လက်ဆောင်ဝယ်ပြီ

အိမ်ပြန်မယ်လို့ ဆုံးဖြတ်ပြီး သကာလ ခွင့်တွေယူ၊ လေယဉ်လက်မှတ်တွေဝယ်နဲ့ စီစဉ်ပြီးသွားပြန်တော့ ရုံးမှာလဲ ကိုယ်လုပ်စရာရှိတာလေးတွေဖြတ်၊ ၂၉ ရက်နေ့မှာ အသစ်ပြောင်းမည့် စနစ်အတွက် ပြင်ဆင်စစ်ဆေးစရာရှိတာ စစ်ဆေးနဲ့ လူဟာ မအားမလပ်ဖြစ်သွားလိုက်တာ တော်တော်များများကတောင် ရန်ကုန်ပြန်ရောက်နေပြီလို့ ထင်နေကြတယ်။ ဘယ်ဒီလိုကြီးတော့ တိတ်တိတ်ဆိတ်ဆိတ် ပြန်သွားပါ့မလဲဗျာ။ အားလုံးကိုတော့ နှုတ်ဆက်သွားမှာပါ။

အရင်ကလဲ ဒီဇင်ဘာလောက်တော့ မဖြစ်မနေခွင့်ပြန်မယ်ဆိုပြီး စိတ်ကူးထားခဲ့တော့ ခွင့်ပြန်ရင် ရှောင်လွှဲလို့ မရမယ့် လက်ဆောင်ပစ္စည်းဝယ်ချင်းကို စောစောစီးစီးဝယ်စုထားမယ်ပေါ့ စိတ်ကူးထားခဲ့တာ။ ဒါပေမယ့်လည်း ဖင်လှည့်ခေါင်းလှည့်နဲ့ တစ်နှစ်လုံး စာကျက်ပျင်းခဲ့ပြီး စာမေးပွဲနီးမှ စာအတင်းကုန်းကျက်ရသလိုမျိုး ခုတော့ ဝယ်ရတော့မယ်။ ခုထိ ဘာဆိုဘာမှဝယ်ရသေးဘူးလေ။ သူငယ်ချင်းမိန်းခလေးတစ်ယောက်ကတော့ ကြုံရင်ကြုံသလိုသတိပေးခဲ့သား။ သူကတော့ မပြန်ခင် ၆ လလောက် အလိုကတည်းက ပစ္စည်းဝယ်စုနေတာ။ နီးမှဆိုရင်အများကြီးစုဝယ်ရတော့ ပိုက်ဆံကုန်မှန်းလဲသိသာတယ် နောက်ပြီး ဈေးလဲလျှော့တာကြုံရင် တန်လို့ တစ်ခါတည်းဝယ်ထားတတ်တယ်။ ဒီတော့ သူက ဘယ်မှာတော့ ဘာတွေဈေးလျှော့နေပြီဆိုရင် လှမ်းလှမ်းသတင်းပေးတယ်။ ဝယ်ထားမလားပေါ့။ ကျွန်တော်ကလဲ အမြဲပျင်းတတ်တော့ ထွက်ထွက်မဝယ်ချင်တာနဲ့ အခုတကယ်လဲပြန်မယ်ဆိုတော့ လက်ထဲဘာမှ အဆင်သင့်မရှိတော့ဘူး။

မနေ့ကအထိတော့ အလုပ်များနေတာနဲ့ ဘာမှသေချာ မစဉ်းစားရသေးဘူး။ ဒီနေ့တော့ သောကြာလဲဖြစ်တာနဲ့ ဒီရုံးပိတ်ရက်မှာကလဲ မဖြစ်မနေဝယ်ရတော့မယ်ဆိုတော့ … အင်း .စာရင်းလေးချဦးမှ။

