ငုတ်တုတ်ထင်ရှား (အွန်လိုင်း)သူငယ်ချင်းများ (၂)

ပြန်ဆက်ရမယ် ဆိုရင်ဖြင့် … အင်း … ကျားတွေချည်းဆက်တိုက်ဖြစ်တော့ မိန်းခလေးတစ်ယောက်ထည့်မှ ရမယ်။ တော်ကြာ ဖတ်ရတဲ့သူ ပျင်းနေမှာစိုးရတယ် .. ဟဲဟဲ။ (မင်းသမီးအလှည့်လာပြီပေါ့ဗျာ)

သူကတော့ တစ်မျိုးဗျ ၀တ္ထုဇာတ်လမ်းတွေထဲကလို ဇာတ် အလှည့် အပြောင်းကလေးနဲ့။ သူနဲ့က ခင်သွားတာက သူ့ညီမကနေ စရလိမ့်မယ်။ ကျွန်တော် မြန်မာဘလော့ဂ်တွေ (နိုင်ငံခြား နည်းပညာ ဖိုရမ်များ အပြင်ပေါ့) ဖိုရမ်တွေ လျှောက်ဖတ်တတ်သွားတော့ သတိထားမိတာ လူတိုင်းမှာ Social Network Account တစ်ခုတော့ အနဲဆုံး ရှိကြတာဘဲဗျ။ Friendster, Hi5, Facebook, Myspace စသဖြင့်ပေါ့ အဲဒီတော့ ဘလော့ဂ်တွေ ဖိုရမ်တွေသွားရင်းနဲ့ Social Network များကိုလဲ လျှောက်ကြည့်တတ်သွားတယ်။ အဲဒီမှာ ဘယ်ဆိုဒ်လဲတော့ မမှတ်မိတော့ဘူး အဲဒီထဲမှာ ကောင်မလေး တစ်ယောက်နဲ့ ခင်သွားတယ်ပေါ့ဗျာ အကြမ်းဖျင်းပြောကြပါစို့ရဲ့။

နောက်တော့ သူက ကျောင်းပြီးခါနီး ဆရာဝန် ဖြစ်တော့မည့် တစ်ယောက်မှန်းသိတော့ ကိုယ်ကလဲ အသက်တွေကလဲ အရမ်းကွာတော့ သူ့ကို ညီမလေးတစ်ယောက်လို ခင်ခင်မင်မင် ဆက်ဆံပြောဆိုနေကြရာက တစ်ခါသားမှာ သူ့ကို IELTS လေ့လာဖို့အတွက် Resources လေးတွေ စုဆောင်းထားတာလေး လူကြုံရှိရင် ပို့ပေးမယ်ဆိုလို့ သူက သူ့အမတစ်ယောက် စင်ကာပူမှာ ရှိနေလို့ ဆက်သွယ် ပေးပါဆိုတာနဲ့ အခု ခင်သွားမယ့် သူငယ်ချင်းဖြစ်လာမည့် သူနဲ့ Gmail အဆက်အသွယ်ရတယ် ဆိုပါတော့။

