Month: December 2008

ငယ်ငယ်တုန်းက ခရစ်စမတ်

ငယ်ဆို ၈တန်းလောက်ကဖြစ်မည်ထင်ပါသည်။ ငယ်ငယ်က နယ်မှာမိဘများ အလုပ်ရှိရာ နယ်စက်ရုံ၏ စက်မှုရပ်ကွက်တွင်ကြီးပြင်းခဲ့ရပါသည်။ နှစ်စဉ်နှစ်တိုင်း ခရစ်စမတ်တွင် အနီးအနားမှ ခရစ်ယျာန်များ ညတိုင်လာပြီး ဆုတောင်းပေးကြ သီချင်းဆိုပေးကြနဲ့ အလွန်ပျော်စရာကောင်းပါသည်။ ပြီးတော့ လူကြီးများက စာအိပ်လေးတွေထုပ်ထုပ်ပေးကြသည်။ ဒါလဲကြည်နူးစရာကောင်းသည်ပင်။ ဒီလိုနဲ့  ထိုနှစ်က စက်ရုံမှူး အဖြစ်တာဝန်ကြသူသည် ကရင်လူမျိုးဖြစ်ပါသည်။ သို့သော် ဗုဒ္ဓဘာသာများဖြစ်ကြပါသည်။ သူတို့မိသားစုတွင် သားတစ်ယောက် သမီးနှစ်ယောက်ဖြင့် အတော်အုပ်တောင့်သော မိသားစုဖြစ်ပါသည်။

ကျွန်တော်တို့ဂစ်တာတီးစသင်တော့ ထိုစက်ရုံမှူး၏သားလဲ ပါပါသည်။ ရပ်ကွက်ထဲက တီးတတ်သော သူထံတွင်သင်ခြင်းသာဖြစ်ပါသည်။ အဲဒီလိုနဲ့ တော်တော်တီးတတ်လာချိန်နဲ့ ခရစ်စမတ် အခါသမယနဲ့ က တဲ့တဲ့ကြလို့လာသည်ပေါ့။ အဲလိုနဲ့ ခရစ်စမတ်နားနီးလာတော့ စက်ရုံမှူးသားက အဆိုပြုလာသည်၊ ခရစ်စမတ်သီချင်းလိုက်ဆိုရအောင်ဟု။ သူတို့က ရန်ကုန်ကနေပြောင်းလာကြတာ နေတာကလဲ ကြည့်မြင်တိုင်ဆိုတော့ အတွေ့အကြုံရှိသည်တဲ့၊ အရင်က ဂစ်တာသာ မတီးတတ်တာ ခရစ်ယျာန်များ သီချင်းလိုက်ဆိုကြလျှင်သူက လိုက်နေကြဆိုပါတော့ဗျာ။ အဲဒါနဲ့ ကျွန်တော်တို့လူငယ်များ ခရစ်တော်ကိုချီးမွှန်းရန် သီချင်းဆိုဖို့ဖြစ်လာပါတော့သည်။

ဒါနဲ့ သူကဘဲဦးဆောင်လို့ စက်ရုံဝန်ထမ်းထဲက ခရစ်ယျာန်တစ်ယောက်ကို အကူအညီတောင်းကာ သီဆိုမည့်သီချင်းများ အတွက်စာအုပ်တောင်းပါသည်။ လူလဲတစ်ယောက်လောက်လိုက်ပါပေးရန် ပြောကြပါသည်။ ဒီလိုနဲ့ သီချင်းစာအုပ်ရလာတော့ လူစုကာ သီချင်းအဆိုကျင့်ကြသည်ပေါ့။ မောင်ဒီဘီတို့ အကြီးအကျယ် ဟာလေလူးရာ လိုက်တယ်ပေါ့ဗျာ။ အဆိုကျင့်သည်ဆိုရာဝယ် သီချင်းများက ခက်သည်မဟုတ် နှစ်စဉ်ကြားဖူးနေကြ၊ သို့သော်ကိုယ်တိုင် လိုက်ဆိုတော့မည်ဆိုသော အခါ စာသားများ မမေ့ရန်၊ ဂစ်တာလက်ကွက်များ မမေ့ရန်၊ ညီညီညာညာရှိရန် ကျင့်ကြပါသည်။ လူကတော့ မများ၊ သူရို့ မောင်နှမ သုံးယောက်၊ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်၊ နောက် လက်ထောက်စက်ရုံမှူးသားနှစ်ယောက် ဒါဘဲဖြစ်သည်။ ဂစ်တာက နှစ်လက်။ လက်နာလျှင် အလှည့်နှင့်တီးကြမည်ပေါ့။ Read more

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.