ဒါနဲ့ဘဲသေချာအောင် စာရင်းချလိုက်တာ ပထမဆုံးအကြိမ်အဖြစ် အမျိုးများလှတဲ့အဖြစ်ကို မျက်လုံးပြူးသွားမိတယ်။ နောက် သူငယ်ချင်းများလဲ ကျန်ခဲ့လို့မဖြစ်ဘူး။ မွေးမေလေ့ လို့တောင် အော်လိုက်ချင်သေးတယ်။ နာပြီငါတော့။ စာရင်းရေးလိုက် ငွေသတ်မှတ်လိုက် ပြန်ဖျက်လိုက် ငွေလျှော့လိုက်နဲ့ ဇောချွေးတောင်ပြန်တယ်။ လက်ဆောင်ပစ္စည်းဖိုးက လေယဉ်လက်မှတ်ဖိုးထက်တောင်များနေပြီ။ ဟင့်အင်း ဒီထက်လဲလျှော့လို့ မရတော့ဘူး။ ခွင့်ပြန်လာရင် ဒီမှာစားဖို့ကလဲရှိသေးတယ်။

မပြန်တာကလဲ ၂နှစ်ခွဲဆိုတော့ ခဏပြန်တုန်းမှာလဲ အမျိုးများနဲ့ ဘော်ဒါများကို လက်ဆောင်ပေးလိုက်ချင်သေးသည်။ ဒီကြားထဲ ပြန်လာမယ်ဆိုလို့ တကူးတက မှာသည့်လူများလဲရှိသေးသည်။ ဘာတဲ့ ရေမွှေးကောင်းကောင်းဆိုတာက တစ်မျိုး။ လက်ကိုင်အိတ်ကြီးကြီးဆိုတာကလဲ ပါသေးသည်။ တစ်ခါသားများ လူကြုံရှိလို့တဲ့ ဂေါက်တံမှာတဲ့ လူနဲ့တွေ့ဘူးသေးသည်။ အဟိ အနော်မဝယ်တတ်ဘူးဆိုပြီး မနဲတောင်းပန်ပြီး ငြင်းထားရသည်။ လွယ်ဘူးနော် ဒီမှာလုပ်နေတဲ့လူတွေကို ရတဲ့လစာကို ဗမာငွေနဲ့ ပြောင်းပြောင်းပြီး လစာအများကြီးရသူများလို့ အထင်ခံနေရတာ ကိုယ်ကလဲ ဒီမှာပြန်ပေးရတာတွေကများတော့ တစ်ခါတစ်လေ မချိပြုံးလေးနဲ့ လုပ်လုပ်နေရတယ်။ အထင်ကြီးလဲ မနဲဘူးလို့ ငြိမ်နေပေမယ့် အဲဒီလို လက်ဆောင်တွေ တန်ဖိုးကြီး ပစ္စည်းတွေမှာကြပြီဆိုရင်တော့ ချွေးပြန်တော့တာဘဲကိုး။

အင်း ..သို့သော်လဲ .. အဲ တဲ့ပေါ့လေ .. မ၀ယ်မဖြစ်ပေကိုးဗျ။ ဝယ်ရတော့ပေမပေါ့။ ဘူးဂစ်ဂျမ်းရှင်းဆိုတာလေးလဲပြေးရတော့မပေါ့ မူစတာဖာ ဆိုတာလဲ ယွန်းရတော့မပေါ့၊ ပင်နီဆူလာက ပါတိတ်ဆိုင်တွေလဲ မွှေရတော့ မပေါ့ ..

IMM က DISO လေးလဲ ချန်ထားလို့ မရပြန်ပေးဘူး။ အဲ စင်ကာပူက Memory Stick ကလေးတွေက ဒီဇိုင်းလေးတွေလှတယ်လို့ ဆိုလာသူများ အနော့်အတွက် MP4 ဆိုသူများ အတွက်လဲ ဆင်း(မ)လင်း စကွဲယားဆိုတာလဲ ဒိုးရပေဦးတော့မပေါ့ဗျာ။

မနက်ဖြန်လစာထွက်ရင်တော့ဖြင့် လက်ထဲပူအောင်မထားရဘဲ ဈေးဝယ်ထွက်ရပါဦးမည့် အကြောင်း ..