စပြီး အဆက်အသွယ်ရတာကနေ ယနေ့ အချိန်ထိဆိုရင် တစ်နှစ်လောက်များ ရှိမလားဘဲ။ အရင်ကတော့ သူလဲဘာသိဘာသာ ကိုယ်လဲဘာသိဘာသာပေါ့ဗျာ စင်ကာပူနေတာချင်းတူတူ ဘာမှ မထူးဆန်းပါဘူးပေါ့ .. ဟဲဟဲ အထာလေးနဲ့။ နောက်တော့ ရံဖန် ရံခါ အိုင်တီနဲ့ပါတ်သက်တာလေးတွေ မသိတာ မေးကြ၊ အင်တာနက် သတင်းလေးတွေ မျှကြ (စက်တင်ဘာ ရွှေဝါရောင် အချိန်က ထင်တယ်၊ နောက်နာဂစ်ပေါ့) စကား ပိုပြောလာဖြစ်ကြတယ်။ သူကလဲ အိုင်တီသမားမှန်းနောက်မှ သိလာတယ်။ သူ့ကိုကျေးဇူးတင်ရမှာက သူက ဒီမှာကျောင်းတက်ရာကနေ အလုပ်ဆက်လုပ်တာဆိုတော့ ယင်းဂလိပ်က တော်တော်ကောင်းတယ်။ နောက် သူက ဗမာလို မရိုက်တတ်တော့ (အရင်ကဆို ဇော်ဂျီတောင်စက်ထဲမရှိသူ) ကျွန်တော်တို့ စကားပြောရင် ယင်းဂလိ လိုဘဲ တွယ်ရတယ် .. ၉ နှစ်စင်ကာပူမှာ နေလာတဲ့ လူတစ်ယောက်နဲ့ မနေ့ကမှ ရွာကနေ တက်လာတဲ့လူတစ်ယောက် စကားပြောကြတော့ လက်ရည်ကွာတာပေါ့ဗျာ .. ကြက်တောင်တို့ ပင်ပေါင်တို့ ကစားလို့ လက်ရည်မညီရင် ပညာယူတတ်ရင် လက်ရည်နိမ့်တဲ့လူက သင်ယူသွားတာချည်းပါဘဲ.. လက်ရည်မြင့်တဲ့လူ အမြဲပြောတဲ့ စကားကတော့ သူလက်တောင် ပျက်တယ်ပေါ့ .. ဟဲဟဲ။ အဲလိုပါဘဲ ကျွန်တော်က သူ့ဆီက သင်ယူရတာများပါတယ် .. သူနဲ့စကားပြောရင် အရင် သိပ်မခင်ကဆို သူတစ်ခုခု ပြောလိုက်လို့ အဓိပ္ပါယ် မသိရင် အသာလေး အဘိဓါန်မှာ ရှာပြီး ခတ်တည်တည်နဲ့ ပြန်ပြောရတယ် တစ်ခါ တစ်လေ ကျွန်တော်သိပ်မအားလို့ မရှာနိုင်လို့ သိသလိုလိုပြန်ပြောလိုက်လို့ အဓိပ္ပါယ်လွဲနေရင် ဟိုဘက်က တော်တော်လေး စိတ်ညစ်သွားပုံရတယ် လွဲနေလို့လေ ဟီးဟီး။ ခုနောက်ပိုင်းခင်သွားတဲ့ အခါ သူ့ကို ဇော်ဂျီ ဖောင့်သွင်းခိုင်း ကျွန်တော်က ဗမာလိုရေး သူက ယင်းဂလိလိုပြန်ရေး ဟန်တွေကိုကျလို့ .. တစ်ခါတစ်ခါတော့ ကျွန်တော့်ကို အားနာတယ်ထင်ပါတယ် သူကလဲ ဘားဂလိလိုရေးပေါ့ .. အဲဒါကမှ ဒွတ်ခ ကျွန်တော်က ဘာဂလိလို ရေးထားရင် တော်တော် အားစိုက်ပြီး နားလည်အောင်ဖတ်ရတယ်။ အံမယ် သူကလဲ လူပေးမသိတဲ့ ဘလော့ဂ်ရေးသူတစ်ယောက်ဘဲဗျ .. ကျွန်တော်ပြောလွန်းလို့ထင်တာဘဲ သူ့ရဲ့ Private လုပ်ထားတဲ့ ဘလော့လေး ကိုခုတော့ ဖွင့်လိုက်ပြီ။

အဲ ဆရာမ ခေါ်ရတာက သူက International School တစ်ခုမှာ IT Dept မှာ တာဝန်ယူနေရတော့ ကလေးကျောင်းက ဆရာမဆိုပြီး ခေါ်တာပါ။ (သိတယ်သိတယ် ခင်ဗျားတို့ ပြောတော့မယ်ဆိုတာ ကိုကြီးဒီဘီ ဇာတ်လမ်းဆင်နေပြီဆိုပြီး၊ ဒီမှာ သူကလဲ ကြိုကာထားပါတယ်ဗျ ရည်းစားရှိတယ်တဲ့ :P ၊ ကျုပ်ကလဲ မဒမ်ဒီဘီရှိပါတယ်ဗျနော့ :P ) ဘုရားစူး ခုရေးနေတဲ့ အွန်လိုင်း သူငယ်ချင်းများဟာ အပြင်မှာ တစ်ခါသားမှာ မတွေ့ဘူးသေးပါဘူးဗျာ။ အဲလိုနဲ့ သူ့ဆီက ကျွန်တော်ကလဲ ယင်းဂလိစာလေး မသိမသာ သင်ယူလိုက် နိုင်ငံရေးလေး ဆွေးနွေးလိုက် လူမှုရေးလေး ဆွေးနွေးလိုက်နဲ့ တစ်နေ့သားပေါ့ဗျာ ကျွန်တော်နဲ့ ဖုန်းပြောနေကြရင်း သူ့ကျောင်းက ကလေးတွေ သူရုံးခန်းကို လာချောင်းကြည့်လို့တဲ့ လှမ်းဆူလိုက်တာ ကလေးတွေတော့ သိဘူး ဖုန်းထဲ ကြားလိုက်ရတဲ့ ကျွန်တော်တော့ မျက်လုံးပြူးပြီး ပါးစပ်က "ဟိုက် .. ရှားဘားစ်" လို့တောင် ယောင်ထွက်သွားရပါတယ် … ဆူလိုက်ပုံကတော့ … "What the h*** are you looking at huh?" ပါတဲ့ …. ကောင်းကျသေးရဲ့လား ဗျာတို့။

