီးနောက်အိမ်ရွှေ့ကြရမည်။ ကလေးဆိုတော့ ကလေးအတွေးသာ။ ”
    အဲဒါ ကလေးတင်ဟုတ်ဘူး အနော်တို့ ၂၀ကျော်သက်ထိ အဲလိုခံစားတုန်းပဲဗျ
    အဲဒါဆိုလဲ နေခဲ့လေဆိုလဲ အဲလိုလဲဟုတ်ပြန်ဘူးနော်နော်
    Happy new year 2009 to you naw!
    Posted on December 29th, 2008 at 9:44 pm
    #
    12
    ယောနသံစင်ရော် Says:

    ကိုဒီဘီအေ … မရောက်တာကြာလို့ လည်လည်လာပါတယ်။ CBOX မရှိဘူးဆိုလို့ ဒီမှာပဲ အော်ခဲ့တော့မယ်နော်… မင်္ဂလာရှိတဲ့ နှစ်သစ်ဖြစ်ပါစေ။
    Posted on December 30th, 2008 at 12:29 pm
    #
    13
    kom Says:

    happy new year
    Posted on January 1st, 2009 at 1:27 pm
    #
    14
    cfox21 Says:

    Happy New Year 2009! ပျော်ရွှင်စရာကောင်းတဲ့ နှစ်သစ်ဖြစ်ပါစေဗျာ။ ဖြစ်ချင်တာတွေအားလုံး ဖြစ်တဲ့နှစ်ဖြစ်ပါစေလို့ cfox21 ကဆုတောင်းပေးပါတယ်ဗျာ
    Posted on January 1st, 2009 at 9:01 pm

  2. အယ်ဇီ says:

    မအယ် တို့ လိုက်ဆိုဘူးတာလဲ သတိယပါရဲ့ ။ အန်တီ တစ်ယောက်က ပိုက်ဆံငါးပြားထုတ်ပေးပြီး နောက်ဘယ်တောါမှ လာမဆိုနဲ့ ဆိုတာလည်း ဒီနေ့ ထိ မမေ့ဘူး။ သိတ်ပျော်စရာကောင်းတယ်။ ပြည်နယ်မှာတော့ ခရစ်ယာန်များတယ်လေ။

  3. MrDBA says:

    မအယ်ဇီက ပြည်ကလား။ ပျော်လိုက်တာ ကျွန်တော်လဲ ပြည်မှာ သုံးနှစ်နေခဲ့ဘုးတယ်။ ကမ်းနားမှာမြစ်သွားသွားကြည့်ရတာကြိုက်တယ်။

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Random Pages created by Best Accounting Services
  • RSS
  • Twitter
  • Facebook