တခြားဖတ်ရန် လက်ဆောင်သည် အမေ


262 views

3 Responses to လက်ဆောင်ဝယ်ပြီ

  1. mrdba says:

    #
    ပုလုကွေး Says:

    ကိုကြီး ဒီဘီ
    ပြန်ရသေးဘူးလားဗျ။ ကျတော်က ပြန်သွားပြီလို ထင်နေတာ။ ဟိုမှာ ပျော်နေလောက်ပြီလို့ စိတ်ထဲက ထင်နေတာဗျ။ လက်ဆောင်တွေ များများဝယ်သွားဗျိ.။။။ ပြန်လာရင်လဲ အနော်တို့ဖို့ မြန်မာပြည် က စားစရာတွေ ၀ယ်လာမယ်ဆိုတာ အနော်တို့သိနေတယ်။ ဟုတ်တယ်ဟုတ်
    Posted on September 27th, 2008 at 10:26 am
    #
    2
    မစ်(စ်)သွန်းသွန်း Says:

    ဒါလေးများ ဂျော်ဒါနိုး တွေ ၊ ဟန်းတန်း တွေ တပုံကြီး ဝယ်သွားလိုက်.။ တစ်ထည် ငါးကျပ် :P ။ သွန်းသွန်းတို့ ဒီလိုပဲ လုပ်စားနေကျ။
    Posted on September 27th, 2008 at 11:11 am
    #
    3
    ဂျစ်ပဆီလေး Says:

    ဟီး
    အစ်တိုကြီး
    လာရင်တွေ့ရမှာပေါ့နော်
    တွေ့ရအောင်လေ ရန်ကုန်ရောက်ရင်
    အစ်ကို နဲ့ အရင်တွေ့ရမှာကတော့ လေဆိပ်က ကိုထွက်ပေါက်ပဲ ဖြစ်မှာ ဟီး
    ဘိုင်
    ရန်ကုန်ရောက်တော့မှပဲတွေ့တော့မယ်…………….
    Posted on September 27th, 2008 at 3:42 pm
    #
    4
    ewphyo Says:

    ပြန်ရတော့မယ်ဆိုပြီး အပျော်လွန်နေပြီလား ?
    Posted on September 28th, 2008 at 1:32 am
    #
    5
    မယ်လိုဒီမောင် Says:

    ပုလုကွေးပြောသလိုပဲ ပြန်လာရင်လဲ အညားကြီး ပြန်ဝယ်လာမှာလားဟင်
    အဟိဟိ
    Posted on September 28th, 2008 at 10:37 am
    #
    6
    မိုးကြယ် Says:

    ပေးစရာဘာမှမရှိလို့မပေးတော့ဘူး။ ကိုမျိုးရေ လေယာဉ်ချိန်ဘယ်အချိန်လည်း..
    Posted on September 28th, 2008 at 10:30 pm
    #
    7
    ကေဂျွန် Says:

    ရန်ကုန်ရောက်ရင် ဆုံချင်ပါသေးတယ်။ ကိုစေတန်နဲ့ ဆက်သွယ်လို့ ရနိုင်ပါတယ်။ ရန်ကုန်လက်ဖက်ရည် သောက်ကြရအောင်ပါ။
    Posted on September 29th, 2008 at 6:30 pm

  2. sin dan lar says:

    စလုံးကနေ အိမ်တစ်ခါမှ မပြန်ဖူးသေးဘူး… တစ်လ နည်းနည်းခွဲဝယ်ထားရမှာပေါ့လေ….
     

  3. kom says:

    မဒမ်ဒီဘီ ဘယ်ရောက်နေသတုံး

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Random Pages created by Best Accounting Services
  • RSS
  • Twitter
  • Facebook