**********************************************

တခြားဖတ်ရန်


308 views

14 Responses to ငုတ်တုတ်ထင်ရှား (အွန်လိုင်း)သူငယ်ချင်းများ (၂)

  1. mrdba says:

    စမ်းကြည့်တာ :P ရသွားပြီ

  2. saturngod says:

    မတရားဘူးဗျာ။ MZ member တွေကတော့ စုပြုံပြီး နည်းနည်းလေးတွေ ထည့်ထားတယ်။ မိန်းကလေးကျတော့ သေသေချာချာ ကျကျနန… နောက်ပြီး အပြောကြမ်းတဲ့ စာလုံးလေးပါ မှတ်မှတ်မိမိဆိုတော့….. နည်းနည်းများ မျက်နှာလိုက်သလားလို့..

  3. MelodyMaung says:

    ဟုတ်ပဗျို ပြောပြောချင်ဘူးနော် ဟွန်းဟွန်း :P

  4. nyameeeain says:

    ဒါကတော့ဒီလိုရှိပါတယ်။ ဟိုဟာကတော့ ဟိုလိုရှိတာပေါ့ဗျာ။ ဟုတ်တယ်မလား ကိုကြီးဒီဘီ ကျွန်တော်ဝင်ရှင်းပေးတာရှင်းသွားပြီမလား…ဟဲဟဲဟဲ

  5. mrdba says:

    ဟီးဟီး …ဒီလိုပြောကြမယ်ဆိုတာ သိသားဘဲ …

  6. Ko Nay says:

    ဟုတ်…ဘယ်လိုပြောရမလဲဆိုတော့…. :D

  7. အခွံ says:

    ဟွန်း..

    လူကြီး..

    မရိုးတရိုးနဲ့ သူခိုးလုပ်မယ် ကြံနဲ့နော်…

  8. mrdba says:

    ဟဲ့ကောင်လေး လူကြီးကိုပြောစရာလား :P
    သွား .. စာသွားကျက်ချေ …

  9. admin says:

    ဟုတ်ပါ့ဗျာ. ကျွန်တော်တိုင်လိုက်ရမလားဗျ တောင်ကုတ်သူကို။ ဟိုက ငါးပိမွှေထားတဲ့ ယောက်မနဲ့တီးလိုက်မှဖြင့် ဟီးဟီး။

  10. TweetyCoaster says:

    လုပ်လေ.. အပိုင်း(၃)… ဆက်ရေးလေ။ မြန်မြန်ရေး… ဇာတ်လမ်းက climax ရောက်နေပြီ…။ ဘယ်လိုပဲပြောပြော ဒီနေရာမှာ comment အများဆုံးပဲ။

  11. MrDBA says:

    အင်း ကိုတွီတီရေ .. မင်းသမီးက ခုကြောက်သွားပြီး သူချစ်ချစ်နဲ့ အာဝါဟ ၀ိဝါဟ ပြုတော့မယ်တဲ့ဗျ .. ၀ိုင်းအားပေးလိုက်ကြလို့နေမှာ … တိန်!

  12. Guest says:

    ဟေ့ ကိုကိုမျိုး တို့ ကိုလည်းblog guide လေးလုပ်ပါအုံး

  13. kom says:

    ဘယ်သများပါလိမ့်။

  14. kom says:

    အဖြေလည်းမပေးသေးဘူး

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Random Pages created by Best Accounting Services
  • RSS
  • Twitter
  • Facebook